လူလည်းသိပ်မဝပါဘဲ ဗိုက်ခေါက်လေး ပဲထွက်နေတာ အလှအပနဲ့ပတ်သက်ပြီး ပျိုမေတို့အကြောက်ဆုံးအရာပါ။ ဗိုက်အဆီမရှိဘဲ ချပ်ရပ်နေတဲ့ကိုယ်အချိုးအစားကို မိန်းကလေးတိုင်းလိုချင်ပါတယ်။ ပိန်တဲ့သူပဲဖြစ်ဖြစ်ပြည့်ပြည့်ဖောင်းဖောင်းလေးတွေဖြစ်ဖြစ် ဗိုက်လေးချပ်အောင်တော့ ကြိုးစားကြဖို့ အကြံပေးချင်ပါတယ်။ ဗိုက်အဆီဆိုတာ အလှအပအတွက်တင်မက လူ့ကျန်းမာရေးကိုပါ ဒုက္ခပေးမယ့် ရောဂါအမျိုးမျိုးယူဆောင်လာနိုင်လို့ပါ။