backup og meta

လက်ချောင်းခြေချောင်းထိခိုက်ခြင်း


Nadi မှ ရေးသားသည်။ · 29/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်ချောင်းခြေချောင်းထိခိုက်ခြင်း

    လက်ချောင်းခြေချောင်းထိခိုက်ခြင်းဆိုတာဘာလဲ။

    ပြတ်ရှခြင်း ခြစ်မိခြင်း အညိုအမဲစွဲခြင်းကအဖြစ်အများဆုံးထိခိုက်မှုဖြစ်သည်။ တိုက်မိမှုကအောက်ရှိ တစ်သျူးအပျော့နှင့် အရိုးယောင်ခြင်း အညိုအမဲစွဲခြင်းကိုဖြစ်စေသည်။(လေးသောအရာများ ခြေချောင်းပေါ်သို့ကျခြင်း နံရံကြားလက်ညှပ်ခြင်း)သို့သော် ဖြောင့်နေသောလက်မှ အရိုက်ခံရခြင်း(များသောအားဖြင့်ဘောလုံး) အားက အဆစ်မျက်နှာပြင်ပေါ်သို့သက်ရောက်ပြိး ဒဏ်ရာက ဂျန်လက်ချောင်းကိုဖြစ်စေသည်။

    ဂျန်လက်ချောင်းခြေချောင်းများ က ဖြောင့်နေသောလက်ချောင်း သို့မဟုတ် လက်ခ အရိုက်ခံရသည့်အခါမျိုးတွင်ဖြစ်သည်။ များသောအားဖြင့်ဘောလုံးနှင့်အရိုက်ခံရခြင်း။ ထိုအရာကို ထိခိုက်မှုကြောင့်ဖြစ်သောအဆစ်ယောင်ခြင်ဟုလည်းခေါ်သည်။ ဂျန်လက်ချောင်းဟုတ်မဟုတ် ကို လက်ချောင်းထိပ်အပြည့်ဆန့်နိုင်မဆန့်နိုင်နှင့်စမ်းသကိနိုင်သည်။ တခါတရံ လက်သည်းများလည်းပျက်စီးနေနိုင်သည်။ အရိုးကျိုးခြင်းလည်းအဖြစ်များသည်။ အရိုးပါကျိုးပါက ရောဂါပိုးဝင်ပြီး အရိုးယောင်ခြင်းပါတွဲဖြစ်တတ်သည်။

    လက်ချောင်းခြေချောင်းထိခိုက်မိခြင်းရဲလက္ခဏာတွေကဘာလဲ။

    ရှခြင်း ခြစ်မိခြင်း အညိုအမဲစွဲခြင်း ကအဖြစ်အများဆုံးဖြစ်သည်။ သင်ကလေးလက်ချောင်းခြေချောင်းကောင်းစွာလှုပ်နိုင်ပါက လက်သည်းခွံအထိထိခိုက်မှုမရှိပါက ရေခဲကပ်ခြင်းဖြင့် ယောင်ခြင်းကိုးသက်သာစေနိုင်သည်။

    ဂျန်လက်ချောင်းခြေချောင်း။ ဟုတ်မဟုတ်ကို လက်ချောင်းအဆုံးအဆစ်ပြေည့်အဝဆန့်နိုင်မနိုင်ဖြင့်စမ်းသက်နိုင်သည်အဘယ်ကြောင့်ဆိုသော် အားကအဆစ်မျက်နှာပြင်ပေါ်တွင်ဖြစ်ပြီး ဒဏ်ရာထိုနေရာတွင်ဖြစ်သည်။

    လက်ချောင်းထိပ်ခြေချောင်းထိပ်များ ကြွေမွဒဏ်ရာ အကျိတ်ခံရခြင်း။

    (ကားတံခါးစသည်)များသောအားဖြင့်လက်ချောင်းအဆုံးတွင် ပြတ်ချဒဏ်ရာသို့မဟုတ် သွေးကြည်ဖုပေါက်နိုင်သည်။ တခါတရံ လက်သည်းပျက်စီးပြီး အရိုးကျိုးခြင်းကရှားသည်။ လက်ချောင်းခြေချောင်းများသွေးထွက်နေပါက အနာကိုဖိထားပြီး အပေါ်မြှောက်ထားခြင်းက သွေးကိုရပ်စေသည်။ အနာကိုရေဆပ်ပြာဖြင့်ဆေးပြီး ပိုးဝင်သောလက္ခဏာ ဥပမာ နီခြင်း ယောင်ခြင်းရှိမရှိကိုကြည်ပါ။

    လက်ချောင်းထိပ်ဒဏ်ရာ။လက်သည်းခွံပါနေပါက တသက်လုံး ပုံမမှန်ခြင်းမှကာကွယ်ရန် ချုပ်ဖို့လိုအပ်သည်။ သို့သော် ခြေသည်းတွင်ဖြစ်သည်ကပိုအရေးကြီးသည်။

    လက်သည်းခွံအောက်ရှိ သွေးခဲများ။ ကြိတ်ခံရသောဒဏ်ရာ (တံခါးကြားလက်ချောင်းခြေချောင်းများညှပ်ခြင်း သို့မဟုတ် လေးသောပစ္စည်းပြုတ်ကျလာခြင်း တို့ကြောင့်ပိုဖြစ်နိုင်သည်။ များသောအားဖြင့် သိပ်မနာသင့်ပါ။ အချို့က အရမ်းနာခြင်း ကိုက်ခြင်းဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက လက်သည်းရှိ ဖိအားကိုလျော့ချရန်လိုအပ်သည်။ ထိုမှသာနာခြင်း လက်သည်းခွံဆုံးရှုံးခြင်းမှကာကွယ်နိုင်သည်။

    အချို့က အလွန်နာပြီးကိုက်နေနိုင်သည်အချို့သောအရာက အဆစ်ကိုလွဲသွားစေသည်။ ဖိအားကိုဖယ်မှ လက်သည်းဆုံးရှုံးခြင်း နာခြင်းကိုသက်သာစေနိုင်သည်။

    အရိုးကျိုးခြင်း အဆစ်လွဲခြင်း။ အရိုးကျိုးခြင်း လက်ချောင်းခြေချောင်းပါခြင်းက နက်သည်ဟုယူဆပါက ဆေးဝါးအကူအညီကိုချက်ချင်းယူပါ။

    သင် ဘာလုပ်သင့်သလဲ။

    အိမ်တွင်းလုပ်ဆောင်နိုင်သောအရာများ။

    လက်ချောင်းခြေချောင်းထိခိုက်မှုအကြောင်းသင်သိသင့်သောအရာများ။

    သင်လက်ချောင်းခြေချောင်းကိုထိခိုက်စေနိုင်သောနည်းလမ်းများစွာရှိသည်။

    ပုံစံမျိုစုံရှိသည်။

    သိပ်မပြင်းထန်သောထိခိုက်မှုကိုအိမ်တွင်ကုနိုင်သည်။

    အောက်ပါအချက်များကသင်အားကူညီပေးနိုင်သည်။

  • အနာသက်သာစေသောဆေး။
  • အနာသက်သာစေရန် အစီတာမီနိုဖန် ထုတ်ကုန် ဥပမာ တိုင်လီနောကိုသောက်နိုင်သည်။

    အခြားရွေးချယ်စရာမှာ အိုင်ပရိုဖန် ဥပမာအက်ဗေးဖြစ်သည်။

    လိုအပ်သလိုအသုံးပြုပါ။

    • အညိုအမဲစွဲခြင်း ယောင်ခြင်း။

    ရေခဲရေအတွင်းသို့မိနစ် ၂၀စိမ်ထားပါ။

    လိုအပ်သလိုထပ်လုပ်ပါ။

    • သေးသောပြတ်ရှခြင်း ခြစ်မိခြင်း။

    သွေးထွက်နေပါက အနာပေါ်သို့ဖိထားပါ။ ဂွမ်း သန့်စင်သောအဝတ်တို့ကိုသုံးနိုင်သည်။ ဆယ်မိနစ်ခန့်ဖိထားပါ။

    အနာကို ၅မိနစ်ဆန့်ရေနှင့်ဆပ်ပြာသုံးဆေးပါ။

    အနာတွင်ဖုန်ရှိပါက ဖြေးဖြေးချင်းသုတ်ပါ။

    ထိုသို့ဖြစ်ပါက ပိုးသတ်ဆေးလိမ်းဆေး ဥပမာ ပေါ်လီစပိုလင်ကိုလိမ်းပါ။ ဆေးဝါးညွန်ကြားချက်သက်သက်မလိုပါ။

    ပတ်တီးအစရှိသည်တို့နှင့်ပတ်ထားပါ။ နေ့စဉ်လဲပါ။

    • ဂျန်လက်ချောင်းသို့မဟုတ်ခြေချောင်း။

    သတိပေးချက်။ ပုံမှန်အတိုင်းလက်ချောင်းများအပြည့်အဝလှုပ်ရှားနိုင်သည်သေချာပါစေ။ ကွေးခြင်းဆန့်ခြင်းလုပ်နိုင်မလုပ်နိုင်ကြည့်ပါ။ အပြည့်အဝမလုပ်နိုင်ပါက ဆရာဝန်မှ အရိုးကျိုးခြင်းရှိမရှိကိုစမ်းသင့်သည်။

    လက်ခြေထောက်ကို မိနစ်၂၀ခန့်ရေအေးတွင်စိမ်ပါ။

    သိပ်မပြင်းထန်ပါက တိပ်ဖြင့်နောက်တစ်ချောင်းကိုကပ်ထားပါ။

    • အကြိက်ခံရသောလက်ချောင်းခြေချောင်း။

    ရေ ဆပ်ပြာဖြင့် ငါးမိနစ်ခန့်ဆေးပါ။

    စုတ်ပြနြေသောအသေးအပိုင်းအစများကို ကပ်ကြေးဖြင့်ညှပ်ပါ။ အရက်ပြန်ဖြင့်အရင်ဆေးပါ။

    ပြတ်ရှဒဏ်ရာများရှိပါက ပိုးသတ်လိမ်းဆေး ဥပမာ ပေါ်လီစပိုလီကိုလိမ်းပါ။ ညွန်ကြားချက်မလိုပါ။

    ပတ်တီးဖြင့်စီးပါ။

  • လက်သည်းပျက်စီးခြင်း။
  • ကြမ်းတမ်းမှုမရှိပဲ လက်သည်းခွံကြေမွခြင်းဖြစ်ပါက ဒီတိုင်းထားနိုင်သည်။

    ကြီးစွာဖြစ်ပါက ဖြတ်ပစ်ပါ။ သန့်စင်သောကပ်ကြေးကိုသုံးပါ။ ဒဏ်ရာတောင်လျောက်အတိုင်းလုပ်ပါ။

    ရေအေးတွင် မိနစ်၂၀ ၃၀ခန့်ရေအေးတွင်စိမ်ပါ။ အနာသက်သာစေနိုင်သည်။

    ပေါ်လီစပိုလီကိုလိမ်းပါ။ ညွန်ကြားချက်မလိုပါ။

    ပတ်တီးဖြင့်စီးပါ။

    ၇ရက်ကျော်ပါက လက်သည်းတွင် အရေပြားအသစ်ပေါ်သင့်သည်။ ထိုအချိန်တွင်မနာတော့ပါ။ လက်သည်းအသစ်က ၆ပါတ် ၈ ပါတ်တွင်ပေါ်နိုင်သည်။

