နွားနို့ မှာပါတဲ့ ကယ်လ်ဆီယမ်ဟာ သွေးကြောတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်အားကို ပိုကောင်းစေလို့ သွေးကြောဖိအားများလို့ ဖြစ်ရတဲ့ သွေးတိုး ရောဂါကိုကာကွယ်ပေးပါတယ်။ ဒါ့အပြင် အိုမီဂါ 3 လည်း ပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်တဲ့ အစားအသောက်တစ်ခုပါ။
ဦးနှောက် စွမ်းဆောင်ရည်ကိုလည်း မြင့်တက်စေတယ်။
ဗီတာမင် B တွေ ကြွယ်ဝစွာ ပါဝင်တဲ့ နွားနို့ ဟာ ဦးနှောက်စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေတဲ့အပြင် အာရုံကြောစနစ်ကိုလည်း သန်စွမ်းစေပါတယ်။
- ညဘက် အိပ်မပျော်တဲ့သူများအတွက်လည်း နွားနို့က အားထားသင့်တဲ့ အရာတစ်ခုပါ။
နွားနို့မှာပါတဲ့ ဗီတာမင် B ကြောင့် သင့်အိပ်စက်ခြင်း စက်ဝန်းကို မျှတစေပါတယ်။ ဒါကြောင့် အိပ်ရာဝင်ခါနီးတိုင်း နွားနို့်သောက်ပေးရင် ညဘက်ကောင်းကောင်း အိပ်ပျော်စေပါတယ်။
- ဆီးချိုသမားတွေ အတွက် သင့်တော့်တဲ့ အစားအသောက်တစ်ခုပါ။
သကြားမပါ အဆီထုတ်ထားတဲ့ နွားနို့ တစ်ခွက်ဟာ သွေးတွင်းသကြားဓာတ် ပမာဏကို ထိန်းညှိပေးလို့ ဆီးချိုသမားအတွက် နွားနို့ဟာ အထူးအားထားရတဲ့ အာဟာရဖြစ်စေတဲ့ အစားအသောက်တစ်ခုပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။