ရေနွေးပူပူသောက်ခြင်း၏ အကျိုးကျေးဇူးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 27, 2020 . 2 mins read
Share now

အခုလို မိုးအေးအေးနဲ့ရာသီဥတုမှာ ရေနွေးပူပူလေးတခွက်နဲ့ ဇိမ်ကျနေဖူးပါသလား။ တကယ်တော့ ရေနွေးပူပူလေးတခွက်ဟာ သင့်ကိုနွေးထွေးစေရုံသာမက တခြားအကျိုးကျေးဇူးတွေလည်း ပေးနိုင်ပါသေးတယ်။ အစာကြေခြင်း၊ နှာစေးသက်သာစေခြင်း၊ လန်းဆန်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရစေနိုင်ပါတယ်။
ရေနွေးတခွက်ရဲ့ ပျမ်းမျှအပူချိန်ဟာ ၁၂၀ ဒီဂရီဖာရင်ဟိုက်ကနေ ၁၄၀ ဒီဂရီဖာရင်ဟိုက်အကြားပဲ ရှိသင့်ပါတယ်။ ဒီထက် ပူသွားရင် လျှာက အရသာခံအဖုလေးတွေကို ထိခိုက်သွားနိုင်ပါတယ်။

ယခုဆက်လက်ဖော်ပြမှာကတော့ ရေနွေးသောက်ခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။

နှာစေးနှာပိတ်ခြင်းကို သက်သာစေခြင်း

ရေနွေးပူပူကထွက်တဲ့ အငွေ့ဟာ နှာစေးနှာပိတ်ခြင်းကို သက်သာစေပါတယ်။ ရေနွေးခွက်ကို လက်နှစ်ဖက်နဲ့ ကိုင်ထားပြီး ထွက်လာတဲ့အငွေ့များကို နိုင်သလောက်ရှူပေးခြင်းအားဖြင့် နှာပိတ်ခြင်းနဲ့ ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ ရေနွေးကို သောက်လိုက်တဲ့အခါ လည်ချောင်းတလျှောက်မှာရှိတဲ့ ချွဲသလိပ်တွေကို ပျော်စေပါတယ်။

အစာကြေစေခြင်း

ရေနွေးသောက်ခြင်းဟာ အစာအိမ်အူလမ်းကြောင်းကို လှုပ်ရှားမှု ကောင်းမွန်စေပါတယ်။ အစာအိမ်အူလမ်းကြောင်းတလျှောက်မှာ အရည်ဓာတ်ကို ဖြည့်တင်းပေးတဲ့အပြင် အညစ်အကြေးများကို စွန့်ထုတ်ဖို့လည်း အထောက်အကူပြုပါတယ်။ အစားအစာများကို ကောင်းစွာပျော်ဝင်စေပြီး အစာချေဖို့ လွယ်ကူစေပါတယ်။

ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း

ရေနွေးသောက်လိုက်တဲ့အခါ အူများကို ညှစ်အားဖြစ်ပေါ်စေပါတယ်။ အဲဒီအခါ အူလမ်းကြောင်းထဲ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ထွက်လာစေပါတယ်။ ဒါကြောင့် ရေနွေးနွေးကို ပုံမှန်သောက်သုံးပေးခြင်းဟာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။

ကိုယ်အလေးချိန် လျှော့ချရန် ကူညီပေးခြင်း

ရေနွေးသောက်လိုက်ရင် ကိုယ်ခန္ဓာရဲ့ အပူချိန်ထိန်းသိမ်းတဲ့စနစ်ကို နှိုးကြွလာစေပါတယ်။ သောက်လိုက်တဲ့ရေနွေးကို ကိုယ်ခန္ဓာကနေ တုံ့ပြန်ရာကနေ ကိုယ်တွင်းအပူချိန်ကျဆင်းစေပြီး ဇီဝဖြစ်ပျက်မှုကို လှုံ့ဆော်ပေးပါတယ်။ ဇီဝဖြစ်ပျက်မှု ပိုမိုဖြစ်ပေါ်ခြင်းဟာ ကိုယ်အလေးချိန်လျှော့ချဖို့ အထောက်အကူပြုပါတယ်။

သွေးလည်ပတ်မှုကို ကောင်းစေခြင်း

ရေနွေးနဲ့ ရေချိုးခြင်းဟာ သွေးကြောများကို ကျယ်လာစေပြီး သွေးများကို ပိုမိုလည်ပတ်စေပါတယ်။ ရေနွေးသောက်ပေးခြင်းဟာလည်း ယခုအာနိသင်ကိုမျိုး ရစေနိုင်ပါတယ်။ သွေးလည်ပတ်မှု ကောင်းခြင်းကြောင့် သွေးပေါင်ချိန်မှန်စေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း ကျဆင်းစေပါတယ်။ ညအချိန် ရေနွေးနဲ့ ရေချိုးခြင်း၊ ရေနွေးသောက်ခြင်းဟာ သင့်ကိုသက်တောင့်သက်သာဖြစ်စေပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။

စိတ်ဖိစီးမှုကျစေခြင်း

ရေနွေးသောက်ခြင်းဟာ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါတယ်။ ရေနွေးသောက်ပြီးချိန်မှာ စိတ်ပူပန်မှု လျော့ပါးတတ်ပါတယ်။ စိတ်လည်းငြိမ်စေတယ်လို့ သိရပါတယ်။

အဆိပ်အတောက်တို့ကို လျှော့ချပေးခြင်း

ရေနွေးသောက်လိုက်ရင် ကိုယ်ခန္ဓာပူနွေးလာပါတယ်။ ချွေးလည်းစို့လာစေပါတယ်။ ချွေးထွက်ခြင်းဟာ သက်တောင့်သက်သာဖြစ်စရာမဟုတ်ပေမယ့် ကိုယ်ခန္ဓာကနေ ပတ်ဝန်းကျင်ကို ထိတွေ့ရာကနေ ကပ်ငြိလာနိုင်မယ့် အဆိပ်အတောက်များကို ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခန္ဓာထဲက အညစ်အကြေးတွေကိုလည်း စွန့်ထုတ်ပြီးသား ဖြစ်ပါတယ်။

အစာနင်ခြင်းကို သက်သာစေခြင်း

အစာရေမျို ရောင်ရမ်းသူအချို့ဟာ အစာကိုမျိုချဖို့ ခက်ခဲပါတယ်။ ဒီအခြေအနေကို achalasia လို့ ခေါ်ပါတယ်။ တစ်ခါတစ်လေမှာ အစာမျိုချရင် နာနေတတ်ပါတယ်။ အဆိုပါပြဿနာအတွက် ရေနွေးပူပူသောက်ပေးရင် အစာရေမြို ရောင်ရမ်းခြင်းကို သက်သာစေပြီး အစာများကိုလည်း ရှောရှောရှူရှူ ဝင်စေပါတယ်။ အထူးသဖြင့် ဆီများတဲ့ စားစရာတွေ၊ အသားကြီးငါးကြီးတွေအတွက် အထောက်အကူဖြစ်ပါတယ်။

သတိပြုရန်

ရေနွေးဟာ အရမ်းပူရင်တော့ အဆင်မပြေပါဘူး။ အစာရေမျိုနဲ့ လျှာကို အပူလောင်စေနိုင်ပါတယ်။ ဒါ့အပြင် ရာသီဥတုပူချိန်နဲ့ လေ့ကျင့်ခန်းလုပ်ချိန်တွေမှာ ရေနွေးမသောက်သင့်ပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သည်းခြေအိတ်ခွဲစိတ်ကုသပြီးချိန် ကြုံတွေ့နိုင်သည့်အရာများ

သည်းခြေအိတ်ဆိုတာ ဝမ်းဗိုက်ရဲ့ညာဘက်ခြမ်း အသည်းရဲ့အောက်ခြေမှာ အိတ်ပုံသဏ္ဌာန် တည်ရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ သည်းခြေရည်တွေကိုသိုလှောင်ထုတ်လွှတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ရိုးရိုးအိပ်မပျော်တာလား အိပ်မပျော်တဲ့ရောဂါရနေတာလား

အိပ်မပျော်ဘူးလို့ ပြောနေမိတတ်ကြပေမယ့် အိပ်မပျော်ခြင်းဟာ အမျိုးအစား အမျိုးမျိုးရှိပြီး အကြောင်းတရားလည်း အမျိုးမျိုးရှိနေတယ်ဆိုတာကိုတော့ သိသူနည်းပါးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

မကြာခဏဆီးသွား နေတတ်သူများအတွက်

မကြာခဏဆီးသွား နေတတ်သူများဟာ ကြာလာတဲ့အခါ ကျန်းမာရေးပြဿနာအပြင် လူမှုရေးပြဿနာတွေပါ ကြုံရတတ်ပါတယ်။ ဆောင်ရန် ရှောင်ရန်များကို သေချာ လိုက်နာဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

Stay Home မှာ ဗိုက်အဆီ တက်လာတဲ့ ကိစ္စ ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာ Hello ပရိသတ်တွေအတွက် အကြံပြုချက်လေး တချို့ကို ဖော်ပြပေးထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 19, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

Gym ကစားခြင်းနှင့် လူသိမှားနေသေးသော ဂျင်းတချို့…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 2 mins read

သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင်…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 3 mins read
ပန်းနာရင်ကြပ် အမျိုးအစားများ

ပန်းနာရင်ကြပ် အမျိုးအစားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 26, 2020 . 2 mins read
အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ

အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 26, 2020 . 2 mins read