    အောက်ပါတို့ရှိပါကဆရာဝန်ကိုခေါ်ပါ။

    အနာပြင်းထန်လာပါက

    ၃ရက်အတွင်းအနာမသက်သာပါက။

    ၂ပါတ်ကျော်ကြာသည်အထိ လက်ချောင်းခြေချောင်းများပုံမှန်မဟုတ်ပါက။

    ကလေးကိုပြရန်လိုအပ်သည်ဟုသင်ထင်ပါက

    သင်ကလေးကပိုဆိုးလာပါက။

    ဘယ်အချိန်မှာဆေးဝါးကူညီမှုယူသင့်သလဲ။

    ကလေးဆရာဝန်ကိုချက်ချင်းခေါ်ပါ။

    လက်ချောင်းအဆစ်များ တောက်လျောက်တဖြောင့်တည်း သို့မဟုတ် ကွေးနေခြင်း။

    နြာခ်ငးယောင်းခြင်းများရှိပါက။၁၀မိနစ်ခန့်ဖိထားသော်လည်းသွေးမတိတ်ပါက။

    မြင်သာသောပုံမမှန်ခြင်းရှိပါက။

    သွေးများလက်သည်းအောက်တွင်စုပြုံနေပါက။ လက်သည်း ၃ပုံတစ်ပုံတွင်သွေးရှိခြင်းနှင့် အလွန်နာနေပါက။

    ခြစ်ရာရှရာများက ချုပ်ရန်လိုသည်အထိနက်ပါက။(အရေပြားကွဲသွားပါက ၁.၂ စင်တီမီတာရှည်ပါက)မေးခိုင်ထိုးရန်လိုအပ်နေပါက။

    အမှုန်များဒဏ်ရာတွင်ရှိပြီး မဖယ်နိုင်ပါက။

    ပြင်းထန်သည်ဟုသင်ထင်ပါက။

    ဆရာဝန်ကိုအလုပ်ချိန်အတွင်းခေါ်ပါ။

    အနာညစ်ပတ်ခြင်း မေးခိုင်ကို ၅နှစ်ထိမထိုးဘူးပါက။

    သန့်ရှင်းသောအနာဖြစ်သော်လည်း မေးခိုင်ဆေးကို ၁၀နှစ်ကျော်မထိုးဘူးပါက။

    ၃ရက်အတွင်းအနာမသက်သာပါက။

    ၂ပါတ်ကြာသည်အထိ လက်ချောင်းကိုပြန်မသုံးနိုင်ခြင်း။

    အခြားသင်သိလိုသည်များရှိပါက။

    ကာကွယ်ခြင်း။ ကိုယ်ဘယ်လိုကာကွယ်နိုင်သလဲ။

    လှုပ်ရှားမှုများများ ဥပမာ တူထုခြင်း စာရိုက်ခြင်းကြက်တောင်ရိုက်ခြင်း တို့ကိုလျော့ချပါ။

    လက်ဆစ်ကိုထိန်းပေးသော လက်ပတ်မျာကိုသုံးပါ။

    လုံခြုံစေသောပစ္စည်းများ ဥပမာ လက်အိတ် သုံးခြင်း။

    ကောင်းမွန်သောခြေအိတ်ဝတ်ခြင်းဖြင့် ပြသာနာကိုရှောင်ပါ။ သက်တောင့်သက်သာရှိသော အထောက်အပံ့ဖြစ်စေသည့်ဖိနပ်ကိုဝတ်ပါ။

    ခြေဖလာဖြင့် လမ်း ဥယဉ်တွင်လျောက်ခြင်းက အရာပေါ်ဖိမိခြင်းဖြစ်နိုင်သည်။

    Hello Health Groupသည် ကျန်းမာရေးအကြံပေးမှု၊ စမ်းသပ်မှုနှင့် ကုသမှုတို့ လုပ်ဆောင်မည်မဟုတ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Nadi မှ ရေးသားသည်။ · 29/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement