backup og meta

ကိုယ်အလေးချိန် လျှော့ချလိုသူများ ရှောင်ကြဉ်သင့်သော စားသောက်ဖွယ်ရာများ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်အလေးချိန် လျှော့ချလိုသူများ ရှောင်ကြဉ်သင့်သော စားသောက်ဖွယ်ရာများ

    သင်နေ့စဉ် စားသောက်နေတဲ့ အစားအသောက်တွေဟာ သင့်ရဲ့ ကိုယ်အလေးချိန် အပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ အစားအသောက်ပုံစံကြောင့်ပဲ ကိုယ်အလေးချိန် လျှော့ချနိုင်သလို အစားအသောက်ကြောင်ပဲ့ ကိုယ်အလေးချိန် တိုးလာနိုင်ပါတယ်။ အထူးသဖြင့် အဆင့်ဆင့်ပြုပြင်ထားတဲ့ စားကောင်းအောင်ပြုလုပ်ထားတဲ့ အစားအသောက်တွေဟာ ကိုယ်အလေးချိန် တိုးစေပါတယ်။

    အောက်ပါ အစားအသောက်တွေကတော့ ကိုယ်အလေးချိန် လျှော့ချနေချိန်မှာ သတိပြုပြီး ရှောင်ကြဉ်သင့်တဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။

    ၁။ အာလူးချောင်းကြော်

    အာလူးဟာ အာဟာရဓာတ်ပြည့်ဝတဲ့ စားစရာဖြစ်ပေမယ့် အာလူးချောင်းကြော်ကတော့ ကျန်းမာရေးအတွက် ရေရှည်မှာ မကောင်းပါဘူး။ အာလူးချောင်းကြော်မှာ ကယ်လိုရီများစွာ ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လည်း တက်နိုင်တဲ့အပြင် တခြားသော ကျန်းမာရေးပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်။

    ၂။ အချိုရည်များ

    ဆိုဒါကဲ့သို့သော အချိုရည်မျိုးစုံဟာလည်း ကယ်လိုရီဓာတ်များစွာ ပါဝင်တာမို့ ကျန်းမာရေးအတွက် မသင့်တော်တဲ့ အစားအသောက်စာရင်းမှာ ပါဝင်ပါတယ်။ ဒါ့အပြင် သောက်ပြီးရင် ဆက်သောက်ချင်စိတ်ဖြစ်ပေါ်တဲ့အပြင် အခြားသော အစားအစာတွေကိုပါ စားသောက်ချင်စိတ်ဖြစ်ပေါ်စေတာမို့ ကိုယ်အလေးချိန်တက်လာစေဖို့ ဥိးတည်နေပါတယ်။ ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစားနေသူတွေဟာ အချိုရည်ကို ရှောင်သင့်ပါတယ်။

    ၃။ ပေါင်မုန့်ဖြူ

    ပေါင်မုန့်ဖြူဟာ အလွန်အမင်း အဆင့်ဆင့်ပြုပြင်ထားတဲ့ စားစရာတစ်မျိုးဖြစ်ပြီး သကြားများစွာ ပါဝင်ပါတယ်။ သကြားဓာတ်လွန်ကဲတာကြောင့် ဆီးချိုကိုလည်း မြင့်တက်စေတတ်ပါတယ်။ လူပေါင်းကိုးထောင်ခန့်ကို ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ တစ်ရက်ကို ပေါင်မုန့်ဖြူနှစ်ချပ် (၁၂၀ ဂရမ်) စားသုံးသူများဟာ ကိုယ်အလေးချိန်မြင့်တက်နိုင်ခြေ၊ အဝလွန်နိုင်ခြေ ၄၀% ပိုမိုမြင့်တက်စေတယ်လို့ သိရပါတယ်။

    ၄။ သကြားလုံး၊ ချိုချဉ်များ

    သကြားလုံးချိုချဉ်များမှာတော့ သကြားများအပြင် ဆီရော အဆင့်ဆင့်ပြုပြင်ထားတဲ့ ဂျုံပါ ပါဝင်ပါတယ်။ ချိုချဉ်ချောင်းတွေမှာဆိုရင် ကယ်လ်လိုရီများပြီး အာဟာရဓာတ် သိပ်မပါဝင်ပါဘူး။ သာမန် ချိုချဉ်ချောင်းမှာ ကယ်လိုရီ ၂၀၀ – ၃၀၀ ခန့် ပါဝင်ပါတယ်။

    ၅။ အသီးဖျော်ရည်များ

    စူပါမားကတ်တွေမှာ ရနိုင်တဲ့ အသီးဖျော်ရည်အများစုမှာ တကယ့်အသီးအနှံရဲ့ အနှစ်သာရပါဝင်တာ နည်းပါတယ်။ တကယ်တော့ အသီးအနှံအရည်ဘူးတွေဟာ အဆင့်ဆင့်ပြုပြင်ထားခြင်းဖြစ်ပြီး သကြားများစွာ ပါဝင်ပါတယ်။ အသီးအနှံများမှ လတ်လတ်ဆတ်ဆတ် ဖျော်ထားတဲ့ ဖျော်ရည်များကိုသာ သောက်သုံးပါ။

    ၆။ ကွတ်ကီးနှင့် ကိတ်မုန့်များ

    ကွတ်ကီး၊ ကိတ်မုန့် အများစုမှာ သကြားဓာတ်အပြင် ပုံပြောင်းဆီတွေ ပါဝင်ပါတယ်။ အာဟာရဓာတ် သိပ်မပါဘဲ ကယ်လိုရီပါဝင်နှုန်း မြင့်ပါတယ်။ ဒါ့အပြင် အနည်းငယ်စားရုံနဲ့ မတင်းတိမ်ဘဲ ထပ်ခါထပ်ခါ စားသုံးမိတာကြောင့် ရေရှည်မှာ ကျန်းမာရေးအတွက် မကောင်းစေပါဘူး။

    ၇။ အယ်လ်ကိုဟော၊ ဘီယာ

    အယ်လ်ကိုဟောမှာ ကာဘိုဟိုက်ဒရိတ်နဲ့ ပရိုတိန်းထက် ကယ်လိုရီပါဝင်နှုန်း ပိုများပြီး တစ်ဂရမ်မှာ ၇ ကယ်လိုရီပါဝင်ပါတယ်။ ဒါပေမယ့် အရက်နဲ့ ကိုယ်အလေးချိန်တက်ခြင်းအကြား ဆက်စပ်မုှရှိကြောင်း အချက်အလက်တွေ လိုအပ်နေပါသေးတယ်။ ဘီယာကတော့ ကိုယ်အလေးချိန် တက်စေပါတယ်။ ဝိုင်ဟာလည်း ကိုယ်အလေးချိန် တက်စေပါတယ်။

    ၈။ ရေခဲမုန့်

    ရေခဲမုန့်ဟာ အရသာကောင်းပေမယ့် ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ ကယ်လိုရီများပြီး သကြားလွန်ကဲပါတယ်။ ရေခဲမုန့်ကို မစားဘဲမနေနိုင်ရင်တော့ သကြားနည်းပြီး ဒိန်ချဉ်နဲ့ အသီးပါဝင်တဲ့ ရေခဲမုန့်ကို စားသုံးသင့်ပါတယ်။

    ၉။ ပီဇာ

    ပီဇာဟာ လူကြိုက်များတဲ့ အသင့်စားစရာတစ်မျိုးဖြစ်ပါတယ်။ တကယ်တော့ စီးပွားဖြစ်ရောင်းချနေတဲ့ ပီဇာများဟာ ကျန်းမာရေးအတွက် မကောင်းပါဘူး။ လွန်ကဲစွာသန့်စင်ထားတဲ့ ဂျုံနဲ့ အဆင့်ဆင့်ပြုပြင်ထားတဲ့ အသားတွေ ပါဝင်နေပါတယ်။ ပီဇာကြိုက်တတ်ရင် လတ်ဆတ်တဲ့ အသားများနဲ့ ကျန်းမာရေးအတါက် ကောင်းစေတဲ့ ကုန်ကြမ်းတွေ သုံးပြီးတော့ မိမိဖာသာ ပြုလုပ်စားသုံးသင့်ပါတယ်။ နောက်တစ်နည်းကတော့ ကျန်းမာရေးနဲ့ ညီညွတ်မယ့် ပီဇာမျိုးကို ရှာဖွေစားသုံးပါ။

    ၁၀။ ကယ်လ်လိုရီများသော ကော်ဖီ

    ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ ဇီဝဖြစ်ပျက်မှုကို လှုံ့ဆော်ပေးရာကနေ အဆီများကို လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့မညီညွတ်တဲ့ ကရင်မ်တွေ၊ သကြားတွေ ခပ်များများထည့်ထားတတ်တာကြောင့် ကယ်လိုရီမြင့်တက်လာပြီး ကောင်းကျိုးထက် ဆိုးကျိုးက ပိုများသွားတတ်ပါတယ်။ ကော်ဖီကြိုက်တတ်ရင် ရိုးရိုးကော်ဖီသောက်တာ ကောင်းပါတယ်။ ကိုယ်အလေးချိန်လျှော့နေချိန်မှာ ဘလက်ကော်ဖီပဲ သောက်သင့်ပါတယ်။ သကြားထည့်မယ်ဆိုရင်လည်း အနည်းငယ်မျှသာ ထည့်ပါ။

    ယခုဖော်ပြခဲ့တဲ့ အစားအသောက်တွေကတော့ ကိုယ်အလေးချိန်လျှော့ချလိုသူများအနေနဲ့ ရှောင်ကြဉ်သင့်တဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်တက်စေတဲ့ အစားအသောက်တွေကတော့ စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ ပုံပြောင်းဆီ၊ အဆင့်ဆင့်ပြုပြင်ထားတဲ့ဂျုံ စတာတွေနဲ့ ပြုလုပ်ထားတဲ့ စားသောက်ဖွယ်ရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement