အပူလောင်ခြင်းဆိုသည်မှာ အပူနှင့်ဓာတုဗေဒပစ္စည်းများကြောင့် ခန္ဓာကိုယ်၏ အရေပြား (သို့) တစ်ရှူးအသားမျှင်တို့တွင် ဒဏ်ရာရခြင်းကို ခေါ်ပါသည်။အပူလောင်ကျွမ်းခြင်းကြောင့်အရေပြားကို ပြင်းထန်စွာ ထိခိုက်နိုင်ပါသည်။
အပူလောင်ခြင်းဆိုသည်မှာ အပူနှင့်ဓာတုဗေဒပစ္စည်းများကြောင့် ခန္ဓာကိုယ်၏ အရေပြား (သို့) တစ်ရှူးအသားမျှင်တို့တွင် ဒဏ်ရာရခြင်းကို ခေါ်ပါသည်။အပူလောင်ကျွမ်းခြင်းကြောင့်အရေပြားကို ပြင်းထန်စွာ ထိခိုက်နိုင်ပါသည်။
အရေပြားသည် ခန္ဓာကိုယ်၏အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီးအပြင်လွှာ (Epidermis) နှင့် အတွင်းလွှာ (Dermis) ဟူသည့် တစ်ရှူး (အသားမျှင်) (၂)လွှာဖြင့် တည်ဆောက်ထားပါသည်။ အပေါ်ယံ အရေပြား သည် အဆီလွှာပေါ်တွင်တည်ရှိပြီး ရေလုံစေပါသည်။ အတွင်းလွှာတွင် သွေးကြောများ၊ အာရုံကြောများ၊ ကြွက်သားများ၊ အဆီပြုဂလင်းများ၊ ချွေးဂလင်းများနှင့် မွေးညှင်းမြစ်များပါရှိပါသည်။
အရေပြား၏ အဓိကလုပ်ငန်းစဉ်များမှာ
(၁) မီးလောင်ခြင်း
မီးတောက်၊ မီးတောက်နှင့် သက်ဆိုင်စေသည့် အကြောင်းရင်းများ၊ (ဖယောင်းတိုင်မီး)၊ ပွတ်တိုက်မှုကြောင့် အပူလောင်ခြင်း၊ ပေါက်ကွဲမှုကြောင့် အပူလောင်ခြင်း။
(၂) ပူသောအရည်အငွေ့
ရေနွေးငွေ့၊ ရေနွေးပူ၊ ပူသောအရည်များ (ဥပမာ- လက်ဖက်ရည်၊ ကော်ဖီ)
(၃) လျှပ်စစ်ဓာတ်
အိမ်သုံးဗို့အားနည်း၊ ဗို့အားမြင့် လျှပ်စစ်၊ မိုးကြိုးပစ်ခြင်း၊ (သံ၊ သွပ်၊ ကြေးနီ၊ ရေ)
(၄) အအေးဓာတ်လောင်
နှင်းကိုက်ခြင်း၊ အေးခဲနေသော သတ္တုပစ္စည်းများနှင့် ထိတွေ့ ကျွမ်းခြင်း၊ ခဲနေသော အခိုးအငွေ့များနှင့် ထိတွေ့ခြင်း (သို့) အောက်ဆီဂျင် (သို့) နိုက်ထရိုဂျင် အရည်များ လောင်ကျွမ်းခြင်း။
(၅) ဓါတုဗေဒပစ္စည်းများ
စက်ရုံသုံးဓာတုဗေဒဆေးအရည်၊ အငွေ့၊ အိမ်သုံးဓာတုဗေဒဆေးရည်၊ လောင်ကျွမ်းခြင်း အိမ်သုတ်ဆေး ကော့စတစ်ဆိုဒါ။ ပြင်းထန်သော အက်စစ်နှင့် အဲလ်ကာလီ
(၆) နေရောင်ခြည်ကြောင့် နေပူလောင်ခြင်း
ခရမ်းလွန်ရောင်ခြည် အပြလွန်၍ လောင်ခြင်း၊ လောင်ကျွမ်းခြင်း ရေဒီယိုရောင်ခြည်ထိတွေ့ခြင်း။
လောင်ကျွမ်းမှုဧရိယာပမာဏ (၉%) ဖြင့် ဆန်းစစ်ခြင်း
အပူလောင်ခြင်းကို ဆန်းစစ်ရာတွင် အထူးဂရုပြုရမည့်အချက်များ
အပူလောင်ခြင်းအကျယ်အဝန်း
(၁) အရေပြားနီယုံမျှလောင်ခြင်း (ပထမအဆင့်)
(၂) အရေပြားနီပြီး မီးလောင်ဖုများ ဖောင်းကြွလာခြင်း (ဒုတိယအဆင့်)
(၃) အရေပြားပေါက်ပြဲပြီး အရိုးထိအောင်လောင်ကျွမ်းခြင်း (တတိယအဆင့်)
အရေပြားနီရုံမျှလောင်ခြင်း
အရေပြားနီရဲအထိမခံနိုင်ဘဲ နာကျင်ပြီး အနည်းငယ် ရောင်လာမည်။
အရေပြားနီပြီး မီးလောင်ဖုများ ဖောင်းကြွလာခြင်း (ဒုတိယအဆင့်) (A Partial Burn)
အရေပြားနီရဲ၊ အရေကြည်ဖုများ ဖောင်းကြွလာမည်။ပြင်းထန်သော ဒုတိယအဆင့် လောင်ကျွမ်းမှုဖြစ်ပေါ်ပါက အရေကြည်ဖုများ ဖောင်းကြွခြင်းမရှိဘဲ ဖယောင်းသုတ်ထားသကဲ့သို့ ဖြစ်နေမည်။
အရေပြားနှင့် ကြွက်သားများပါပျက်စီးပြီး အရိုးပါလောင်ကျွမ်းခြင်း (တတိယအဆင့်)
အရေပြားများနီရဲပြီး ပေါက်ပြဲနေမည်။ဒဏ်ရာပတ်ဝန်းကျင်တွင် ပထမနှင့်ဒုတိယအဆင့် လောင်ကျွမ်းခြင်းတို့ကြောင့် နာကျင်ပြီး ယောင်ရမ်း နေမည်။အရေပြား၊ ကြွက်သားနှင့် အရိုးထိပါလောင်၍ ကျွမ်းနေမည်။လောင်ကျွမ်းသည့်ဒဏ်ရာသည် အာရုံကြောများကို ပျက်စီး၍ နာကျင်မှုမရှိဘဲ သားရေ ကဲ့သို့ ဖြူနေမည် (သို့) မည်းနေမည်။အရေပြားခြောက်သွေ့နေမည်။
ရေဘုံဘိုင်အောက်တွင်ထားပါ။
(၁) လူနာသည် အသက် ၅ နှစ်အောက် (သို့) ၅၅ နှစ်အထက်ဖြစ်နေခြင်း။
(၂) အသက်ရှူခက်ခဲနေခြင်း။
(၃) လျှပ်စစ်ဓါတ်လိုက်ခံရသူများ။
(၄) မျက်နှာ၊ လည်ပင်း၊ ရင်အုံ၊ အသက်ရှူလမ်းကြောင်းနှင့် မျိုးပွားအင်္ဂါလောင်ကျွမ်းခံရသူများ။
(၅) ဓာတုဗေဒပစ္စည်း လောင်ကျွမ်းခံရသူများ။
(၆) ပြင်းထန်သော ဒုတိယအဆင့် လောင်ကျွမ်းခံရသူများ။
(၇) တတိယအဆင့် လောင်ကျွမ်းခံရသူများ။
(၈) ပတ်လည် လောင်ကျွမ်းခံရသူများ။
ရေမရှိပါက
(သန့်စင်သောပိတ်စ၊ ခြောက်သွေ့သန့်စင်သော ပလပ်စတစ်အိတ်၊ သန့်ရှင်းသော ဒေသသုံး ငှက်ပျောရွက်စသည်)
ရေးသားသူ-ဒေါက်တာမှူးခင်
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။