backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အဆီများ တာတွေ စားမိတဲ့အခါ ဘေးမဖြစ်အောင် ဘယ်လိုလုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဆီများ တာတွေ စားမိတဲ့အခါ ဘေးမဖြစ်အောင် ဘယ်လိုလုပ်မလဲ

 အစားအသောက် ကို ဘယ်လောက် ဆင်ခြင်တယ်ပဲ ဆိုဆို တစ်ခါတလေ တော့ ကိုယ်ကြိုက်တာလေးတွေ မြင်ရင် ထဝုန်းမိတတ်ကြပါတယ်။ ကိုယ်ကြိုက်တဲ့ အစားအစာတွေက အဆီများ တာတွေ ဖြစ်နေရင် ဘယ်လိုလုပ်ကြမလဲ။

ကိုယ်က diet လုပ်နေတဲ့သူ ဒါမှမဟုတ် ကျန်းမာရေး အတွက် အစား ဆင်ခြင်နေတတ်သူ တစ်ယောက် ဆိုရင် တစ်ခါတလေ cheat မိတဲ့ အစားအသောက် ကြောင့် ဘေးဖြစ်မှာကို စိုးရိမ်မိမှာပဲ။

ဒီလို အနေအထားမျိုး မှာ အစာခြေစနစ် ကိုရော၊ ခန္ဓာကိုယ် အတွက်ရော ဝန်မပိစေ၊ ဘေးမဖြစ်စေအောင် အကူအညီ ဖြစ်စေမယ့် အကြံဉာဏ်လေး တွေ ပြောပြချင်ပါတယ်။

အဆီများ တာတွေ စားပြီးရင် –

(၁) ရေနွေးနွေး သောက်ပါ။

အဆီများတဲ့ အစားအသောက်တွေ စားပြီးရင် ရေနွေး(ရေနွေး အဖြူ ဖြစ်ဖြစ်၊ လက်ဖက်ရည်ကြမ်း ဖြစ်ဖြစ်) သောက်တာက အစာခြေစနစ်အတွက် အဆီတွေကို ချေဖျက်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။

(၂) Detox water တစ်ခုခု သောက်ပါ။

စားပြီး ချက်ချင်း မဟုတ်ပါဘူး။ နည်းနည်း ခြားမှ ရေအစား Detox water တစ်ခုခု သောက်ပေးရင် အဆီတွေ၊ အဆိပ်အတောက် တွေ ပြေလျော့စေပါတယ်။ အပေါ်ယံ ပြောရရင်လည်း အအီပြေတာပေါ့။

(၃) လမ်းလျှောက်ပါ။

အစား များများ စားထားတယ်၊ အဆီများ တာတွေ ပါတယ် ဆိုရင် စားပြီး ခဏ နားပြီးတာနဲ့ မိနစ် ၃၀ လောက် လမ်းဖြည်းဖြည်း လျှောက်ပေးပါ။ လမ်းလျှောက်ခြင်းက အစာအိမ်ရဲ့ လုပ်ဆောင်နိုင်စွမ်း ကို ပိုကောင်းစေပြီး အစာချေဖျက်မှု ကို အားပေးတဲ့ အပြင် ဝိတ်မတက်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့ကြောင့် အဆီများတာတွေ စားပြီးရင် လမ်းလျှောက်ပေးပါ။

(၄) နောက်ပိုင်း စားမယ့်အရာ တွေကို အစီအစဉ်ဆွဲပါ။

ဒါတွေ ထပ်စားဖို့ မဟုတ်ဘူးနော်။ ဒီတစ်ခါ အဆီများ တာ စားမိသွားပြီဆိုတော့ နောက်ပိုင်း စားမယ့်အရာ တွေကို ကျန်းမာရေးနဲ့ ညီစေဖို့ သေချာ စီမံထားရပါမယ်။

အသီးအရွက်၊ အသီးအနှံတွေ ပါအောင် စားပါ၊ ရေ လုံလောက်အောင် သောက်ပါ၊ ညစာကို လျှော့စားပါ။

(၅) Probiotics ပါအောင် စားပါ။

အစာခြေစနစ် ကျန်းမာရေးကို ထိန်းညှိ ကူညီပေးမယ့် အကျိုးပြုဘက်တီးရီးယားလေးတွေ (Probiotics) ကို ပုံမှန် ရရှိဖို့ လိုအပ်ပါတယ်။ အနီးစပ်ဆုံး ကတော့ ဒိန်ချဉ် ပေါ့။ အဆီထုတ် ဒိန်ချဉ်လေး သောက်ပေးပါ။

ရှောင်သင့်တဲ့ အချက်တွေက –

အေးတဲ့ အစားအသောက်တွေ ထပ်မစားပါနဲ့

အဆီများ တာတွေ စားတယ်၊ ရေခဲမုန့် ထပ်စားမယ်၊ ရေခဲ‌ရေ သောက်မယ် ဆိုရင် အသည်း၊ အစာအိမ်နဲ့ အူတွေ အပေါ် မကောင်းတဲ့ သက်ရောက်မှု ရှိနိုင်ပါတယ်။

အဆီများတဲ့ အစားအသောက်တွေကို ချေဖျက်ရ ခက်ခဲပါတယ်။ အဲဒီမှာ အအေးစာတွေ နဲ့ ထပ်ဆင့်လိုက်ရင် အစာချေရ ပိုခက်ခဲစေနိုင်ပါတယ်။ လေပွတာ၊ အစာမကြေတာ တွေ ဖြစ်လာပါလိမ့်မယ်။

စားပြီး ချက်ချင်း မအိပ်ပါနဲ့

စားပြီးတာနဲ့ ချက်ချင်း သို့မဟုတ် သိပ်မကြာခင် အိပ်ရာမဝင်ပါနဲ့။ ချက်ချင်း အိပ်လိုက်တဲ့အခါ အစာကြေဖို့ မလွယ်တော့ဘဲ လေပွတာ၊ အစာမကြေ၊ မအီမသာ ဖြစ်တာအပြင် ခန္ဓာကိုယ်မှာ အဆီပိုတက်စေနိုင်ပါတယ်။

အကောင်းဆုံးက ဘယ်အစားအသောက်ကို မဆို အပြီးရှောင်ဖို့မလို၊ ဉာဏ်ရှိသလို ချင့်ချိန်စားလို့ ရပါတယ်။ တစ်ပတ်ကို တစ်ကြိမ်လောက် တစ်ခါတလေ cheat လို့ရပေမယ့် အလွန်အကျွံတော့ မစားနဲ့ပေါ့နော်။ ဒီနည်းလေး တွေနဲ့ အဆင်ပြေကြပါစေ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement