ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
Share now

ရှားစောင်းလက်ပပ် ဟာ အသားအရေအတွက်ကောင်းတယ်ဆိုပြီး လူသိများတဲ့ အဖိုးတန် သဘာဝအပင်လေးတစ်မျိုး ဖြစ်ပါတယ်။ အသားအရေကို အေးမြကောင်းမွန်စေပြီး ရေဓာတ်ဖြည့်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ရှားစောင်းလက်ပပ်ကို အလှကုန်ပစ္စည်းတွေမှာ အများအပြားထည့်သွင်း ထုတ်လုပ်ကြတဲ့အပြင် တချို့ကလည်း အိမ်မှာ ကိုယ်တိုင်စိုက်ပျိုးထားပြီး အသုံးပြုကြပါတယ်။

ဒါ့အပြင် ရောင်ရမ်းခြင်းတွေ၊ အနာတွေကို သက်သာစေနိုင်ပြီး အခြားကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိတာကြောင့် aloe vera ကို ဆေးဝါးတွေမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက အသုံးပြုလာကြတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ ရှားစောင်းလက်ပပ်ကို ဆံသားအတွက်အသုံးပြုမယ်ဆိုရင် ရရှိနိုင်မယ့် အကျိုးကျေးဇူးလေးတွေကို မျှဝေပေးသွားမှာပါ။

ရှားစောင်းလက်ပပ် ကို ဆံသားအတွက် အသုံးပြုမယ်ဆိုရင်

၁။ ဦးရေပြား ယားယံတာတွေကို သက်သာစေနိုင်ပါတယ်။

Aloe vera ရဲ့ anti-inflamatory လို့ခေါ်တဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့ အစွမ်းသတ္တိကြောင့် ဗောက်ထပြီး ဦးရေပြားယားတတ်တဲ့သူတွေ အတွက် ယားယံတာတွေကို သက်သာဖို့ ကူညီပေးနိုင်ပါတယ်။

၂။ အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

Aloe vera ဟာ ဆံသားကို သန့်စင်ပေးပြီး ဆံပင်မှာရှိနေတဲ့ အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အခြား chemical ထုတ်ကုန်တွေနဲ့ မတူတာကတော့ aloe vera က ဆံသားကို မထိခိုက်စေဘဲ ညင်ညင်သာသာနဲ့ သန့်စင်ပေးနိုင်တဲ့အတွက် ဆံပင်ကို ပိုမိုကျန်းမာ၊ တောက်ပြောင်၊ နူးညံ့လာစေပါတယ်။

၃။ ဆံသားကို ပိုပြီး ကျန်းမာစေပါတယ်။

Aloe vera မှာ ဗီတာမင် A, C နဲ့ E ပါဝင်တာကြောင့် ဆံသားတစ်မျှင်ချင်းစီကို ကြံ့ခိုင်ကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် aloe vera ဟာ ဆံသားပျက်စီးတာကို လျော့နည်းစေပြီး ဆံပင်ရှည်မြန်အောင် ပံ့ပိုးပေးနိုင်တဲ့ သဘာဝပစ္စည်းလေးဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေ အတိအကျ မရှိသေးပေမယ့် aloe vera မှာ ပါဝင်တဲ့ ဗီတာမင် B12 နဲ့ folic acid က ဆံပင်ကျွတ်တာကိုလည်း ကာကွယ်ပေးနိုင်တာကို တွေ့ရပါတယ်။

၄။ ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။

Aloe vera ဟာ အသားအရေအတွက် ရေဓာတ်ဖြည့်ပေးနိုင်ရုံတင် မကပါဘူး။ ဦးရေပြားနဲ့ ဆံသားအတွက်လည်း လိုအပ်တဲ့ ရေဓာတ်ကို ပြည့်ဝနေစေဖို့ ကူညီပေးနိုင်ပါတယ်။

ဘယ်လို ဆံသားပိုင်ရှင်တွေအတွက် သင့်တော်လဲ။

ဘယ်လိုဆံသားပိုင်ရှင်မျိုးမဆို အသုံးပြုနိုင်ပေမယ့် hair care professional တွေကတော့ aloe vera ဟာ ဆံသား အဆီပြန်တတ်တဲ့သူတွေ၊ ဆံသားခြောက်ပြီး ပျက်စီးနေတဲ့သူတွေ၊ ဗောက်ထပြီး ဦးရေပြားယားတတ်တဲ့သူတွေအတွက် ပိုသင့်တော်တယ်လို့ အကြံပြုထားပါတယ်။

Aloe vera ကို ဆံပင်အတွက် ဘယ်လိုအသုံးပြုကြမလဲ။

ရှားစောင်းလက်ပပ်အပင်ကရတဲ့ တကယ့်အဆီအနှစ် gel ကို အသုံးပြုတာက အကောင်းဆုံးပါပဲ။ အပင်စိုက်ထားတယ်ဆိုရင် အပင်က လတ်လတ်ဆတ်ဆတ် ယူသုံးနိုင်သလို၊ ကြည်လင်တဲ့ သဘာဝအနှစ်စစ်စစ်ကို ဝယ်ပြီးလည်း အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပပ်အနှစ်ကို ဦးရေပြားနဲ့ ဆံသားတွေကို ပွတ်ထားပြီး နာရီဝက်၊ တစ်နာရီလောက်ကြာတဲ့အခါ ခေါင်းလျှော်ရည်အပျော့လေးနဲ့ ဆေးကြောသန့်စင်ပေးပြီး အသုံးပြုနိုင်ပါတယ်။

Aloe vera ဟာ လူတိုင်းနီးပါးအတွက် ကောင်းမွန်တဲ့ သဘာဝပစ္စည်းလေးဖြစ်ပေမယ့် အချို့သူတွေမှာတော့ ဓာတ်မတည့်တာမျိုးရှိနိုင်တဲ့အတွက် အသုံးမပြုခင်မှာ လက်ကောက်ဝတ်နားက အရေပြားလေးမှာ အရင်စမ်းလိမ်းကြည့်သင့်ပါတယ်။ လိမ်းထားပြီး ၂နာရီလောက် စောင့်ကြည့်ပြီး တည့်မှ ဦးရေပြားအတွက် အသုံးပြုသင့်ပါတယ်။ စမ်းလိမ်းထားတဲ့အချိန်အတွင်းမှာ ယားလာတာ၊ နီရဲလာတာ၊ ပူစပ်လာတာမျိုးရှိမယ်ဆိုရင်တော့ ချက်ချင်းရေဆေးချပြီး ဆက်အသုံးမပြုဖို့ အကြံပေးချင်ပါတယ်။

ကျန်းမာတောက်ပတဲ့ ဆံသားလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်။

References

ရေးသားသူ – Khine Phoo Ngon

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆယ်ကျော်သက်တို့ အသားအရေ ကျန်းမာစေဖို့ အစားအစာ

အသားအရေ ကျန်းမာမှုက သုံးနေတဲ့ skincare တွေနဲ့တင် သက်ဆိုင်နေတာ မဟုတ်ပါဘူး။ နေ့စဉ် အပြုအမူတွေနဲ့ စားသုံးနေတဲ့ အစားအသောက်တွေအပေါ်မှာလည်း မူတည်နေပါသေးတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆယ်ကျော်သက်တို့အတွက် ဆံသားထိန်းသိမ်းနည်း

ကျန်းမာလှပတဲ့ ဆံသား ပိုင်ဆိုင်ထားခြင်းက  အလှတိုးစေတဲ့ အချက်တစ်ခုပေါ့။ ဒီတော့ ဆံသားလှပစေဖို့အတွက် ဆယ်ကျော်သက် တစ်ယောက်အနေနဲ့ ဘယ်လို ဂရုစိုက်ရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

 နူးညံ့တဲ့ လက်တစ်စုံကို ပိုင်ဆိုင်ချင်တယ်ဆိုရင်

နူးညံ့ချောမွေ့တဲ့လက် လက်ခဏခဏဆေး လက်ခြောက်သွေ့ကြမ်းတမ်း ခြောက်သွေ့ကွဲအက် ခရမ်းလွန်ရောင်ခြည် moisturizer ရေဓာတ်ဖြည့် ရေများများသောက် လက်အိတ်ဝတ် လက်အရေပြား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဆံသား ကျန်းမာစေဖို့ဆိုတာထက် ပိုအသုံးဝင်တဲ့ အုန်းဆီစစ်စစ်

အုန်းဆီကို စားစရာလို့ မြင်ခဲပေမယ့် စားကြည့်ရင် ကျန်းမာရေးအတွက် အကျိုးများသတဲ့။ အုန်းဆီလို့ ပြောလိုက်ရင် အလှအပအတွက် သုံးစရာတစ်ခုလို့ပဲ မြင်တတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

မနက်ခင်းမှာ လှပနေစေဖို့ ညမအိပ်ချင် ဒီလိုထိန်းသိမ်းမှုလေးတွေ လုပ်ပါ။

မနက်ခင်းမှာ လှပနေစေဖို့ ညမအိပ်ခင် ဒီလိုထိန်းသိမ်းမှုလေးတွေ လုပ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 23, 2020 . 2 mins read
အဆီပြန်ပြီးဝက်ခြံပေါက်လွယ်သော T-zone ကို ဘယ်လိုဂရုစိုက်ကြမလဲ။

အဆီပြန်ပြီးဝက်ခြံပေါက်လွယ်သော T-zone ကို ဘယ်လိုဂရုစိုက်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 5, 2020 . 2 mins read
ဆံပင် နဲ့ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ

ဆံပင် နဲ့ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 21, 2020 . 2 mins read
ရေချိုးပြီးတိုင်း မျက်လုံးနီ နေရတဲ့ အကြောင်းအရင်း

ရေချိုးပြီးတိုင်း မျက်လုံးနီ နေရတဲ့ အကြောင်းအရင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read