ခန္ဓာကိုယ်ရဲ့ အင်ဇိုင်း၊ ဟော်မုန်းတွေဖြစ်တည်လာဖို့ အရေးကြီးတဲ့ပရိုတင်းက ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို ကာကွယ်နိုင်ပါတယ်။
ကယ်လိုရီ အရင်းအမြစ်လည်း ဖြစ်တယ်
ခန္ဓာကိုယ်လှုပ်ရှားနိုင်ဖို့ လိုအပ်တဲ့ခွန်အားကို ရဖို့ ကာဗိုဟိုက်ဒရိတ်လိုအပ်ပါတယ်။ ကာဗိုဟိုက်ဒရိတ်နည်းလာတဲ့အခါ ကယ်လိုရီရဖို့နဲ့ ခွန်အားဖြစ်စေဖို့ ပရိုတင်းတွေကို သုံးရပါတယ်။
ဒီလိုတွေ အကျိုးကျေးဇူးပေးနိုင်တဲ့ ပရိုတင်းအာဟာရကို ဘယ်ကနေရနိုင်မလဲ
နို့
နွားနို့ သို့မဟုတ် ပရိုတင်းအချိုးကျပါဝင်နေတဲ့ ဖြည့်စွက်နို့မှုန့်တွေကနေ ရနိုင်ပါတယ်။ အချိန်မှန်မှန် နို့အာဟာရတိုက်ကျွေးရင်းနဲ့ ကလေးကို အသားဓာတ် ပြည့်ဝအောင် ဖြည့်တင်းပေးနိုင်ပါတယ်။
အသား
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။