မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ဓာတ်လိုက်တာ ပြင်းထန်လား ဆိုတာတော့ အောက်က အခြေအနေတွေပေါ် မူတည်ပါတယ်။
ဓာတ်လိုက်တဲ့ လူတိုင်းက အရေးပေါ်စောင့်ရှောက်မှု လိုအပ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဓာတ်လိုက်ပြီးရင် ဆရာဝန်နဲ့ ပြဖို့တော့လိုပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ ထိမထိဆိုတာ အပြင်ကနေ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။
ဓာတ်အားနည်းရင်တော့ သာမန်ကျဥ်တာ၊ ပူတာ၊ နီတာ လောက်ပဲ ခံစားရမှာပါ။ ဒီထက်ပိုဆိုးရင်တော့
တစ်ယောက်ယောက် ဓာတ်လိုက်ပြီဆိုရင် အရင်ဆုံးလုပ်ရမှာက ဓာတ်လိုက်တဲ့ဒဏ်ကို နည်းနိုင်သမျှ နည်းအောင် လုပ်ရမှာပါ။
ကိုယ်ကိုယ်တိုင် ဓာတ်လိုက်ရင်ခဲ့ရင်
ကိုယ်ကိုယ်တိုင် ဓာတ်လိုက်လိုက်ရင်တော့ လုပ်ရကိုင်ရခက်မှာပါ။ ဒါပေမယ့် ဓာတ်လိုက်ပြီလို့ သိတာနဲ့ အောက်ကအတိုင်းလိုက်လုပ်ပါ။
သိပ်မပြင်းထန်ဘူးဆိုရင်
တခြားတစ်ယောက် ဓာတ်လိုက်ခဲ့ရင်
တခြားတစ်ယောက်ကို ကူညီရင်း ကိုယ်ပါ ဓာတ်မလိုက်ဖို့ သတိထားရမှာပါ။ ဒါကြောင့်
ဒဏ်ရာမပြင်းဘူးဆိုရင်တောင် အတွင်းဒဏ် ရှိမရှိသိဖို့ ဆရာဝန်နဲ့ပြရမှာပါ။ ထိခိုက်တဲ့ပေါ်မူတည်ပြီး ကုတဲ့နည်းတွေ အများကြီးရှိပါတယ်။ ဥပမာပြောရရင်
တချို့သော ဓာတ်လိုက်တာတွေက နာတာရှည်ထိခိုက်မှု ရှိနိုင်ပါတယ်။ ဥပမာပြောရရင် ပြင်းပြင်းထန်ထန် မီးလောင်ခဲ့ရင် သေရာပါ အမာရွတ် ကျန်ခဲ့မှာပါ။ လျှပ်စီးဓာတ်က မျက်လုံးကို ဖြတ်သွားရင် အတွင်းတိမ် ဖြစ်ကျန်ခဲ့မှာပါ။
တချို့တွေကျတော့လည်း ထုံတာ၊ ကျဥ်တာ၊ နာတာ စတာတွေ ကျန်ခဲ့မှာပါ။
ကလေးတွေမှာဆို ဝါယာကြိုးတွေ ဝါးပြီး ဓာတ်လိုက်ရာက နှုတ်ခမ်းကို ဒဏ်ရာရတတ်ပါတယ်။ အနာဖေးကွာရင်လည်း သွေးအများကြီးထွက်တတ်ပါတယ်။ စိတ်မပူပါနဲ့။ ဒါက ပုံမှန်ပါပဲ။ နှုတ်ခမ်းပတ်လည်က အစကတည်းက သွေးကြောတွေ များလို့ပါ။
ဓာတ်လိုက်တာက အခန့်မသင့်ရင် သေတတ်ပါတယ်။ ဒါကြောင့် အချိန်မီ ကုသနိုင်ဖို့ အရေးကြီးပါတယ်။ သိပ်ပြင်းထန်တယ် ထင်ရင် အရေးပေါ်ကို ချက်ချင်း ဆက်သွယ်ပါ။ မပြင်းထန်ဘူးဆိုရင်တောင်မှ တခြားကိုယ်မသိနိုင်တဲ့ ဒဏ်ရာတွေ ရှိနိုင်တာကြောင့် ဆရာဝန်နဲ့ ပြဖို့မမေ့ပါနဲ့။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။