backup og meta

တညင်းသီး က အာဟာရဖြစ်လို့လား။

တညင်းသီး က အာဟာရဖြစ်လို့လား။

မိုးဦးကျတဲ့ အချိန်မှာ ပေါ်လာတတ်တဲ့ တညင်းသီး ကို မြန်မာလူမျိုး တော်တော်များများ သဘောကျ ကျပါတယ်။ အတို့အမြှုပ် အနေနဲ့ ဖြစ်ဖြစ်၊ ဟင်းချက်ပြီး ဖြစ်ဖြစ်၊ ဆားရည်စိမ်ပြီး ဖြစ်ဖြစ် စားတတ်ကြပါတယ်။

သဲမြေထဲမှာ အပင်ဖောက်ပြီး တညင်းဝက် လုပ်စားတာတောင် ရှိပါသေးတယ်။ မီးလေးအုံးပြီး တို့စားတာ၊ ပြုတ်ပြီး တို့စားတာ၊ အစိမ်းနုနုလေးကို တို့စားတာတွေ ရှိပါသေးတယ်။

ဒီလောက်နဲ့ ပဲလားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ စေးနေအောင် ပြုတ်ထားတဲ့ တညင်းသီးကို အပြားပုံစံလေးဖြစ်အောင် ထုထောင်းပြီး ပဲဆီလေးနဲ့စိမ်တာ ဒါမှမဟုတ် အုန်းဆီချက် စမ်းပြီး စားတာမျိုုးတွေ ရှိပါတယ်။

တညင်းသီးက အာဟာရမဖြစ်ဘူးလို့ ပြောရတဲ့ အကြောင်းအရင်း

တညင်းသီးမှာ အဆိပ်အတောက် အနည်းငယ် ပါပါတယ်။ တညင်းသီးမှာ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ djenkolic acid ပါဝင်နေပါတယ်။ ဒီ အက်ဆစ်က တညင်းသီး အဆိပ်တက်တာကို ဖြစ်စေနိုင်ပါတယ်။

ဒါ့ပြင် တညင်းသီးက ခံတွင်းနံ့ ဆိုးတာ၊ ဆီးအနံ့ နံတာ၊ ဝမ်း အနံ့ဆိုးတာတွေ ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်က တညင်းသီးက အာဟာရ ပါဝင်မှု နည်းသလို အဆိပ် ခပ်ပျော့ပျော့ ပါနေပြီး အာဟာရ ဖြစ်စေမှုကို အဟန့်အတား ဖြစ်စေတဲ့ အရာတွေပါ ပါဝင်နေတာပါ။

တညင်းသီး စားရင် ဘာဖြစ်မလဲ။

တညင်းသီး စားပြီးရင် ခံတွင်းမှာ အနံ့ဆိုးဖြစ်တာက ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ ဖြစ်နေတာပါ။ ဆီးတွေ၊ ဝမ်းတွေ အနံဆိုးနေရခြင်းကအဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ခန္ဓာကိုယ်က ကြိုးစားနေတာပါ။

ပုံမှန်အားဖြင့် ခန္ဓာကိုယ်ထဲကို အဆိပ်တွေ ဝင်ရောက်တဲ့အခါ အသည်းက အဆိပ်တွေကို ဖယ်ရှားပေးပါတယ်။ ကျောက်ကပ်ကတော့ ဆီး အနေနဲ့ အဆိပ်အတောက်တွေကို ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ဒါက ခန္ဓာကိုယ်ရဲ့ ပုံမှန် ဖြစ်စဉ် တစ်ရပ်ပါ။

တညင်းသီး စားလိုက်တဲ့အခါမှာတော့ တညင်းသီးမှာပါတဲ့ အဆိပ်ဖြစ်စေတဲ့ဓာတ်က အသည်းကို အရင်မရောက်ဘဲ သွေးထဲကို ရောက်သွားပါတယ်။ ပြီးမှ အသည်းဆီကို ရောက်ပါတယ်။

