လူတစ်ချို့ဟာ သက်သက်လွတ်စားတာကို ဘာသာရေးယုံကြည်ချက်အရပဲဖြစ်ဖြစ် ကျန်းမာရေးလိုက်စားလို့ပဲဖြစ်ဖြစ် စားသောက်ကြပါတယ်။ သက်သက်လွတ်စားတာဟာ ပိုကျန်းမာစေတယ်၊ ကိုယ်အလေးချိန် သိသိသာသာကျစေတယ်ဆိုတဲ့ ယုံကြည်ချက်မျိုးလည်း ရှိကြပါတယ်။ အသား၊ ငါးတွေကို စားသုံးတာဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ထင်မြင်ကြသူတွေလည်း ရှိကြပါတယ်။