backup og meta

ခန္ဓာကိုယ် ကရေဝိတ်တွေကို ဒီလိုချပါ

တစ်ခါတလေမှာ ကိုယ်အလေးချိန်များနေတာက ဝနေလို့ဆိုတာထက် ခန္ဓာကိုယ် အရေပြားအောက်မှာစုမိနေတဲ့ အရည်တွေကြောင့် ရေဝိတ်တက်နေတာလည်းဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်မှာ တကယ်ကို ဝိတ်တက်နေတာလား။ ရေဝိတ်တက်နေတာလားဆိုတာကို သိနိုင်စေမယ့်နည်းလမ်းလေးတွေနဲ့ ရေဝိတ်တက်တာကို သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးပါရစေ။

ရေဝိတ်တက်တယ်ဆိုတာ ဘာများလဲ……

ခန္ဓာကိုယ်ရဲ့ ၇၀ ရာခိုင်နှုန်းကို ရေတွေနဲ့ ဖွဲ့စည်းထားတာပါ။ ရေက ဆဲလ်တွေအတွင်းမှာ ရှိနေနိုင်သလို ဆဲလ်တွေရဲ့ အပြင်ဘက်မှာလည်း ရှိနေနိုင်ပါတယ်။ ရေဝိတ်တက်တယ်ဆိုတာက ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုစနစ်တစ်ရှုးတွေ နဲ့ ခန္ဓာကိုယ် အရေပြားအောက်တွေမှာ အရည်တွေစုနေတဲ့သဘောပါ။ ရေဝိတ်တက်တာ ကခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအမျိုးမျိုးမှာ အကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။

ဘယ်လိုသိနိုင်မလဲ…..

ရေဝိတ်တက်တာတဲ့အခါ အရည်တွေစုနေတ့နေရာတွေကို တွေ့ရနိုင်သလို

  • အရေပြားက အရောင်ပြောင်းသွားတာ
  • အရေပြားက ဖောနေပြီး လက်နဲ့ဖိလိုက်တဲ့အခါ နစ်ဝင်သွားပြီး အချိန်တော်တော်ကြာတဲ့အထိ အသားပြန်တက်မလာတာ
  • ခြေလက်တွေ ကိုက်ခဲမယ်။ ခြေလက်တွေက တင်းတင်းကြီးဖြစ်နေတာ
  • အဆစ်တွေ တောင့်တင်းနေတာ
  • ကိုယ်အလေးချိန်တက်လာတာမျိုးတွေဖြစ်နိုင်ပါတယ်။

ရေဝိတ်တက်စေနိုင်ခြေကိုများစေနိုင်တဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ……..

ပုံမှန်ကတော့ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ ကိုယ်အလေးချိန်မှာ ရေဝိတ်က ၅၀ ရာခိုင်နှုန်း လောက်ကနေ ၆၀ ရာခိုင်နှုန်းလောက်အထိ ပါဝင်နေပါတယ်။ဒါပေမယ့် အရေပြားမှာ ဖောနေတာမျိုးရှိမယ်ဆိုရင်တော့ ရေဝိတ်တက်နေတာပါ။   ဒီအခြေအနေတွေကလည်း ရေဝိတ်တက်တာကို ဖြစ်နိုင်ခြေများစေနိုင်ပါတယ်။

ဘာတွေကြောင့်များ ရေဝိတ်တက်ရတာလဲ…………….

ရေဝိတ်တက်စေနိုင်တဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေနိုင်ပါတယ်။

အစားအသောက် – ဆားပါဝင်မှုမြင့်တဲ့အစားအစာတွေ၊ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုမြင့်တဲ့ အစားအစာတွေကို အများကြီးစားသုံးတာက ရေဝိတ်တက်စေနိုင်ပါတယ်။ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်ချို့တဲ့မှုကလည်း ရေဝိတ်တက်စေနိုင်ပါတယ်။

ရာသီလာနေတာ – ရာသီသွေးဆင်းခါနီးရက်တွေမှာလည်း ခန္ဓာကိုယ်မှာ ရေဝိတ်များနေနိုင်ပါတယ်။ နောက်တစ်ချက်က ဒီလိုရက်တွေအငန်စားမိနိုင်ခြေများသလို ကာဗိုဟိုက်ဒရိတ်စားမိနိုင်ခြေလည်းများပါတယ်။

ကိုယ်လက်လှုပ်ရှားမှုနည်းတာ – တစ်နေကုန် ထိုင်နေရတာ၊ တစ်နေကုန် မတ်တတ်ရပ်နေရတာတွေက ကိုယ်တွင်းမှာ ရေစီးဆင်းလည်ပတ်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေက တစ်ရှူးတွေထဲမှာ ရေတွေစုမိစေပြီး ရေဝိတ်တက်တာကို ဖြစ်စေနိုင်ပါတယ်။

နှလုံး ဒါမှမဟုတ် ကျောက်ကပ် ပြဿနာတွေခံစားနေရတာ – ဒီရောဂါတွေက ကိုယ်တွင်းမှာ သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေက ကိုယ်တွင်းမျာ ရေတွေစုပြိး ရေဝိတ်တက်တာကိုဖြစ်စေနိုင်ပါတယ်။

သောက်သုံးနေရတဲ့ ဆေးဝါးတွေ တစ်ခါတလေမှာ ရေဝိတ်တက်တာက သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်ပါ။ အရောင်ကျဆေးတွေ၊ ားဆေးသောက်ဆေးတွေကို ပုံမှန်သောက်သုံးနေရတဲ့အခါမှာလည်း ရေဝိတ်တက်နိုင်ပါတယ်။

ဘယ်လို သက်သာအောင်လုပ်မလဲ………

ရေဝိတ်တက်တာကို သက်သာစေဖို့ဆိုရင်

ဆားလျှော့စားပါ

ဒါကတော့ ရေဝိတ်ကို လျှော့ကျစေနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းပါ။ ဆား လျှော့စားဖို့ဆိုရင် ပြုပြင်ထားတဲ့ အစားအစာတွေကို မစားပါနဲ့။ဒါကြောင့် ရေဝိတ်ကျစေဖို့ဆိုရင် ချိစ်၊ ကြက်ဥချောင်း၊ ဝက်ပေါင်ခြောက်၊ ပေါင်မုန့်၊ အခဲခံထားတဲ့ အစားအစာတွေ၊ ငါးပိ၊ ငါးခြောက် စတာတွေကိုလျှော့ချရပါမယ်။ နောက်ပြီး ကိုယ်တွင်းက ဆိုဒီယမ်ပမာဏကို လျှော့ချဖို့အတွက် ငှက်ပျောသီး၊ ထောပတ်သီး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေစားပေးပါ။

ရေများများသောက်ပါ

ရေဝိတ်တက်ပါတယ်ဆိုမှ ရေသောက်ခိုင်းနေတယ်လို့ ထင်စရာရှိပါတယ်။ တကယ်ကတော့ ရေသောက်လို့ ရေဝိတ်မတက်ပါဘူး။ ရေသောက်နည်းလို့သာ ရေဝိတ်တက်တာပါ။ ရေသောက်တာက ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုကို ကောင်းစေပြီး ကိုယ်တွင်းက ပိုနေတဲ့ ဆိုဒီယမ်ကို စွန့်ထုတ်ပေးခြင်းဖြင့် ရေဝိတ်မတက်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကာဗိုဟိုက်ဒရိတ် လျှော့စားပါ

ကာဗိုဟိုက်ဒရိတ်ကလည်း ကိုယ်တွင်းမှာ ရေဝိတ်များစေနိုင်တဲ့ အချက်တစ်ခုပါပဲ။ ဒါကြောင့် ရေဝိတ်ချချင်တယ်ဆိုရင်တော့ ကာဗိုဟိုက်ဒရိတ်ကို လျှော့စားပါ။ ပေါင်မုန့်၊ဆန် စတာတွေကိုလျှော့စားပေးပါ။ ပရိုတင်းကြွယ်ဝတဲ့ အသား၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးတို့ကို စားသုံးပေးပါ။

လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက ချွေးထွက်စေနိုင်ပြီး ကိုယ်တွင်းက ပိုနေတဲ့ရေတွေကို ချွေးအဖြစ်နဲ့  ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးတာက ကိုယ်တွင်းမှာ သွေးစီးဆင်းမှုကောင်းစေနိုင်တာကြောင့် ကျန်းမာစေနိုင်မှာပါ။ လေ့ကျင့်ခန်းလုပ်ပြီးရင် ရေပြန်သောက်ဖို့ မမေ့ပါနဲ့။

အိပ်ရေးဝဝအိပ်ပါ

ညဘက်မှာ အိပ်ရေးဝဝအိပ်တာက ကိုယ်တွင်းကဆိုဒီယမ် ပမာဏကိုရော ရေပမာဏကိုပါ ထိန်းညှိပေးနိုင်ပါတယ်။ အိပ်ရေးဝတာက ကိုယ်တွင်း ရေပမာဏကို အကောင်းဆုံး ထိန်းညှိပေးနိုင်တာကြောင့် ရေဝိတ်မတက်အောင် ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် တစ်ညကို အိပ်ချိန် ၇ နာရီ ကနေ ၉ နာရီအတွင်းရှိစေဖို့ ဂရုစိုက်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

13 Easy Ways to Lose Water Weight (Fast and Safely) https://www.healthline.com/nutrition/13-ways-to-lose-water-weight Accessed Date 23 January 2020

How to lose water weight naturally https://www.medicalnewstoday.com/articles/320603.php Accessed Date 23 January 2020

What to know about water retention https://www.medicalnewstoday.com/articles/187978.php Accessed Date 23 January 2020

ယခုပုံစံ

13/07/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝိတ်ကျစေဖို့ မနက်တိုင်း ဒီအလေ့အကျင့်တွေကို လုပ်ပေးပါ ။ ။

အစာ စောစောစားတာ ဝိတ်ချရာမှာအထောက်အကူဖြစ်စေနိုင်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement