ကဖင်းဓါတ်စွဲသွားစေသော စွမ်းအားဖြည့်အချိုရည်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ကလေးများဟာ သူတို့ကြီးပြင်းလာတာနဲ့အမျှ ဖိအားတွေ ပိုပြီး ရင်ဆိုင်လာရပါတယ်။ အလုပ်ပြီးရမယ့် သတ်မှတ်ရက်တွေ၊ ကျောင်းစာတွေ၊ စာမေးပွဲတွေ စတာတွေဟာ ကလေးတွေကို ထိုးနှက်နေပါတယ်။ ဒါကြောင့် ကဖင်းဓါတ် သုံးစွဲမှုဟာ ပိုပြီး မြင့်တက်လာပါတယ်။ ယနေ့အခါ စွမ်းအားဖြည့် အချိုရည်တွေဟာ ကလေးများကြားမှာ ရေပန်းစားနေပါတယ်။ ဒါပေမယ့် သူတို့ဟာ ကျန်းမာရေးအတွက် တကယ်ကောင်းပါရဲ့လား။

စွမ်းအားဖြည့်အချိုရည်များရဲ့ အာဟာရဓါတ် အချက်အလက်များ

စွမ်းအားဖြည့် အချိုရည်တွေမှာ ကဖင်း၊ တော်ရင်း၊ ဗီတာမင်၊ ဆေးဖက်ဝင်အပင်များက ထုတ်လုပ်တဲ့ ဖြည့်စွက်စာများ၊ သကြားနဲ့ အချိုဓါတ်တွေ ပါဝင်ပါတယ်။ အဓိကပါဝင်တဲ့ ပစ္စည်းကတော့ ကဖင်းပါပဲ။ များသောအားဖြင့် ဒီအချိုရည်တွေမှာ ဂွာရာနာ၊ ကိုလာအစေ့၊ ယာဘာ၊ ကိုကိုး စတာတွေ ထည့်သွင်းထားတတ်ကြပါတယ်။ သုတေသနတွေအရ ဈေးကွက်ထဲက စွမ်းအားဖြည့် အချိုရည်အများစုရဲ့ ကဖင်းဓါတ်ပါဝင်မှုဟာ ၂၃၆.၅၈ မီလီလီတာမှာ ၇၀-၈၀ မီလီဂရမ် ပါဝင်တယ်လို့ သိရပါတယ်။ ဒါကြောင့် တယ်တမ်းမှာ အာဟာရ သိပ်မဖြစ်လှပါဘူး။

စွမ်းအားဖြည့်အချိုရည်များ၏ အကျိုးကျေးဇူးများ

ကဖင်းဓါတ်ပါဝင်မှု များပြားခြင်းဟာ လူတွေရဲ့ အလုပ် လုပ်ကိုင်နိုင်စွမ်းပေါ် အကျိုးပြုတာတွေ ရှိပါတယ်။

  • နိုးကြားခြင်း

ဦးနှောက်မှာရှိတဲ့ အဒီနိုဆင်းလက်ခံရာနေရာတွေကို ကဖင်းဓါတ်က ပိတ်ဆို့လိုက်တဲ့အတွက် ကိုယ်ခန္ဓါဟာ နှေးကွေးလေးလံသွားခြင်၊ အိပ်ပျော်သွားခြင်း မရှိပါဘူး။ နိုးကြားနေစေပါတယ်။

  • နာကျင်မှုသက်သာစေခြင်း

ရောင်ရမ်းခြင်းနဲ့ ဦးနောက်ကနေ နာကျင်မှုကို လက်ခံ သိမြင်ခြင်းကို ကဖင်းဓါတ်ကနေ လျှော့ချနိုင်ပါတယ်။

  • ခံနိုင်ရည်ရှိခြင်း

ဂလိုင်ကိုဂျင်ဟာ မောပန်းမှု မစတင်လာခင် ကြွက်သားတွေမှာ အင်အားပြည့်စေပါတယ်။

  • အာရုံကြောဆိုင်ရာကိစ္စများတွင် ကူညီပေးခြင်း

ကဖင်းဟာ အယ်ဇိုင်းမားရောဂါ၊ ပါကင်စန်ရောဂါ စတာတွေကို ကာကွယ်ဖြင်း၊ ဖြစ်ပေါ်မှုနှေးကွေးစေခြင်း ဖြစ်စေပါတယ်။

စွမ်းအားဖြည့် အချိုရည်တွေဟာ စွမ်းအင်၊ သက်လုံ၊ အားကစားစွမ်းဆောင်မှု၊ အာရုံစူးစိုက်မှု၊ ကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူပြုမှု စတဲ့အရာတွေမှာ တိုးတက်ကောင်းမွန်စေတယ်လို့ ယုံကြည်ကြပါတယ်။ ယနေ့အခါမှာ ဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။

စွမ်းအားဖြည့်အချိုရည်များရဲ့ ဘေးထွက်ဆိုးကျိုးများ

စွမ်းအားဖြည့်အချိုရည်တွေမှာ အာဟာရဓါတ် သိပ်မပါရုံသာမက သုံးစွဲမှုများရင် စွဲလန်းခြင်းကို ဖြစ်စေပါတယ်။ သြစတြေးလျအဆိပ်ဌာနရဲ့ စာရင်းပြုစုမှုအရ စွမ်းအားဖြည့်အချိုရည်တွေဟာ ရင်တုန်ခြင်း၊ ခြေတုန်လက်တုန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူခြင်းဆိုင်ရာ ပြသနာများ စတဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပွား စေတယ်လို့ သိရပါတယ်။

သုတေသနအချို့အရ စွမ်းအားဖြည့်အချိုရည်သောက်သုံးသူများဟာ အန္တရာယ်များတဲ့ အမူအကျင့်များဖြစ်တဲ့ ဆေးဝါးသုံးခြင်း၊ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ ရန်ဖြစ်ခြင်း၊ ကားစီးစဉ် ခါးပတ် မပတ်ခြင်း စတဲ့ အန္တရာယ်ဖြစ်စေတဲ့ အမူအကျင့်တွေကို ပိုမိုပြုလုပ်တတ်ကြတယ်လို့ ဆိုပါတယ်။ အရက်နဲ့ နီကိုတင်းဟာလည်း စွမ်းအားဖြည့် အချိုရည် သောက်သုံးသူများနဲ့ ပိုမိုနီးစပ်ပါတယ်။

ဒါ့အပြင် အချိုရည်တွေမှာ သကြားဓါတ်အများအပြား ပါဝင်တာကြောင့် ကလေးများရဲ့ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေပါတယ်။ ကလေးငယ်တွေကို အဝလွန်ပြီး ဆီးချိုရောဂါဖြစ်စေနိုင်မယ့် အချိုဓါတ်တွေ ပါဝင်ပါတယ်။ သကြားစားသုံးမှုဟာ ကလေးငယ်များရဲ့ သွားတွေကို ပျက်စီးစေပါတယ်။ စွမ်းအားဖြည့်အချိုရည် ထုတ်လုပ်သူများက သောက်သုံးခြင်းကြောင့် ဘေးမဖြစ်နိုင်ကြောင်း ကြော်ငြာကြပေမယ့် အလွန်အကျွံသောက်ရင် ကိုယ်ခန္ဓါကို ထိခိုက်စေပါတယ်။

သင့်တော်တဲ့ မျှတခြင်း

လူတဦးရဲ့ နေ့စဉ် ကဖင်းသောက်သုံးသင့်တဲ့နှုန်းဟာ ၂၅၀ မီလီဂရမ် ရှိတယ်လို့ သိရပါတယ်။ အဲဒီနှုန်းဆိုရင် သွေးပေါင်ချိန် မြင့်တက်ခြင်း မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အညွှန်းတံဆိပ်တွေဟာ စိတ်မချရပါဘူး။ သင့်ကလေးတွေကို စွမ်းအားဖြည့်အချိုရည်တွေ အတော်အသင့်ပဲ သောက်စေပြီး လိုတာထက် ပိုသောက်ရင် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပြောပြထားရပါမယ်။ သောက်သုံးနေကြဆိုရင်လည်း ရုတ်တရက်ရပ်တန့်ရင် ခေါင်းကိုက်တတ်တာမို့ ဖြည်းဖြည်းချင်းပဲ လျှော့ချပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

    အမျိုးသား ရင်သား နို့ထွက် နို့တိုက် အမျိုးသမီး ဆီးကျိတ် သားအိမ် ကိုယ်ဝန်ဆောင် ဟော်မုန်း ပရိုလက်တင် အသည်း အာဟာရ သိုင်းရွိုက်ဟော်မုန်း ကလေး နို့သီးခေါင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat

    စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ စောနေသေးလား…

    စာသင်ကျောင်း ကိုဗစ် ကပ်ဘေးကာလ ရောဂါပိုး မြန်မာနိုင်ငံ ကူးစက် ကာကွယ် ဒုတိယလှိုင်း Mask ကွမ်းတံတွေး ချောင်းဆိုး နှာချေ လက်ဆေး ကလေး လူကြီး ပိုးကူးစက်သူ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat
    ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 25, 2020 . 2 mins read

    လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ်

    အိမ်မြှောင် ကျန်းမာရေး ကလေး လူကြီး နေအိမ် အင်းဆက်ပိုးမွှား သစ်သီးဝလံ ရေချိုးခန်း ကြမ်းပြင် နံရံ မစင် အညစ်အကြေး Salmonella ပိုးသတ်ဆေး ခြင်ဆေး စားစရာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat

    ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

    အရွယ်ရောက်ပြီးသားသူတွေမှာ အကျိုးပြုဘက်တီးရီးယားတွေက လုံလောက်မှုရှိပေမယ့် ဖွံ့ဖြိုးဆဲ ကလေးတွေရဲ့ အစာခြေစနစ်ထဲမှာတော့ လုံလုံလောက် မရှိသေးဘူးပေါ့။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    သင့်အတွက် ရွေးချယ်ထားသည်

    ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read

    ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read
    သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း

    သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 23, 2020 . 2 mins read

    ကိုဗစ်ကာလမှာ ကလေးတွေဂိမ်းပိုဆော့လာတာကို အပြစ်မမြင်သင့်တော့ပါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 29, 2020 . 2 mins read