ဒီဘက်ခေတ်ကြီးထဲမှာ အရက်ကို မသောက်ဖူးတဲ့သူဆိုတာ သိပ်ကိုရှားသွားပါပြီ။ လူငယ်တွေ အထူးသဖြင့် ယောက်ျားလေးတွေ အပေါင်းအသင်းတွေ စုံလာတဲ့အချိန်ဆိုရင် အရက်က ဝိုင်းကို ပိုအသက်ဝင်လာစေတဲ့ ဆေးတစ်ခွက်လို့လည်း ဆိုနိုင်ပါတယ်။ မိန်းကလေးတွေဆိုရင်လည်း နောက်ပိုင်းမှာ အရက်ကို အရင်ကထက် ပိုသောက်လာကြတာ တွေ့ရတယ်။ လူကြီးတွေဆိုရင်လည်း ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ၊ လုပ်ငန်းရှင်ပါတနာတွေနဲ့ တွေ့ရတဲ့အခါမျိုးမှာ အများကြီးမဟုတ်တောင် တစ်ခွက်လောက်တော့ မော့ကြတာပါပဲ။