အသားအရေထိန်းပစ္စည်းတွေနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့အယူအဆများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 26, 2020 . 2 mins read
Share now

မိန်းကလေးတွေထဲမှာ မလှချင်တဲ့သူဆိုတာ တော်တော်ကိုရှားမယ်ထင်ပါတယ်နော်။ မိန်းကလေးတွေရဲ့ လှချင်တဲ့ စိတ်ကို အခွင့်ကောင်းယူပြီး အသားအရေတင်းရင်းမယ်၊ ဖြူဖွေးမယ်၊ ချက်ချင်းကြီးကိုကြည်လင်လာမယ်၊ အရေးအကြောင်းတွေကိုသက်သာစေမယ် စသဖြင့် မဟုတ်မမှန်တဲ့ အကျိုးရလဒ်တွေကိုပြောပြီး အလှကုန်တွေ အသားအရေလိမ်းဆေးတွေကို ရောင်းချလာကြတာကိုလည်း အများကြီးတွေ့နေရပါတယ်။ ဒါကြောင့် ပျိုမေတို့ အရွေးမမှားစေဖို့ အလှကုန်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ မှားယွင်းနေတဲ့ အယူအဆတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မိတ်ကပ်လိမ်းထားရင် နေရောင်ကာကွယ်ဆေးလိမ်းစရာမလိုပါ။ (မှား)

အများအားဖြင့် ကြော်ငြာတွေဟာ ဒီမိတ်ကပ်ကိုလိမ်းပြီးရင် အောက်ကနေဘယ်လိုခရင်မ်မှ လိမ်းစရာမလိုတော့ဘူးလို့ ကြော်ငြာတတ်ကြပါတယ်။ တချို့မိတ်ကပ်တွေဟာ နေရောင်ကာပါတယ်လို့ပြောထားပေမယ့် တကယ်မှာတော့ နေရောင်ကာကွယ်ဆေးလောက် အကျိုးသက်ရောက်မှုမရှိနိုင်ပါတဲ့အတွက် နေအရမ်းပူပြင်းတဲ့နေရာတွေသွားမယ့်ချိန်မှာ မိတ်ကပ်ထက် နေရောင်ကာဆေးက သာ အသုံးပြုသင့်ပါတယ်။

၂။ မျက်နှာအဆီပြန်ရင် အရေးအကြောင်းတွေ အလွယ်တကူမဖြစ်ဘူး။ (မှား)

ဒါကလည်း အများထင်နေကြတဲ့ မှားယွင်းတဲ့အယူအဆပါ။ အရေးအကြောင်းတွေဖြစ်လာတာဟာ အသားအရေအမျိုးအစားနဲ့လုံးဝမသက်ဆိုင်ပါဘူး။ အိုမင်းခြင်းလက္ခဏာတွေကို နေရောင်ကာဆေးမလိမ်းဘဲ နေရောင်အထိများတာ၊ ဆေးလိပ်သောက်တာနဲ့ ကိုယ်နေတဲ့နေရာမှာ လေထုညစ်ညမ်းတာ စသဖြင့် အကြောင်းတွေကြောင့်သာ ပိုဆိုးစေပါတယ်။

အယူအဆမှားရတဲ့အကြောင်းရင်းကလည်း အဆီပြန်တဲ့အသားအရေဟာ စိုစိုပြေပြေနဲ့ မျက်နှာဟာ ပိုငယ်တယ်လို့ထင်ရတာကြောင့်ဖြစ်နိုင်ပါတယ်။

၃။ မျက်နှာဆိုတာ အရမ်းသန့်အောင်ထားရမယ့်အရာဖြစ်တယ်။ (မှန်၊မှား)

ဒါကတော့ မျက်နှာသစ်ဆေးကြော်ငြာတွေမှာ မြင်နေကြပါ။ ဒီမျက်နှာသစ်ဆေးကို သုံးရင် အသားအရေ ဘယ်လိုသန့်ရှင်းသွားမယ်၊ ကြည်လင်သွားမယ်ဆိုပြီးပေါ့နော်။ ဒါပေမဲ့ တချို့ မျက်နှာသစ်ဆေး၊ မျက်နှာကြေးချွတ်ဆေးတွေဟာ မျက်နှာမှာရှိသင့်ရှိထိုက်တဲ့ အစိုဓာတ်ကိုပါ စုပ်ယူသွားနိုင်တဲ့အတွက် အသားခြောက်တာတွေကိုဖြစ်စေပါတယ်။

ဒါကြောင့် မျက်နှာသစ်ဆေးရွေးချယ်တဲ့အခါ ဖုန်၊အဆီ၊ အညစ်အကြေးတွေကို ညင်ညင်သာသာဖယ်ပေးပြီး မျက်နှာသစ်ပြီးတဲ့အချိန်မှာ မျက်နှာကိုလည်း အစိုဓာတ်ကျန်နေစေတဲ့ အမျိုးအစားကိုရွေးချယ်သင့်ပါတယ်။

၄။ ဈေးပေါတဲ့ အသားအရေထိန်းဆေး (skincare) တွေကမကောင်းဘူး။ (မှား)

အကယ်၍သင်ဟာ အဆင့်မြင့်မြင့် ထုတ်ပိုးထားတဲ့ ပစ္စည်းတွေကို နှစ်သက်တယ်ဆိုရင်တော့ ဈေးကြီးတာတွေကို ကြိုက်တာအကြောင်းမဟုတ်ပေမဲ့ ဈေးကြီးတာတွေက ပိုကောင်းတယ်လို့ တွေးနေတယ်ဆိုရင် ဒီအယူအဆကြီးဟာ မှားယွင်းပါတယ်။ အလှကုန်ပစ္စည်း၊ အသားအရေထိန်းဆေးအကုန်လုံးမှာ ပါဝင်ပစ္စည်းကသာ အရေးကြီးတာဖြစ်ပြီး ဈေးကြီးတိုင်းလည်း ကိုယ့်အသားအရေနဲ့ မတည့်တာတွေလည်းဖြစ်နိုင်တဲ့အတွက် ဈေးကြီး ဈေးပေါတာထက် ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့အမျိုးအစားကို သာရွေးချယ်သင့်ပါတယ်။

၅။ ချွေးပေါက်တွေဟာ သုံးစွဲတဲ့ရေအပူချိန်ကိုလိုက်ပြီးတော့ ဖွင့်လိုက်ပိတ်လိုက်လုပ်တတ်တယ်။ (မှား)

ချွေးပေါက် တွေဟာ ကျယ်ပြီးရင် ပြန်မကျဉ်းသလို ဖွင့်လိုက်ပိတ်လိုက်လဲမလုပ်ပါဘူး။

ရေပူနဲ့ မျက်နှာသစ်တဲ့အခါ အရေပြားဟာ ပွတက်လာတဲ့အတွက် ချွေးပေါက်တွေကို ပိုမြင်ရတာဖြစ်ပါတယ်။ တကယ်ပွင့်သွားတာမျိုးမဟုတ်ပါဘူးနော်။ အလားတူ ရေခဲရေနဲ့ မျက်နှာသစ်တာဟာ ချွေးပေါက်တွေကို မကျဉ်းစေပါဘူး။

မျက်နှာသစ်ဖို့ အသင့်တော်ဆုံး ရေအပူချိန်ကတော့ သာမန်ရေအပူချိန်ထက်ပိုတဲ့ ခပ်နွေးနွေးအနေအထားဖြစ်ပါတယ်။

၆။ ဒီပစ္စည်းကိုသုံးရင် ချက်ချင်း ရလဒ်တွေကို မြင်ရမယ်။ (မှား)

ခရင်မ်တစ်ခုခုကို ညဘက်လိမ်းလိုက်ပြီးရင် မနက်ကျရင် မျက်နှာလေးက ကြည်လင်နေလို့ဆိုပြီး ဒီပစ္စည်းက ကိုယ်နဲ့တည့်တယ် ကောင်းတယ်ဆိုပြီးပြောလို့မရပါဘူး။ အဲ့ဒီလို အာနိသင်တွေဟာ ခဏပဲခံပြီး တကယ့်အသားအရေကလိုက်ကောင်းလာတာမဟုတ်ပါဘူး။ ပျှမ်းမျှအားဖြင့် အရေပြားပေါ်မှာရှိတဲ့ဆဲလ်တွေဟာ ၂၁ ရက်တစ်ခါမှပြောင်းလဲခြင်းတွေဖြစ်ပါတယ်။ ဒါကြောင့် ပစ္စည်းတစ်ခုခုကောင်းမကောင်း သိချင်ရင် တစ်လလောက်အချိန်ယူပြီး စောင့်ကြည့်သင့်ပါတယ်။

မိန်းကလေးတွေအတွက်က အသားအရေလှပဖို့အတွက်ဟာ အရေးအကြီးဆုံးပါ။ ကိုယ့်အသားအရေအကြောင်းကို ကိုယ်ကလွဲပြီး ဘယ်သူမှပိုမသိပါဘူး။ ဒါကြောင့် ကြော်ငြာထဲမှာပါတဲ့အာနိသင်တွေကလည်း လူတိုင်းအတွက်အဆင်မပြေနိုင်တဲ့အတွက် ကိုယ်အသားအရေနဲ့ သင့်တော်တဲ့ အလှကုန်၊ အသားအရေထိန်းပစ္စည်းလေးတွေကိုပဲ ရွေးချယ်အသုံးပြုပါလို့ အကြံပြုလိုက်ရပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နေလောင်ခံအသားအရေအတွက် ရှားစောင်းလက်ပပ်ကို ဘယ်လိုသုံးမလဲ

နေလောင်ဒဏ် အသားအရေ အရေပြား ခရမ်းလွန်ရောင်ခြည် နေလောင်ခံ အရေးအကြောင်း အိုမင်းရင့်ရော် အရေပြားကင်ဆာ အစိုဓာတ် ရေဓာတ် အာဟာရ ဒဏ်ရာ အမာရွတ် ရေချိုးဆပ်ပြာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

နှစ်ရက်တိတိ ရေမချိုးတဲ့အခါ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်လဲ

ရေချိုး ခန္ဓာကိုယ် အရေပြား အသားအရေ အလှအပ ကိုယ်ခံအား ဘက်တီးရီးယား ရောဂါပိုး ချွေး ချွေးနံ့ ဖျားနာ မှိုစွဲ အညစ်အကြေး အနံ့ ဝက်ခြံ ညှင်း မွဲခြောက် ချောမွေ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ဆယ်ကျော်သက်တို့ အသားအရေ ကျန်းမာစေဖို့ အစားအစာ

အသားအရေ ကျန်းမာမှုက သုံးနေတဲ့ skincare တွေနဲ့တင် သက်ဆိုင်နေတာ မဟုတ်ပါဘူး။ နေ့စဉ် အပြုအမူတွေနဲ့ စားသုံးနေတဲ့ အစားအသောက်တွေအပေါ်မှာလည်း မူတည်နေပါသေးတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆယ်ကျော်သက်တို့ လိုက်နာသင့်တဲ့ အသားအရေ ကျန်းမာရေး အလေ့အထ

အသားအရေ ကျန်းမာလှပမှုက အရွယ်တိုင်းအတွက် အရေးပါပါတယ်။ အသားအရေက အလှတိုးစေသလို ရောဂါပိုးတွေ ဝင်ရောက်မလာစေဖို့ တားဆီးပေးထားတဲ့ ခံတပ်ကြီးတစ်ခုမို့ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read
စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 3, 2020 . 2 mins read
သီးသီးအကြောင်း သိကောင်းစရာ

သီးသီးအကြောင်း သိကောင်းစရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 2, 2020 . 1 min read

အိမ်မှာနေရင်း နှုတ်ခမ်းသားကို ပန်းသွေးကြွအောင် ဘယ်လိုထိန်းသိမ်းမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read