Thalassemia ရောဂါ က သွေးခဏခဏ သွင်းရတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ အတွက် သံဓါတ်များတဲ့ အစားအစာတွေကို အဓိက ရှောင်ရှားပေးရပါမယ်။
နောက်ထပ်အရေးကြီးတာကတော့ သံဓါတ်အားဆေးတွေကိုလည်း ရှောင်ကြဉ်ရပါမယ်။
နောက်ပြီး အစာစားပြီးတိုင်း ရေနွေးကြမ်း (လက်ဖက်ခြောက် ခတ်ထားတဲ့) ကို သောက်ပေးတဲ့အကျင့် လုပ်ပေးရပါမယ်။
ထမင်း၊ ဟင်းချက်ပြုတ်တဲ့နေရာမှာလည်း သံထည်ပစ္စည်းတွေ နဲ့ ချက်မယ့်အစား အခုနောက်ပိုင်းပေါ် လာတဲ့ ကြွေအိုး၊ ဖန်အိုးတွေ နဲ့ ပြောင်းချက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါ။
နောက်ပြီး ထမင်းစားစားပြီးချင်း သံပုရာရည်ေသာက်၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ မာလကာသီး၊ ငရုပ်ပွအနီ၊ သံပုရာသီး ဖြင့်သုပ်ထားတဲ့ အသုပ်စတဲ့ ဗီတာမင် စီ (Vitamin C) ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးခြင်းမှ ရှောင်ကြဉ်ရပါမယ်။
အရေးအကြီးဆုံးကတော့ ဘာပဲ ဝယ်စားစား Nutrition Label (အာဟာရတန်ဖိုး အညွှန်းပြဇယား) ကို ဖတ်တတ်တဲ့ အကျင့်ကိုလုပ်ပါ။ ဥပမာ Fe – 10 % ရေးထားတယ်ဆိုရင် သံဓါတ် 1.8 mg ပါဝင်နေပြီဆိုပြီး ပြောချင်တာပါ။ (ပါဝင်တဲ့ percentage ကို ၁၀၀ နဲ့စားပြီး 18mg နဲ့ ပြန်မြှောက်ပေးရင် ပါဝင်တဲ့ Iron (သံဓါတ်) ပမာဏ ကို သိနိုင်ပါတယ်။ သာမန် လူတစ်ဦးတစ်နေ့တာ ကို သံဓါတ် 18 mg လိုအပ်ပါတယ်။ ဒါပေမယ့် Thalassemia လူနာ ကတော့ ဒီထက်ပိုနည်းနည်းပဲလိုပါတယ်။ ဖြစ်နိုင်ရင် သံဓါတ် ပါတဲ့အစားအစာ ကို တက်နိုင်သမျှရှောင်သင့်ပါတယ်။ ဥပမာ Fe – 1%,2% လောက်ဆို စားလို့ အဆင်ပြေပါတယ်။
ရှောင်သင့်တဲ့ အစားအစာ များ
Thalassemia ရောဂါသည် နာတာရှည် ရောဂါ ဖြစ်တဲ့ အတွက် အစားအသောက် အထူးဆင်ခြင် ဖို့လိုအပ်ပါသည်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။