backup og meta

Workout လုပ်ပြီးတဲ့အခါ အကောင်းဆုံး သောက်စရာတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Workout လုပ်ပြီးတဲ့အခါ အကောင်းဆုံး သောက်စရာတွေ

    ကျန်းမာစေဖို့၊ ခန္ဓာကိုယ် ကျစ်လျစ် ကြံ့ခိုင်စေဖို့၊ စိတ်ခံစားမှု ကောင်းစေဖို့ဆိုပြီး အမျိုးမျိုးသော အကြောင်းခြင်းရာတွေနဲ့ Workout လုပ်ကြပါတယ်။ တကယ်လည်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။

    Workout လုပ်တာက ပြင်းပြင်းထန်ထန် လုပ်ရင် လုပ်သလောက် ကိုယ်တွင်းမှာ ရေဓာတ်နည်းတာ၊ electrolytes နည်းသွားတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီလို လျှော့နည်းသွားတဲ့အခါ ရေဓာတ်ခမ်းခြောက်တာ၊ ပင်ပန်းတာ၊ ကိုက်ခဲနာကျင်တာတွေကို ခံစားရပါတယ်။ ဒီလို ပြဿနာတွေ ကင်းဝေးစေဖို့အတွက် Workout လုပ်ပြီးတဲ့အခါ  ဘာတွေ သောက်ပေးရင် အဆင်ပြေဆုံး ဖြစ်မလဲဆိုတာကို ပြောပြပေးသွားချင်ပါတယ်။

    Workout လုပ်ပြီးတဲ့အခါ အကောင်းဆုံး သောက်စရာတွေ

    Workout လုပ်ပြီးတဲ့အခါ အကောင်းဆုံး သောက်စရာတွေ

    Workout လုပ်ပြီးတဲ့အခါ ပေါ့ပါးလန်းဆန်းပြီး ကိုက်ခဲနာကျင်မှု ကင်းစေဖို့ ဒါလေးတွေ သောက်ပေးလို့ ရပါတယ်။

    သောက်ရေ

    Workout လုပ်ပြီးချိန်မှာနဲ့ Workoutလုပ်နေစဉ်အတွင်းမှာ ခံစားရတဲ့ ရေဆာတာကို သက်သာစေဖို့ အကောင်းဆုံးသော နည်းလမ်းက ရေသောက်တာပါ။ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တိုင်း၊ တစ်ရှူးတိုင်းနဲ့ အင်္ဂါအစိတ်အပိုင်းတိုင်းက ကောင်းစွာလည်ပတ်နိုင်စေဖို့ ရေကို လိုအပ်ပါတယ်။

    ကိုယ်အပူချိန်ကို ထိန်းညှိနိုင်ဖို့ အဆစ်တွေ လှုပ်ရှားရလွယ်ကူစေဖို့ လေ့ကျင့်ခန်း လုပ်လိုက်တာကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ် ပြည်ပြည့်စေဖို့ဆိုရင် လေ့ကျင့်ခန်း မလုပ်ခင်၊ လုပ်နေချိန်နဲ့ လေ့ကျင့်ခန်း လုပ်ပြီးချိန်တိုင်းမှာ ရေကို ပြည့်ပြည့်ဝဝ သောက်ပေးပါ။ နည်းနည်းစီ သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။

    Electrolyte Drinks (ဓာတ်ဆား)

    Electrolytes ဆိုတာက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေပါ။ ဆိုဒီယမ်၊ chloride၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်တို့ ပါဝင်နေပါတယ်။

    ကိုယ်တွင်းမှာ Electrolytes ပမာဏ မျှတမှု မရှိဘူးဆိုရင် ပင်ပန်းနွမ်းနယ်စေပြီး ကိုယ်တွင်းလုပ်ဆောင်ချက်တွေ ထိခိုက်နိုင်ပါတယ်။ ဒီအနေအထားမှာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ဟန်ချက်ညီစေဖို့အတွက် Electrolytes  ပါတဲ့ သောက်စရာတွေကို သောက်ပေးဖို့ လိုပါမယ်။

    အုန်းရည်

    အုန်းရည်ကလည်း Workoutလုပ်ပြီးချိန်မှာ သောက်ပေးသင့်တဲ့ အကောင်းဆုံး သောက်စရာ တစ်ခုပါ။ အကြောင်းကတော့ အုန်းရည်က သတ္တုဓာတ်တွေ ပြည့်ဝသလို သဘာဝ အချိုဓာတ် ပါဝင်နေတာကြောင့် ချွေးထွက်ပြီး ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားတွေကို ပြန်ဖြည့်ပေးနိုင်မှာပါ။

    ရေနွေးကြမ်း

    ချင်း( ဂျင်း) ရေနွေးကြမ်း၊ လက်ဖက်စိမ်း ရေနွေးကြမ်း၊ ချာမိုမိုင်း ရေနွေးကြမ်း၊ ပူဒီနံ ရေနွေးကြမ်းတွေကိုလည်း Workoutလုပ်ပြီးချိန်မှာ သောက်ပေးလို့ ရပါတယ်။ ဒီလို သောက်ပေးတာက ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ပေးပြီး ပင်ပန်းမှုကို ပြေလျော့စေနိုင်ပါတယ်။

    ချောကလက်နို့

    လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးချိန်မှာ အချိုမပါတဲ့ ချောကလက်နို့ တစ်ခွက် သောက်သုံးတာက အင်အားပြည့်ဝစေပြီး ကြွက်သားတက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကြွက်သားတွေ အဆစ်တွေ နာကျင်တာကိုလည်း သက်သာစေနိုင်ပါတယ်။

    အသီးအရွက် ဖျော်ရည်

    အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ မုန်လာဥနီ နဲ့ အခြား အသီးအရွက်တွေကို ကြိတ်ပြီး ဖျော်ထားတဲ့ အသီးဖျော်ရည် တစ်မျိုးမျိုးကို သောက်ပေးတာက ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစေသလို ကြွက်သားတွေ နာကျင်မှုကို လျော့ပါးစေနိုင်ပါတယ်။ ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကိုလည်း ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။

     ကဲ …… Workoutလုပ်ပြီးတဲ့အခါ ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေ၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြန်လည် ပြည့်ဝစေဖို့နဲ့ ကြွက်သားတွေ အဆစ်တွေ နာကျင်မှု ကင်းစေဖို့ အခုပြောခဲ့တာလေးတွေကို သောက်ပေးလို့ ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement