ဒူးရင်းစေ့က စေးကပ်ကပ်နိုင်ပေမယ့် အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အူတွေကို လှုပ်ရှားမှု ကောင်းစေပါတယ်။ ဝမ်းမှန်စေပြီး အူတွေကို ကျန်းမာစေသလို အူအတွင်းက အကျိုးပြု ဘက်တီးရီးယားလေးတွေကိုလည်း ကျန်းမာစေပါတယ်။
အစာခြေစနစ် ကျန်းမာပြီး ဝမ်းမှန်စေဖို့ဆိုရင် ဒူးရင်းသီးစေ့ စားပေးလို့ရပါတယ်။
သန်ကျစေပါတယ်
ဒူးရင်းစေ့က သဘာဝ သန်ချဆေး တစ်မျိုးပါ။ ဝမ်းမှန်စေဖို့အပြင် သန်ကျစေဖို့လည်း ဒူးရင်းသီးစေ့ကို စားပေးလို့ရပါတယ်။
ဒူးရင်းသီးစေ့မှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ဇင့် ဓာတ်ပါဝင်နေတာကြောင့် ကိုယ်ခံအားစနစ်ကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဖျားနာမှုကို ကင်းစေပြီး အနာကျက်မြန်စေဖို့နဲ့ ဆဲလ်တွေ ကျန်းမာစေဖို့လည်း အားဖြည့်ပေးပါသေးတယ်။ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတာကြောင့် ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်စေမှာ အသေအချာပါ။
ဒူးရင်းစေ့မှာ အကျိုးပြု အဆီတွေ ပါဝင်နေတာကြောင့် သွေးတွင်းက အဆီတွေကို ကျစေပြီး သွေးကြောကျဉ်းတာ ကင်းစေလို့ နှလုံး ကျန်းမာစေပါတယ်။ သွေးတိုး ကင်းသလို အသည်းအဆီဖုံးတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါသေးတယ်။ ဒူးရင်းသီး အသားက အဆီထက်၊ အစေ့က အဆီက ကျန်းမာရေးကို အများကြီး အထောက်အကူပြုပေးနိုင်ပါတယ်။
သွေးတွင်းကိုလက်စထရောကို ကျဆင်းစေတယ်
ဒူးရင်းစေ့မှာ အကျိုးပြု အဆီပါဝင်နေတာကြောင့် သွေးတွင်းက အကျိုးပြု ကိုလက်စထရော ပမာဏကို မြင့်တက်စေပြီး အကျိုးမပြု ကိုလက်စထရောပမာဏဏကို ကျဆင်းစေပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရောများပြီး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ကင်းစေဖို့ ဒူးရင်းစေ့ကို စားပေးလို့ရပါတယ်။
ဒူးရင်းစေ့မှာ ကယ်လ်ဆီယမ် နဲ့ phosphorus ပါဝင်နေတာကြောင့် အရိုးနဲ့ သွားတွေကို ကြံ့ခိုင်စေပါတယ်။ အရိုးပါးတာ၊ အရိုးပွတာတွေ မဖြစ်စေဖို့လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ
အလွန်အကျွံ မဟုတ်ဘူးဆိုရင် ဒူးရင်းသီးစေ့က ကျန်းမာရေးကို ကြီးကြီးမားမား ထိခိုက်စေတာမျိုး မဖြစ်စေပါဘူး၊၊
ဒါပေမယ့် ဒူးရင်းစေ့စားမယ်ဆိုရင် သတိထားရမယ့် အချက်က အစိမ်းမစားဖို့ပါ၊၊ ဒူးရင်းသီးစေ့ အစိမ်းမှာ cyclopropene fatty acids တွေ ပါဝင်ပြီး ဒါက ကင်ဆာဖြစ်စေနိုင်တယ်လို့ ယူဆထားကြပါတယ်၊၊ ဒါကြောင့် စားမယ်ဆိုရင် ချက်ပြုတ်ပြီး စားတာက ပိုပြီးသင့်တော်ပါတယ်၊၊
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။