backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

မုန်လာဥဖြူ ကြိုက်တဲ့ သူတွေရှိလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မုန်လာဥဖြူ ကြိုက်တဲ့ သူတွေရှိလား

သုပ်ပဲစားစား၊ ချဉ်ရည်ဟင်းပဲချက်ချက်၊ အချဉ်တည်ပြီးပဲစားစား၊ ဟင်းချိုပဲချက်ချက် စားကောင်းတဲ့ မုန်လာဥဖြူ ကြိုက်ကြလား။ ဒါဆိုရင်တော့ ကိုယ်ခံတွင်းတွေ့တဲ့ မုန်လာဥဖြူလေးစားရင်း ရရှိစေမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကလည်း မနည်းပါဘူး။

မုန်လာဥဖြူ ဆိုတာ

မုန်လာဥဖြူဆိုတာက ရိုးတံစိမ်းစိမ်း အရွက်ဖားဖား မုန်လာပင်လေးရဲက အမြစ်ဥပါ။ အရွက်ထက် ဥကို အဓိကထားစားကြပါတယ်။ အဖြူရောင် ရှည်မြောမြောပုံစံရှိသလို ပုဝိုင်းဝိုင်းပုံစံလည်း ရှိပါတယ်။ အရသာက အစိမ်းတိုင်းစားရင် ခပ်စပ်စပ် အရသာရှိပြီး ချက်စားရင်တော့ ချိုပါတယ်။ ချဉ်ရည်ဟင်းချက်စားလို့ ရသလို သုပ်စားတာ၊ ချဉ်ဖတ်ထည့်စားတာ အမျိုးမျိုး စားကြပါတယ်။

မုန်လာဥဖြူ မှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေများလဲ………

မုန်လာဥဖြူမှာပါဝင်နေတဲ့ အာဟာရဓာတ်တွေကတော့

မုန်လာဥဖြူ စားရင်းရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ…………..

မုန်လာဥဖြူစားသုံးပေးမှုက

မုန်လာဥဖြူစားသုံးပေးမှုက ကင်ဆာရောဂါဖြစ်နိုင်ခြေကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥဖြူမှာပါတဲ့ ဒြပ်ပေါင်းတစ်မျိုးက ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကို တိုက်ထုတ်ပေးပြီး ခန္ဓာကိုယ်မှာ ကင်ဆာကျိတ်တွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

  • အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်

မုန်လာဥဖြူမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေမှုက အစာခြေစနစ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို သွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျစေဖို့လည်း စားသုံးပေးလို့ရပါတယ်။ အမျှင်ဓာတ်ကြွယ်ဝမှုက ဝမ်းမှန်စေဖို့လည်း အထောက်အပံ့ပေးပါတယ်။

မုန်လာဥဖြူက မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ခန္ဓာကိုယ်နဲ့ ခံတွင်းတို့မှာ မှိုပိုးကူးစက်တာကို ကာကွယ်ဖို့အတွက် မုန်လာဥဖြူကို စားပေးလို့ရပါတယ်။

  • ကိုယ်ခံအားကောင်းစေနိုင်တယ်

ရာသီ အကူးအပြောင်းကြောင့် ဖျားနာမှုတွေကနေ ကင်းချင်ရင်တော့ ကိုယ်ခံအား ကောင်းနေမှ ဖြစ်မှာပါ။ ဒီလို ကိုယ်ခံအား ကောင်းစေဖို့က အစားအသောက်က အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ကိုယ်ခံအားကောင်းစေပြီး ကျန်းမာနေစေဖို့ မုန်လာဥဖြူကို စားပေးလို့ရပါတယ်။

မုန်လာဥဖြူမှာ ဖလေဗာနွိုက် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် တော်တော်လေး အကျိုးများတာပါ။ လေ့လာမှုတွေအရတော့ မုန်လာဥဖြူ စားသုံးမှုက နှလုံး ကျန်းမာစေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

ဘာတွေ သတိထားရမလဲ

မုန်လာဥဖြူက ကျန်းမာရေးနဲ့ ညီညွတ်ပြီး စိတ်ကြိုက် စားလို့ရတဲ့ အစားအစာ တစ်ရပ်ပါ။

ဘယ်သူတွေ မစားသင့်ဘူးလဲ

မုန်လာဥဖြူကို အသက် ၆ လအရွယ် ဘေဘီလေးတွေ ကစလို့ ဘိုးဘိုးဘွားဘွားတွေအထိ အားလုံး စိတ်ကြိုက် စားသုံးလို့ ရပါတယ်။ အလွန်အကျွံ စားရင် အစာမကြေတာမျိုး မဖြစ်အောင်ဘဲ ဂရုစိုက်ဖို့ လိုမှာပါ။

ခန္ဓာကိုယ် ကျန်းမာစေဖို့ရော ကိုယ်အလေးချိန် ကျစေဖို့ရော အကောင်းဆုံး ထောက်ပံ့ပေးနိုင်တာကြောင့် အစာလည်း ဆေး၊ဆေးလည်း အစာ ဆိုတဲ့ စကားအတိုင်း မုန်လာဥဖြူလေးကို စားသုံးပေးကြပါလို့ Hello ဆရာဝန် ပရိသတ်ကြီးကို တိုက်တွန်းပါရစေနော်………

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement