မိုးလေးစ ရွာလာမှုနဲ့အတူ အပူတွေလျော့ပြီး ပတ်ဝန်းကျင်က စိမ်းစိုစပြုလာပြီ။ အရာရာက ကဗျာဆန်နေချိန်မှာ မိုးရေအောက်မှာ ထီးလေးဆောင်းရင်းခြေထောက်လှလှလေးတွေကို ကြည့်ပြီး လမ်းလျှောက်ရတာကိုသဘောကျကြလား။ မိုးရာသီကခြေညှပ်ဖိနပ်လေးတွေ စီးရတာများတဲ့အချိန်မှာခြေထောက်လေးက လှနေရင် တစ်ပန်းသာတာပဲနော်။
မိုးရေကခြေထောက်ကို ထိခိုက်စေနိုင်လား
မိုးရေကခြေထောက်ကိုရောခြေသည်းကိုပါထိခိုက်စေနိုင်တာပါ။ မိုးရေထဲမှာ ဘက်တီးရီးယားတွေနဲ့ အရေပြားကိုထိခိုက်စေနိုင်တဲ့ အရာတွေအများကြီးပါဝင်နေပါတယ်။ ဒီတော့ မုတ်သုံရာသီမှာခြေထောက်လေးကို ထိခိုက်မှုမရှိစေဖို့သေချာလေးဂရုစိုက်သင့်ပါတယ်။ မိုးရေကြောင့်ခြေထောက်မှာရေဝဲစားနိုင်တယ်၊ သဲဝဲစားနိုင်တယ်၊ခြေသည်းမှိုပိုးဝင်တာမျိုးဖြစ်စေနိုင်တယ်။
မုတ်သုံရာသီမှာခြေထောက်ကို ဒီလိုဂရုစိုက်ပါ
မိုးရေကြောင့်ခြေထောက်မှာ ထိခိုက်မှုမဖြစ်စေဖို့ဆိုရင်တော့
- အပြင်ကပြန်လာတိုင်းခြေထောက်ကိုရေနဲ့သန့်စင်ဆေးကြောပေးပါ။
- ခြေထောက်ကိုရေခြောက်အောင်သုတ်ပေးပါ။
- ခြေထောက်ကို ပုံမှန်သန့်စင်ဆေးကြောပါ။
- တစ်ပတ်တစ်ခါ ဆဲလ်သေတွေ ဖယ်ရှားပေးပါ။
- ခြေထောက်ကို အစိုဓာတ်ထိန်းခရင်မ်လူးပေးပါ။
- ခြေသည်းလေးတွေကို တိုတိုညှပ်ထားပါ။
- ခြေထောက်ကိုပေါင်ဒါလူးပေးပါ။
- မိုးတွင်းမှာခြေညှပ်ဖိနပ်ပဲစီးပေးပါ။
- ခြေထောက်ကိုရေနွေးစိမ်ပေးပါ။
- ခြေထောက်ကို ဆီလိမ်းပြီးနှိပ်ပေးပါ။
- မိုးရေထဲမှာ ဖိနပ်မပါဘဲ လမ်းမလျှောက်ပါနဲ့။
- ခြေထောက်မှာ အနာရှိနေလားနေ့စဉ်စစ်ဆေးပါ။
- ခြေထောက်မှာ အနာရှိနေရင် ပလာစတာကပ်ပြီးမှာ အပြင်ထွက်ပါ။
- ခြေထောက်ကိုပေါင်းတင်တာမျိုးလုပ်ပေးပါ။
ဒီအချက်တွေကို လိုက်နာပြီး မုတ်သုံရာသီမှာခြေထောက်လေးကိုသေသေချာချာဂရုစိုက်လိုက်ကြစို့လား………………
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။