ဆိုဒီယမ်ဟာ လူသားတို့ရဲ့ဆဲလ်အတွင်းပိုင်းနဲ့ ဆဲလ်ပတ်လည်မှာရှိတဲ့ ရေများကို ဟန်ချက်ညီမျှတအောင် ထိန်းသိမ်းပေးရာမှာ မရှိမဖြစ်အရေးကြီးတဲ့ ဓာတ်ဆားတမျိုးဖြစ်ပါတယ်။ ကြွက်သားနဲ့ အာရုံကြောလုပ်ဆောင်ချက်များ ကောင်းစွာလုပ်ဆောင်နိုင်ဖို့ အရေးကြီးတဲ့ နေရာက ပါဝင်ပါတယ်။ သွေးပေါင်ချိန်ကိုလည်း မှန်ကန်အောင် ထိန်းသိမ်းပေးပါတယ်။