နီကိုတင်း ကပ်ခွာ – ဖော်ပြခဲ့တဲ့နီကိုတင်း အစားထိုးပစ္စည်းတွေ နဲ့တော်တော်လေး ကွဲပြားခြားနားတဲ့ပုံစံနဲ့ အလုပ်လုပ်ပါတယ်။ နီကိုတင်းကိုအခိုးအငွေ့အဖြစ်နဲ့ရှုရှိုက်ခြင်း၊ ခံတွင်းကနေတဆင့်ခန္ဓါကိုယ်ထဲကို စုပ်ယူခြင်းမျိုးအစား အရေပြားကတစ်ဆင့် နီကိုတင်းဓါတ်ကို စုပ်ယူပြီး ခန္ဓါကိုယ်ထဲကိုရောက်ရှိသွားစေတာဖြစ်ပါတယ်။ နီကိုတင်းကပ်ခွာကို ခန္ဓါကိုယ်မှာအသုံးပြုပါက ၁၆ နာရီကနေ ၂၄ နာရီကြာတဲ့အခါ နီကိုတင်းဓါတ်ကို စုပ်ယူသွားပါလိမ့်မယ်။ သည်နည်းကိုတွင်တွင်ကျယ်ကျယ်အသုံးပြုနေသလို နေရာတိုင်းလိုလိုမှာရရှိနိုင်ပေမယ့် အချို့ နီကိုတင်းကပ်ခွာတွေကို အသုံးပြုမယ်ဆိုရင်တော့ ဆရာဝန်ရဲ့ဆေးညွှန်းကို လိုအပ်မှာဖြစ်ပါတယ်။
နီကိုတင်းနှာခေါင်းတွင်းဖြန်း စပရေး – နီကိုတင်း နှာခေါင်းဖြန်းစပရေးဆိုတာက ခန္ဓါကိုယ်တွင်းထဲကို နှာခေါင်းကနေတဆင့် နီကိုတင်းဓါတ်ရောက်ရှိသွားစေတဲ့ စပရေးတစ်မျိုးဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ အငွေ့ကနေတဆင့် နီကိုတင်းကိုရှုရှိုက်ရတဲ့ ရှူဘူးနဲ့ ဆင်တူပါတယ်။ တစ်ခုတည်းသော ကွာခြားချက်က သည်စပရေးမှာ စီးကရက်တွေမှာပါဝင်လေ့ရှိတဲ့အန္တရာယ်ဖြစ်စေတဲ့ အရာတွေမပါဝင်ပါဘူး။ စပရေးကို ၂ နာရီကြားတစ်ခါ အသုံးပြုပေးဖို့လိုအပ်ပါတယ်။ ၃ လလောက်ကနေ ၆ လလောက်အထိ အသုံးပြုလေ့ရှိကြပါတယ်။
နီကိုတင်းရှူဘူး – ပုံမှန်ရှုဘူးတွေလိုပဲဖြစ်ပါတယ်။ ပန်းနာရင်ကျပ်သမားတွေ သူတို့အိတ်ကပ်ထဲမှာသယ်ဆောင်သွားလေ့ရှိတဲ့ရှူဆေးဘူးမျိုးနဲ့ ဆင်တူပါတယ်။ နီကိုတင်းရှုဘူး ရှုရှိုက်မှုကနေတဆင့် နီကိုတင်းဓါတ်ကို ခန္ဓါကိုယ်ထဲကို ရောက်ရှိစေတာဖြစ်ပါတယ်။ နီကိုတင်းရှူဘူးကို ၃ လကနေ ၆ လအထိအသုံးပြုပေးရမှာဖြစ်ပြီး ပထမရက်သတ္တပတ်အနည်းငယ်မှာ တစ်နေ့ကို နီကိုတင်းပမာဏ ၆ တောင့်လောက်အထိအသုံးပြုလို့ရပါတယ်။
အခုအမျိုးအစားတွေကိုလေ့လာပြီးပြီဆိုတော့ ဘယ်တစ်ခုကအသင့်တော်ဆုံးဖြစ်မလဲ
ပထမဆုံးအနေနဲ့သိထားရမယ့်အချက်တစ်ချက်က နီကိုတင်းအစားထိုးကုထုံးဟာ လူအပေါ်မှာသာမူတည်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ လူတွေအနေနဲ့ သူတို့ကြိုက်နှစ်သက်တဲ့နည်းလမ်းတစ်မျိုးကို aရွးချယ်လို့ရပါတယ်။ ရွေးချယ်ဆုံးဖြတ်နိုင်ဖို့အတွက် သည်နည်းလမ်းတွေနဲ့ပတ်သက်တဲ့ အချက်တွေကိုပိုမိုသိနားလည်ထားတာက အကောင်းဆုံးဖြစ်ပါတယ်။
နီကိုတင်း ပီကေ၊ ငုံဆေးပြားနဲ့ ရှုဘူးတွေမှာ နီကိုတင်းပါဝင်တာကြောင့် နီကိုတင်းစွဲလမ်းမှုကို ထိန်းသိမ်းဖို့အတွက် နေ့စဉ်ခန္ဓါကိုယ်က လိုအပ်တဲ့နီကိုတင်းပမာဏကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ နီကိုတင်းသုံးစွဲမှု ပမာဏတဖြည်းဖြည်းကျဆင်းသွားမှာဖြစ်ပါတယ်။
နှာခေါင်းအတွင်းကိုဖျန်း တဲ့ နီကိုတင်းဖျန်းဆေးက နီကိုတင်းတောင့်တစိတ်ကို ချက်ချင်းအစားထိုး အာနိသင်ပေးနိုင်ပါတယ်။
နီကိုတင်းရှူဘူးက အခြေခံအားဖြင့် အငွေ့ဆိုပေမယ့်လည်း ဆေးရွက်ကြီးမှာပါဝင်တဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေမပါဝင်သလို ဆေးလိပ်ငွေ့လည်းမဟုတ်ပါဘူး။ အငွေ့ဆိုပေမယ့်လည်း စီးကရက်ငွေ့တော့မဟုတ်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။