အရိုးကျိုးခြင်းဆိုတာ အရိုးနဲ့ပတ်သက်ပြီး ဖြစ်ပွားမှု အများဆုံးပြသနာတစ်ခုဖြစ်ပါတယ်။ ဆေးရုံ သုတေသန အချက်အလက်များအရ-
ထွက်မှာ သေချာပြီလား။
အရိုးကျိုးခြင်းဆိုတာ အရိုးနဲ့ပတ်သက်ပြီး ဖြစ်ပွားမှု အများဆုံးပြသနာတစ်ခုဖြစ်ပါတယ်။ ဆေးရုံ သုတေသန အချက်အလက်များအရ-
အရိုးကျိုးခြင်းဟာ မည်သူမဆို အသက်အရွယ်မရွေး ဖြစ်ပွားတတ်ပါတယ်။ ယာဉ်တိုက်မှု၊ အမြင့်ကပြုတ်ကျမှု စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ တချို့အခြေအနေတွေဟာ အရိုးကိုကျိုးပဲ့လွယ်စေတာမို့ အလွယ်တကူကျိုးနိုင်ပါတယ်။ ဥပမာ ပါရာသိုင်းရွိုက်ဂလင်း အလွန်အလုပ်လုပ်တဲ့အခါ ကယ်လ်စီယမ်ဓါတ်ကို ထိန်းချုပ်တဲ့ သူ့ရဲ့ဟော်မုန်း ထွက်လာပါတယ်။ အဲဒီဟော်မုန်းများလာတဲ့အခါ အရိုးထဲက ကယ်လ်စီယမ်ဓါတ်ကို ကျောက်ကပ်နဲ့ အူကနေ စုပ်ယူတတ်ပါတယ်။ အဲဒီအခါ အရိုးထဲက ကယ်လ်စီယမ်ဓါတ်တွေ ကျဆင်းသွားနိုင်ပါတယ်။
အရိုးကျိုးတဲ့အခါ ကနဦးပြုစုကုသခြင်း ဘယ်လိုလုပ်ရမလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ သင့်အတွက်သာမက သူတပါးကိုပါ ကူညီနိုင်အောင် ဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့နေရာမှာ အရောင်ပြောင်းလာပြီး ပြင်းပြင်းထန်ထန်နာရင်၊ ရောင်ရမ်းနေရင် အရိုးကျိုးတာ ဖြစ်နိုင်ပါတယ်။ ဒီထက်ပိုဆိုးတဲ့ အခြေအနေမှာ အရိုးပါ ငေါထွက်လာတတ်ပြီး သွေးလည်းထွက်စေပါတယ်။
အရိုးကျိုးတာကို ဘယ်လိုကုသရမလဲ မသိတဲ့အခါ အရေးပေါ်ဌာနကို ဆက်သွယ်ပါ။ ညွှန်ကြားတဲ့အတိုင်း လုပ်ပါ။ တည်ငြိမ်စွာ လုပ်ကိုင်ပါ။ လူနာအပေါ် ဖိအားမများပါစေနဲ့။ လူနာကို သတိရနေအောင်၊ နာကျင်မှုကနေ လမ်းလွှဲတဲ့အနေနဲ့ စကားပြောပေးခြင်းဟာလည်း အကြံကောင်းတစ်ခု ဖြစ်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။