အသည်းက ကိုယ်တွင်းကို ဝင်ရောက်သမျှ အဆိပ် အားလုံးကို ဖယ်ရှားပေးနိုင်ပေမယ့် တညင်းသီးရဲ့ အဆိပ်ကိုတော့ မဖယ်ရှား ပေးနိုင်ပါဘူး။

ဒီတော့ နောက်တစ်ဆင့်က ကျောက်ကပ်ကနေ စွန့်ထုတ်ဖို့ ကြိုးစားတာပါ။ ဒါပေမယ့် တညင်းသီးမှာပါတဲ့ အဆိပ် မော်လီကျူးတွေက ကျောက်ကပ်ထဲက ဆီးပြွန်လေးတွေကို ပိတ်ဆို့စေနိုင်ပါတယ်။

ဒီလိုကနေ ကျောက်ကပ် ထိခိုက်ပြီး ဆီးသွားတဲ့အခါ သွေးပါလာတာ၊ ဆီးသွားရခက်တာ၊ ကျောက်ကပ် ထိခိုက်မှုကြောင့် ခါး တအားနာတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဒီလိုကနေမှ သွေးထဲမှာ အဆိပ်အတောက်တွေ များလာပြီး ရုတ်တရက် ကျောက်ကပ် ပျက်စီးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေက အဆိုးဆုံး အနေနဲ့ ကျောက်ကပ်ပျက်ပြီး သေဆုံးတာမျိုး အထိ ဖြစ်နိုင်ပါတယ်။

အတွေ့အကြုံ တစ်ခုကို မျှဝေရမယ်ဆိုရင် ဆယ်ကျော်သက် လူငယ်လေးတစ်ယောက် တညင်းသီးကို ကြိုက်လွန်းလှချည်ရဲ့ဆိုပြီး တစ်ယောက်တည်း တစ်ခြင်းလုံးကို တစ်ထိုင်တည်းစားပြီး နောက်နေ့ကျ ရုတ်တရက် ကျောက်ကပ်ပျက်လို့ ဆီးလုံးဝမထွက်တော့ဘဲ ဆေးရုံကို ရောက်လာတဲ့ အဖြစ်အပျက်လေး ရှိဖူးပါတယ်။ တညင်းသီး အဓိက ထိခိုက်စေတာက ကျောက်ကပ်ပါ။ သာမန်လူတောင် ဒီလို ဖြစ်သွားရင် နဂိုကျောက်ကပ် မကောင်းတဲ့သူအနေနဲ့ တတ်နိုင်သမျှရှောင်ကြဉ်ဖို့ အကြံပြုလိုပါတယ်။

တညင်းသီးစားပြီး ဘေးမဖြစ်စေဖို့ဆိုရင်

တချို့ကလည်း တညင်းသီးကို ရေနိုင်နိုင်ပြုတ်ရင် အဆိပ်တွေပါသွားမယ်လို့ ပြောကြပါတယ်။ ဒါက ယူဆချက်သာဖြစ်ပြီး တကယ်ပါမပါ မပြောနိုင်သေးပါဘူး။ ဒါကြောင့် ဒီနည်းလမ်းကို တအား မယုံစေချင်ပါဘူး။ ‌ရေပြုတ်ရင် အဆိပ်တွေ ပါသွားမယ်လို့ ယူဆပြီး များများစားမိရင် ကိုယ်ပဲဒုက္ခရောက်မှာပါ။ ဒါကြောင့် တတ်နိုင်သမျှ မစားတာက အကောင်းဆုံး ဖြစ်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Of Djenkol Beans and Djenkolism: The Southeast Asian Delicacy that Poisons https://naturespoisons.com/2015/05/26/of-djenkol-beans-and-djenkolism-the-southeast-asian-delicacy-that-poisons/ Accessed Date 1 July 2020

Djenkolism: case report and literature review https://www.ncbi.nlm.nih.gov/pmc/articles/PMC3998865/ Accessed Date 1 July 2020

ယခုပုံစံ

09/06/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဒူးရင်းဩဇာ နဲ့ ကျန်းမာရေး

ဒူးရင်းသီးစေ့ ကို လွှင့်ပစ်နေမိဆဲလား..............


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 09/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement