backup og meta

သွေးတိုးခြင်းနှင့် သင့်ကျောက်ကပ်ရောဂါ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုးခြင်းနှင့် သင့်ကျောက်ကပ်ရောဂါ

    သွေးတိုးခြင်းကြောင့် ကျောက်ကပ်ထဲက သွေးကြောတွေ ပျက်စီးစေပြီး သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကျဆင်းစေပါတယ်။ သွေးစီးဆင်းတဲ့ ဖိအားမြင့်တက်လာရင် သွေးကြောတွေ ကျယ်လာတဲ့အခါ လွယ်ကူစွာ စီးဆင်းနိုင်ပါတယ်။ တဖြည်းဖြည်းနဲ့ သွေးကြောများ ကျယ်ပြန့်လွန်းလာရင် အမာရွတ်များဖြစ်လာပြီး အားနည်းလာပါတယ်။ ကျောက်ကပ်မှာရှိတဲ့ သွေးကြောတွေလည်း အပါအဝင်ဖြစ်ပါတယ်။

    ကျောက်ကပ်သွေးကြောများ ပျက်စီးသွားရင် ကိုယ်ခန္ဓါကနေ အညစ်အကြေားများနဲ့ အရည်ပိုများကို ဖယ်ထုတ်ခြင်း ရပ်တန့်သွားနိုင်ပါတယ်။ သွေးကြောထဲမှာရှိတဲ့ အရည်ပိုတွေကြောင့် သွေးပေါင်ချိန်တဖြည်းဖြည်းမြင့်တက်လာကာ သံသရာလည်စေပါတယ်။

    သွေးတိုးခြင်းနဲ့ ကျောက်ကပ်ရောဂါလက္ခဏာတွေက ဘာတွေလဲ

    လူအများစုမှာ သွေးတိုးခြင်းဟာ လက္ခဏာ သိပ်မပြတတ်ပါဘူး။ တခါတရံ ခေါင်းကိုက်နိုင်ပါတယ်။

    ကျောက်ကပ်ရောဂါဟာလည်း စတင်ခါစမှာ လက္ခဏာ မပြတတ်ပါဘူး။ ကေျာက်ကပ်များကနေ အရည်ပိုများနဲ့ ဆားများကို စွန့်မထုတ်နိုင်ရင် ဖောရောင်ခြင်း ဖြစ်နိုင်ပါတယ်။ ခြေထောက်၊ ခြေဖမိုး၊ ခြေကျင်းဝတ်၊ တခါတရံ လက်နဲ့ မျက်နှာမှာ ဖောရောင်တတ်ပါတယ်။ ကျောက်ကပ်ရောဂါ ပိုဆိုးလာရင် အောက်ပါအခြေအနေတွေ တွေ့ရပါတယ်။

    – အစားအသောက်ပျက်ခြင်း

    – ပျို့အန်ခြင်း

    – အိပ်ငိုက်ခြင်း၊ ပင်ပန်းခြင်း

    – အာရုံစိုက်ရန်ခက်ခဲခြင်း

    – အိပ်မပျော်ခြင်း

    – ဆီးသွားများခြင်း၊ နည်းခြင်း

    – တကိုယ်လုံးယားခြင်း၊ ထုံခြင်း

    – အသားအရေခြောက်ခြင်း

    – ခေါင်းကိုက်ခြင်း

    – ကိုယ်အလေးချိန်ကျခြင်း

    – အသားအရေမည်းခြင်း

    – ကြွက်တက်ခြင်း

    – အသက်ရှူခက်ခြင်း

    – ရင်ဘတ်အောင့်ခြင်း

    သွေးတိုးခြင်းနဲ့ကျောက်ကပ်ရောဂါကို ဘယ်လိုရောဂါ ရှာဖွေသလဲ

    ဆရာဝန်၊ သူနာပြုများဟာ သွေးပေါင်မကြာခဏချိန်ပြီး စစ်ဆေးပါလိမ့်မယ်။ အပေါ်သွေးဟာ ၁၄၀ အထက်၊ အောက်သွေးဟာ ၉၀အထက် အမြဲတမ်းရှိနေရင် သွေးတိုးရှိတယ်လို့ သတ်မှတ်ပါတယ်။ ဆရာဝန်၊ သူနာပြုများက သွေးပေါင်ချိန်စက်နဲ့ သွေးတိုးခြင်း ရှိမရှိ စစ်ဆေးပါလိမ့်မယ်။ လူနာများကိုယ်တိုင်လည်း သွေးပေါင်ချိန်စက်ကို ကိုယ်တိုင်ဝယ်ပြီး အိမ်မှာတင် စစ်ဆေးနိုင်ပါတယ်။

    ကျောက်ကပ်ရောဂါအတွက် ဆီးနဲ့သွေးကို စစ်ဆေးပါလိမ့်မယ်။

    ဆီးစစ်ခြင်း

    အယ်လ်ဗျူမင်စစ်ဆေးတဲ့ တုတ်ချောင်းများရှိပါတယ်။ ဆီးနမူနာထဲမှာ ထည့်သွင်းစစ်ဆေးပြီး အယ်ဗျူမင်ရှိမရှိ စစ်ဆေးနိုင်ပါတယ်။ အယ်လ်ဗျူမင်ဆိုတာ သွေးထဲမှာရှိတဲ့ ပရိုတိန်းဖြစ်ပြီး ကျေက်ကပ်များ ပျက်စီးရင် ဆီးထဲရောက်နိုင်ပါတယ်။ စစ်ဆေးလိုတဲ့အခါ ဆီးခံခွက်ကို ဆေးရုံဆေးခန်းက ဖြစ်ဖြစ်၊ ဆေးရုံကဖြစ်ဖြစ် ရနိုင်ပါတယ်။ ဆေးရုံဆေးခန်းမှာဖြစ်ဖြစ်၊ ဓါတ်ခွဲခန်းကို ပို့ပြီးဖြစ်ဖြစ် စစ်ဆေးပါလိမ့်မယ်။ စစ်ဆေးတဲ့အခါမှာ ဓါတုဗေဒနည်းအရ လုပ်ထားတဲ့ ဆီးစစ်တုတ်ချောင်းကို ဆီးထဲထည့်စစ်ဆေးပါလိမ့်မယ်။ ဆီးထဲမှာ ပရိုတိန်းရှိရင် ဆီးစစ်တံမှာ အရောင်ပြောင်း သွားပါတယ်။

    ဆီးအတွင်းက အယ်လ်ဗျူမင်နဲ့ ခရီရက်တနင်းအချိုးကို စစ်ဆေးနိုင်ပါတယ်။ အယ်လ်ဗျူမင်ကိုရော ခရီရက်တနင်းကိုပါ တိုင်းတာပါတယ်။ ပြီးရင် အချိုးချကြည့်ပါတယ်။ ခရီရက်တနင်းဆိုတာ သွေးထဲကနေ စွန့်ထုတ်တဲ့ အညစ်အကြေးဓါတ်ဖြစ်ပြီး ကျောက်ကပ်ကနေ ဆီးထဲကို စွန့်ထုတ်ပါတယ်။ အယ်လ်ဗျူမင်-ခရီရက်တနင်းအချိုးဟာ တစ်ဂရမ်မှာ ၃၀မီလီဂရမ်အထက်ရှိရင် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ပါတယ်။

    သွေးစစ်ခြင်း

    သွေးစစ်ခြင်းအနေနဲ့ သွေးဖောက်ပြီး ဓါတ်ခွဲခန်းကို ပို့ပြီး စစ်ဆေးပါတယ်။ တမိနစ်မှာ ကျောက်ကပ်ကနေ သွေးဘယ်လောက် စစ်ထုတ်သလဲဆိုတာ စစ်ဆေးခြင်း ဖြစ်ပါတယ်။ ဒါကို ဂလိုမာရူလာစစ်ထုတ်နှုန်း (eGFR) လို့ ခေါ်ပါတယ်။ စစ်ဆေးမုရဲ့ အဖြေများဟာ အောက်ပါအတိုင်း ဖြစ်နိုင်ပါတယ်။

    – eGFR ၆၀နှင့်အထက် ။ ပုံမှန်

    – eGFR ၆၀အောက်။ ကျောက်ကပ်ရောဂါ

    – eGFR ၁၅နှင့်အောက်။ ကျောက်ကပ်ပျက်ခြင်း

    သွေးတိုးခြင်းကနေ ကျောက်ကပ်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

    အကောင်းဆုံးနည်းလမ်းကတော့ သွေးပေါင်ချိန် မတက်အောင် ဂရုစိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဆေးဝါးကုသခြင်းများနဲ့ နေထိုင်မှုပုံစံပြောင်းလဲခြင်းတွေ ပါဝင်ပါတယ်။ အောက်ပါအချက်တွေ ဖြစ်ပါတယ်။

    – ကျန်းမာရေးနှင့်ညီညွတ်အောင် စားသောက်ခြင်း

    – ကာယလှုပ်ရှားခြင်း

    – ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း

    – ဆေးလိပ်ဖြတ်ခြင်း

    – စိတ်ဖိစီးမှုကို လျှော့ချခြင်း

    ကျောက်ကပ်ရောဂါဖြစ်စေရတဲ့ တခြားအကြောင်းတွေ ရှိနေပေမယ့် သွေးတိုးခြင်းကြောင့် ကျောက်ကပ် ပျက်စီးရတာတော့ အသေအချာပဲ ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါရှိသူများဟာ သွေးပေါင်ချိန်ကို ၁၄၀/၉၀အောက်မှာ ထိန်းထားသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement