ခရမ်းချဉ်သီးမှာ lycopene ပါဝင်နေတာကြောင့် ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေပွားမလာအောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ သတိထားရမှာက ခရမ်းချဉ်သီးက ချက်လိုက်တဲ့အခါမှ lycopene ပိုကြွယ်ဝသွားတာပါ။ ဒါကြောင့် ဟင်းရည်ထဲမှာထည့်ချက်တာ၊ ဟင်းအနှစ်ချက်တာမျိုးလုပ်ပေးတာက အဆင်ပြေစေမှာပါ။
ခရမ်းချဉ်သီးမှာ ကယ်လ်ဆီယမ် နဲ့ ဗီတာမင် K တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဓာတ်နှစ်ခုစလုံးက အရိုးတစ်ရှူးတွေတွေကအကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ အရိုးတွေကို သန်မာစေသလို လိုအပ်တဲ့အာဟာရတွေကိုလည်း ဖြည့်ပေးနိုင်ပါတယ်။
နီကိုတင်းကြောင့် ထိခိုက်မှုကနေ ကာကွယ်ပေးပါတယ်
ဆေးလိပ်သောက်သုံးတဲ့အခါ ခန္ဓာကိုယ်မှာ နီကိုတင်းကြောင့် ထိခိုက်မှုတွေတော်တော်လေးဖြစ်နိုင်ပါတယ်။ ဒီထိခိုက်မှုကို နည်းစေချင်တယ်ဆိုရင်တော့ ခရမ်းချဉ်သီးကို စားပေးပါ။ ခရမ်းချဉ်သီးမှာပါတဲ့ coumaric အက်ဆစ် နဲ့ chlorogenic အက်ဆစ်တို့က စီးကရက်ဆေးလိပ်ငွေ့မှာပါနေဲ့ ကာစီနိုဂျင်ကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေမဖြစ်အောင်ကာကွယ်ပေးပါ။ ဒါကြောင့် ဆေးလိပ်သောက်ရတာကြိုက်တယ် မစွန့်လွှတ်နိုင်ဘူးဆိုရင် ခရမ်းချဉ်သီးကိုစားပေးဖို့ပြောပါရစေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။