backup og meta

ဘယ်လို ဆံပင်အရောင်မျိုး ပြောင်းလဲကြမှာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 27/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘယ်လို ဆံပင်အရောင်မျိုး ပြောင်းလဲကြမှာလဲ

    ဆံပင်ဆေးဆိုးတယ်ဆိုတာ အမျိုးသမီးတွေ သိပ်သဘောကျတတ်ကြတဲ့ အလှအပရေးရာ နည်းလမ်းတစ်မျိုးပေါ့။ အမျိုးသမီး ၁၀ ဦးမှာ ၉ ဦးက ဆံပင်အရောင်ဟာ သူတို့ရဲ့ စိတ်ခံစားချက်နဲ့ ဆက်စပ်နေတယ်လို့ ဆိုကြတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေတယ်ပေါ့။ ဒါပေမဲ့ ဘယ်လို ဆံပင်အရောင်မျိုး ပြောင်းလဲကြမှာလဲ ဆိုတာကိုရော တွေးပြီးပြီလား။

    ဘာကြောင့်လဲဆိုတော့ ဆိုးလိုက်တဲ့အရောင်တိုင်းက သင့်ကို လှပစေမယ်လို့ ယုံကြည်လို့ရပါ့မလား။ တကယ်တော့ မဖြစ်နိုင်ပါဘူးနော်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ပြောင်းလဲလိုက်တဲ့ ဆံပင်အရောင်က ကိုယ်နဲ့ မလိုက်ဖက်တာမျိုးဖြစ်လာနိုင်ပါတယ်။

    ဒီလိုဆိုရင်တော့ မကောင်းဘူးနော်။ ဘာလို့လဲဆိုတော့ ဆံပင်ဆေးဆိုးတယ်ဆိုတာက ငွေကုန်ကြေးကျကလည်းရှိသလို ကျန်းမာရေးနဲ့ သိပ်ပြီး ညီညွတ်လှတဲ့ ကိစ္စတော့မဟုတ်ဘူးလေ။ ဒီလို စွန့်စွန့်စားစားလုပ်ရတဲ့ကိစ္စမှာ အမှားအယွင်းမရှိဖို့က သိပ်ကိုအရေးကြီးလှပါတယ်။

    ဒီတော့ လှပချင်တဲ့ပျိုမေတို့အတွက် ဆံပင်အရောင်ပြောင်းလဲခြယ်သတော့မယ်ဆိုရင် ကိုယ်နဲ့ လိုက်ဖက်ညီအောင် ဘယ်လို ရွေးချယ်ကြရလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို ပြောပြပါရစေ။

    ဘယ်လို ဆံပင်အရောင်မျိုး ပြောင်းလဲကြမှာလဲ

    ဘယ်လို ဆံပင်အရောင်မျိုး ပြောင်းလဲကြမှာလဲ ဆိုတာက စဉ်းစားမရ ဖြစ်နေပြီလား …. ဒါဆိုရင်တော့

  • အသားအရောင်နဲ့ ကိုက်ညှိရွေးချယ်ပါ
  • ကိုယ့်ရဲ့ အသားအရေ အနု၊ အရင့်နဲ့ မျက်လုံးအရောင်ပေါ်မူတည်ပြီး ဆံပင်အရောင်ကို ရွေးချယ်တာကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။ ဥပမာ ကိုယ့်ရဲ့ အသားအရေက ပန်းရောင်သန်းတယ်ဆိုရင် ခပ်မွဲမွဲအရောင်တွေက ပိုပြီး မြင်ရတင့်တယ်စေနိုင်တာမျိုး၊ ကိုယ်က အသားအရောင်ရင့်တယ်ဆိုရင် အရမ်းတောက်ပတဲ့ ဆံပင်အရောင်မျိုးကို မရွေးချယ်ဖို့ဆိုတာမျိုးပေါ့။

    Temporary dyes တွေက သင့်ကို အိုင်ဒီယာကောင်းတွေ ပေးနိုင်ပါတယ်။ တစ်ခါတစ်လေ ဘာအရောင်ပြောင်းလဲရင်ကောင်းမလဲတွေးရင် ခေါင်းခြောက်ခံနေမယ့်အတူတူ Temporary dyes သုံးပြီး စမ်းသပ်ကြည့်တာကလည်း စိတ်ကူးသစ်တွေ ရစေနိုင်ပါတယ်။

    • ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပါ

    ကိုယ်က ရေရှည်အတွက် ရည်ရွယ်ပြီး ဆေးဆိုးမှာဆိုရင် ကျွမ်းကျင်သူတွေနဲ့လည်း ဆွေးနွေးသင့်ပါတယ်။ သူတို့က ကိုယ့်နဲ့ ဘယ်လိုအရောင်မျိုးက အံဝင်ခွင်ကျဖြစ်နိုင်တယ်ဆိုတာကို ပြောပြပေးနိုင်ပါလိမ့်မယ်။

    • ဆိုးမှဖြစ်မယ်ဆိုရင် အနီရောင်တွေကို စဉ်းစားပါ

    အနီရောင်က ဆံပင်အရောင်တွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးပါ။ အနုအရင့်ပေါ်မူတည်ပြီး လူကို ပြောင်းလဲစေနိုင်ပါတယ်။ ဒီတော့ ဆေးလည်းဆိုးချင်တယ်၊ ဘာဆိုးရမယ်မှန်းလည်းမသိဘူး၊ အမည်းအတိုင်းလည်း မထားချင်ဘူးဆိုရင် အနီထဲက အရောင်တွေကို စဉ်းစားသင့်ပါတယ်။

  • အညိုဖျော့နဲ့ အမည်းစပ်
  • ဆံပင်အရောင်တွေထဲမှာ နှစ်ရောင်စပ်တွေက လူကို ပိုပြီးလှစေတယ်လို့ အဆိုရှိတယ်။ ဆံသားအရင်းကို အမည်းနဲ့ အဖျားဘက်တွေကို အညိုဖျော့နဲ့တွဲဖက်ထားတဲ့ အရောင်စပ်မျိုးက အလှဆုံးလို့ ဆိုကြပါတယ်။

  • Highlights လား Lowlights လား
  • Highlights ဖောက်တာက လူသိများလှပေမယ့် Lowlights ကလည်း ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းတွေက ဆံသားပျက်စီးမှုကို အနည်းဆုံးဖြစ်စေနိုင်တဲ့နည်းလမ်းတွေပါ။

    • ဆံပင်ဖြူတွေကြောင့် ဆေးဆိုးချင်တာဆိုရင်

    ကိုယ့်ဆံပင် အုံထဲမှာ ဆံပင်ဖြူ ဘယ်ပမာဏလောက်ရှိနေလဲ အရင် ဆန်းစစ်ပါ။ နည်းတယ်ဆိုရင် အရောင်ဖျော့ဖျော့လေးတွေကို နည်းနည်းလောက်ပဲဆိုးပြီး ဆံပင်ဖြူတွေကို လူမမြင်အောင် ကာကွယ်လို့ရပါတယ်။ နည်းနည်းများတယ်ဆိုရင်တော့ ပိုရင့်တဲ့အရောင်ဆိုးဖို့ တိုက်တွန်းချင်ပါတယ်။ အရမ်းများရင်တော့ တစ်ခေါင်းလုံးကို ဆံပင်အရောင်ပြောင်းဖို့ စဉ်းစားသင့်ပါတယ်။ ပြီးရင်တော့ ၄-၆ ရက်သတ္တပတ်တိုင်းမှာ ပုံမှန်ဆေးဆိုးပေးနေဖို့လည်း လိုအပ်ပါတယ်။

    • သတ်မှတ်ချက်တွေကို စနစ်တကျလိုက်နာပါ

    ဆံပင်ဆေးဆိုးတိုင်း ဆံပင်ပျက်စီးတာ မဟုတ်ပါဘူး။ အလွန်အကျွံတွေ နည်းလမ်းမမှန်တာတွေ လုပ်မိလို့ ဆံသားပျက်စီးတတ်တာပါ။ ဒါကြောင့် ဆိုင်မှာဖြစ်ဖြစ်၊ အိမ်မှာကိုယ်တိုင်လုပ်တာဖြစ်ဖြစ် စနစ်တကျနဲ့ နည်းမှန်လမ်းမှန် ဖြစ်ဖို့က အဓိက ကျပါတယ်။

    • သုံးနေကျ အမျိုးအစားကိုသာ အဓိက သုံးပါ

    တစ်ချို့က ဆံပင်ဆေးဆိုးရင် တံဆိပ်အမျိုးမျိုးကို ကြုံသလိုသုံးတတ်ကြတယ်။ တကယ်တော့ ကိုယ်နဲ့ကိုက်ညီတဲ့ အမျိုးအစား၊ တံဆိပ်ကို စနစ်တကျရွေးချယ်ပြီးရင် အဲ့ဒီပစ္စည်းကိုပဲ ပုံမှန်သုံးစွဲတာက ဆံသားပျက်စီးမှုကို လျော့နည်းစေနိုင်သလို အရောင်ထွက်လည်း အဆင်ပြေစေပါလိမ့်မယ်။

    • ကိုယ်ဝန်ရှိနေလဲ ဆေးဆိုးလို့ရပါတယ်

    ကိုယ်ဝန်ဆောင်ကာလဖြစ်နေတာကြောင့် ဆံပင်အရောင်မပြောင်းရဘူးလို့ မထင်ပါနဲ့။ ဆန္ဒရှိရင် ပြောင်းလဲလို့ရပါတယ်။ စနစ်တကျ ကျွမ်းကျင်သူနဲ့ ပြုလုပ်ဖို့တော့ အကြံပြုပါရစေ။ ဆရာဝန်နဲ့လည်းတိုင်ပင်ဖို့ အကြံပေးလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 27/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement