ဗီတာမင်ချို့တဲ့မှုတွေ ဘာကြောင့်ဖြစ်ရတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 15, 2020 . 3 mins read
Share now

တိုးတက်လာတဲ့လူနေမှုပုံစံနဲ့အညီ လူတန်းစေ့နေထိုင်နိုင်ဖို့ အစဉ်တစိုက်ကြိုးပမ်းနေရတာကြောင့် လူတိုင်းဟာတော်တော်လေးပင်ပန်းကြရပါတယ်။ တစ်နေ့တာလုံးမနားရလောက်အောင် လှုပ်ရှားနေရပေမယ့် ခန္ဓါကိုယ်ကို လုံလောက်တဲ့ အာဟာရဓါတ်တွေရောပေးမိရဲ့လား။ လုံလောက်တဲ့ အာဟာရဆိုတဲ့နေရာမှာ အိပ်စက်မှုရော၊ စားသောက်မှုပုံစံပါ ပါတယ်။ ခန္ဓါကိုယ်က အားတွေစိုက်ထုတ်ပြီး အလုပ်လုပ်လိုက်ရပေမယ့် လိုအပ်တဲ့ အာဟာရကို အပြည့်အဝပြန်မရတဲ့အခါမျိုးမှာ ဗီတာမင်ချို့တဲ့တာတွေဖြစ်လာပါတယ်။ လုပ်နိုင်စွမ်းထက် ပိုခိုင်းမိတဲ့အခါ ကွန်ပျူတာတွေ ဟန်းမ်သွားတာလိုမျိုးပေါ့။

ဗီတာမင် ချို့တဲ့ခြင်းဆိုတာ

ဗီတာမင် ဆိုတာက ခန္ဓါကိုယ်ကျန်းမာစေဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတဲ့အရာပါ။ အခုခေတ်ရဲ့ ဘဝနေထိုင်မှုပုံစံကိုက အသင့်ပြင်ထားတဲ့ အစားအစာတွေ နဲ့ အဆီများတဲ့အစားအစာတွေကိုရှောင်လွှဲနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် လူတော်တော်များများဟာ ဗီတာမင် ချို့တဲ့မှုဒဏ်ကိုခံစားလာကြရတာပါ။ ခန္ဓါကိုယ်ထဲမှာ ဗီတာမင် ချို့တဲ့လာတဲ့အခါ အစာခြေစနစ်မှာပြဿနာဖြစ်လာပါတော့တယ်။

ခန္ဓါကိုယ်ရဲ့ဇီဝတွင်းလုပ်ငန်းစဉ်တွေလုပ်ဆောင်လည်ပတ်နိုင်စေဖို့အတွက် ဗီတာမင်တွေကို မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် လူတိုင်းအနေနဲ့ လုံလောက်တဲ့ ဗီတာမင်ရရှိအောင် အစားအစာတွေကို စားသုံးပေးတာမျိုးဖြစ်ဖြစ် ဗီတာမင်အားဖြည့်ဆေးတွေသောက်သုံးတာမျိုးဖြစ်ဖြစ်လုပ်ဆောင်ရပါမယ်။ နေ့စဉ်စားသုံးတဲ့ အစာအသောက်တွေထဲမှာ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေမပါဝင်တာ၊ တခြားနည်းလမ်းနဲ့လည်း ဗီတာမင် လုံလောက်အောင်မဖြည့်တင်းတာတွေက ဗီတာမင်ချို့တဲ့ရမှုရဲ့ အခြေခံအကြောင်းခြင်းရာပါ။ ဗီတာမင်က ခန္ဓါကိုယ် အင်အားကိုဖြစ်စေပါတယ်။ ဗီတာမင်ချို့တဲ့လာတဲ့အခါ ခန္ဓါကိုယ်ကရောဂါတွေကိုခုခံနိုင်စွမ်းနည်းလာပါတယ်။

ဗီတာမင်ချို့တဲ့ခြင်းကို အမျိုးအစားခွဲမယ်

ဗီတာမင်ချို့တဲ့ခြင်းမှာမှPrimary deficiency နဲ့secondary deficiency ဆိုပြီး နှစ်မျိုးရှိပါတယ်။

Primary Deficiency ဆိုတာက

ဒီဗီတာမင် ချို့တဲ့မှု အမျိုးအစားက ခန္ဓါကိုယ်ကလုံလောက်တဲ့ ဗီတာမင် မရရှိတာကြောင့်ဖြစ်တဲ့ ဗီတာမင် ချို့တဲ့မှုပါ။Primary deficiency က ရိုးရိုးဗီတာမင် ချို့တဲ့မှုလို့ပြောလို့ရပါတယ်။ အာဟာရပြည့်ဝအောင် စားသုံးပေးမယ်ဆိုရင် သက်သာသွားမှာပါ။ ကုသပျောက်ကင်းလွယ်တဲ့ ဗီတာမင်ချို့တဲ့မှုလို့ပြောလို့ရပါတယ်။

Secondary Deficiency

နေထိုင်မှုပုံစံနဲ့ရောဂါအခြေအနေတစ်ရပ်ရပ်ကြောင့်ဖြစ်တဲ့ ဗီတာမင် ချို့တဲ့မှုပါ။ နားလည်လွယ်အောင်ပြောပြရရင်ဆေးလိပ်သောက်သူတွေအနေနဲ့ ဗီတာမင် C ကို ပုံမှန်ထက် ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်ပိုမိုရရှိဖို့လိုပါမယ်။နောက်တစ်ခုကတော့နေရောင်ခြည်နဲ့ထိတွေ့နည်းတဲ့သူတွေမှာ ဗီတာမင် D အားနည်းတတ်ပြီး ဗီတာမင်D ဖြည့်စွက်ဆေးသောက်သုံးပေးဖို့လိုပါလိမ့်မယ်။ ခန္ဓါကိုယ်မှာ ဗီတာမင် D နည်းလာတဲ့အခါ အရိုးကြံ့ခိုင်ဖို့အတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်စုပ်ယူမှုအပေါ်မှာ ထိခိုက်လာပါတော့တယ်။

ဗီတာမင် ချို့တဲ့မှုဖြစ်ရတဲ့အကြောင်းရင်းခံတွေက ဘာတွေများလဲ

ဗီတာမင်ချို့တဲ့မှုကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေက တစ်ချက်၊ နှစ်ချက်လောက်ပဲရှိတာမဟုတ်ပါဘူး။ အောက်ကိုဆက်ကြည့်လိုက်ရအောင်နော်။

  • နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ဗီတာမင် E ပါဝင်မှုနည်းနေတာ
  • အရက်သောက်သုံးတာ
  • ဆေးလိပ်သောက်တာ
  • သောက်သုံးနေရတဲ့ဆေးတွေကြောင့်ဗီတာမင် ချို့တဲ့တာ
  • ကိုယ်ဝန်ဆောင်ကာလအတွင်း မအီမသာဖြစ်ပြီး ပျို့အန်တာ
  • အဝလွန်တာ
  • နို့တိုက်မိခင်ဖြစ်နေတာ

ဗီတာမင်ချို့တဲ့နေတာကိုဖော်ပြနေတဲ့လက္ခဏာတွေက

ဗီတာမင်ချို့တဲ့လာတဲ့အခါ ခန္ဓါကိုယ်မှာ ရှေ့ပြေးလက္ခဏာလေးတွေစဖြစ်လာပါတယ်။ ဗီတာမင်ချို့တဲ့ တဲ့အခါ ခန္ဓါကိုယ်မှာ ဘယ်လိုလက္ခဏာတွေပြလာလဲဆိုတော့

  • အအေးမိ၊တုပ်ကွေးအဖြစ်လွယ်လာမယ် (flu)
  • ကြွက်တက်မယ်
  • အရေပြားတွေခြောက်သွေ့ကြမ်းတမ်းလာမယ်
  • နာတာရှည်ကျောက်ကပ်ဝေဒနာဖြစ်လာမယ် (kidney disease)
  • ဆီးချိုဖြစ်မယ်(diabetes)
  • ပန်းနာရင်ကျပ်ဝေဒနာခံစားရမယ် (asthma)
  • သွားဖုံးနှင့်သွားတဝိုက်တွင်ဖြစ်သောရောဂါခံစားရမယ် (Periodontal disease)
  • နှလုံးသွေးကြောကျဉ်းရောဂါခံစားရမယ်
  • စိတ်ကျဝေဒနာခံစားရတာတွေ ခံစားလာရနိုင်ပါတယ်။

ဗီတာမင် ချို့တဲ့တာကြာလာရင်ဘာတွေခံစားရမလဲ

ဗီတာမင် C ချို့တဲ့ခြင်း (Scurvy)

ဗီတာမင်ချို့တဲ့တာ ကြာမြင့်လာတဲ့အခါ အရင်ဆုံးခံစားရမယ့်ဝေဒနာက ဗီတာမင် C ချို့တဲ့တာပါ။ ဒီဝေဒနာဖြစ်လာတဲ့အခါ အရေပြားမြှ အစက်အပြောက်တွေဖြစ်လာမယ်၊ သွားတွေယိုင်နဲ့တာဖြစ်မယ်၊ သွားဖုံးတွေရောင်မယ်၊သွေးထွက်မယ်၊ အနာကျက်နှေးလာမယ်။ ဒီလိုတွေဖြစ်လာပြီဆိုရင်တော့ ဗီတာမင် C ကိုပြည့်ဝအောင်စားသုံးပေးဖို့လိုအပ်နေပြီဆိုတဲ့ လက္ခဏာပါ။

အရိုးပျော့သူငယ်နာ (Rickets)

ကလေးငယ်တွေမှာ အရိုးကျိုးလွယ်တာ၊ ကိုယ်လက်အင်္ဂါချို့ယွင်းတာတွေဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက အရိုးတွေကြံ့ခိုင်မှုကို ထိခိုက်စေနိုင်တဲ့ အရိုးပျော့သူငယ်နာဝေဒနာကြောင့်ပါ။ ဒီဝေဒနာဖြစ်ရတဲ့ အကြောင်းရင်းခံက အရိုးတွေကျန်းမာသန်စွမ်းအောင် ကယ်လ်ဆီယမ်စုပ်ယူမှုကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် D ချို့ယွင်းနေတာကြောင့်ပါ။ ဗီတာမင် D ကိုနေရောင်ခြည်ကနေရရှိနိုင်သလို အားဖြည့်ဆေးတွေသောက်သုံးပေးရင်လည်း အဆင်ပြေပါတယ်။

ဘယ်ရီဘယ်ရီ ရောဂါ (Beriberi)

ဒီဝေဒနာက ခန္ဓါကိုယ်မှာ ဗီတာမင် B1 ချို့တဲ့ တဲ့အခါမှာဖြစ်လာတဲ့ရောဂါတစ်မျိုးပါ။ အာရုံကြော၊နှလုံးနဲ့ ဦးနှောက်တို့ အပေါ်မှာသက်ရောက်မှုရှိလာနိုင်ပါတယ်။ ဗီတာမင် B1 ချို့တဲ့လာတဲ့အခါခြေတွေလက်တွေ ထုံကျဉ်လာမယ်၊မေ့တတ်လာမယ်၊ အသက်ရှုမှုနဲ့ ပတ်သက်တဲ့ပြဿနာတွေခံစားလာရနိုင်ပါတယ်။ အကြောတွေဆိုင်းတာ၊ စကားပြောရခက်တာ၊ အာရုံတွေရှုပ်ထွေးတာ၊ စိတ်ဓါတ်ကျတာတွေခံစားရနိုင်ပါတယ်။ ခန္ဓါကိုယ်မှာ ဗီတာမင် B1 ချို့တဲ့နေပြီဆိုတဲ့ လက္ခဏာတွေပြသလာတဲ့အခါ ချက်ချင်း ကုသမှုလုပ်ပေးဖို့လိုပါမယ်။ တကယ်လို့မကုဘသဲထားမယ်ဆိုရင်dementiaဝေဒနာခံစားရတာမျိုးဖြစ်နိုင်သလို အသက်သေဆုံးတာမျိုးအထိတောင်ဖြစ်နိုင်ပါတယ်။

နိုင်ယာစင်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ရောဂါ (Pellagra)

ခန္ဓါကိုယ်မှာ ဗီတာမင် ချို့တဲ့တာကြောင့် မျက်နှာ၊ လည်ပင်း၊ လက်တွေ၊ခြေသလုံး နဲ့ခြေဖမိုးတွေမှာ အနီရင့်ရောင်အကွက်တွေဖြစ်လာတာပါ။ ဒီPellagraဝေဒနာခံစားရသူတွေမှာ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာတွေတွေ့ရနိုင်ပါတယ်။ ပါးစပ်နဲ့လျှာတွေနီနေတာ၊ရောင်ရမ်းတာနဲ့ ပါးစပ်နဲ့လျှာမှာ အနာတွေဖြစ်တာမျိုးတောင်ခံစားရနိုင်ပါတယ်။ ဒီဝေဒနာဖြစ်ရတဲ့ အကြောင်းအရင်းကတော့ နိုင်ယာစင်လို့ခေါ်တဲ့ ဗီတာမင် B3တော်တော့်ကိုချို့တဲ့နေတာကြောင့်ပါ။

တစ်နေ့တာလှုပ်ရှားနေရတဲ့ ခန္ဓါကိုယ်ကို ကျန်းမာသန်စွမ်းနေစေချင်တယ်ဆိုရင်တော့ အာဟာရပြည့်ဝအောင်စားသုံးတာ၊ပြည့်ဝတဲ့အနားယူမှု လုပ်ပေးတာမျိုးတွေလုပ်ပေးဖို့လိုပါမယ်။ အခုနောက်ပိုင်းအစားအစာတွေက အာဟာရပြည့်ဝမှုအားနည်းတာကြောင့် ခန္ဓါကိုယ်မှာ လိုအပ်တဲ့ အာဟာရဓါတ်တွေမပြည့်ဝဘူးလို့ခံစားရတယ်ဆိုရင်တော့ Renovit လိုမျိုး ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပါဝင်နေတဲ့ ဗီတာမင် အားဖြည့်ဆေးတစ်မျိုးမျိုးကိုသောက်သုံးပေးလို့ရပါတယ်။ ဒီနေရာမှာ ပြောပြချင်တာလေးတစ်ခုက Renovit မှာ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ် ၂၆ မျိုးလုံးပါဝင်နေတာကြောင့် ခန္ဓါကိုယ်အတွက်လိုအပ်တဲ့အာဟာရဓါတ်တွေကို အပြည့်အဝရရှိစေနိုင်တယ်ဆိုတာပါ။ လူတိုင်းရောဂါကင်းပြီး ကျန်းမာတဲ့ နေ့စဉ်ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေကြောင်း။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆောင်းအအေး နဲ့ ကိုဗစ်

ဆောင်းရောက်လာတာက ပျော်စရာကောင်းပေမယ့် ကိုဗစ်ရောဂါဆိုးကြီးနဲ့ ရင်ဆိုင်နေရချိန်မှာတော့ ဆောင်းက ကိုဗစ်ကို ပိုဆိုးစေမလားဆိုတာ စိုးထိတ်မိနေပြီလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အချဉ်တွေ အများကြီးစားရင် အရိုးပါးတာ တကယ်လား။

အရိုးတွေ သန်မာကြံ့ခိုင်စေဖို့အတွက်  သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ များများစားပါ။ ပရိုတင်းကိုတော့ နည်းနည်းဆို လုံလောက်ပါပြီ လို့ ပြောတာ ကြားဖူးမှာပေ့ါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကြောင့် အိပ်မပျော်တဲ့အခါ

ကိုဗစ်ကြောင့် အိပ်မပျော်တာ ညတိုင်းလိုလို ဖြစ်လာပြီ။ ခေါင်းကလည်း မကြည်ဘူး။ အိပ်လို့ကလည်း မပျော်ဘူး ဖြစ်နေပြီလား။ ကိုဗစ်ကြောင့် အိပ်မပျော်တာကို သက်သာစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကနေ ပြန်လည် သက်သာလာတဲ့အခါ

ကိုဗစ် တစ်ကမ္ဘာလုံးကို ကိုင်လှုပ်နေတဲ့ ကပ်ရောဂါကြီးပေါ့။ မြန်မြန်သိ မြန်မြန်ကုသနိုင်ရင် ကိုဗစ်က ပျောက်ကင်းနိုင်ခြေ များပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကြောက်ရွံ့နေတာတွေ ကို သက်သာစေဖို့

ကြောက်ရွံ့နေတာတွေ ကို သက်သာစေမယ့် အစားအသောက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
ဘေဘီလေးကို ငုံးဥ ကျွေးလို့ရလား..............

ဘေဘီလေးကို ငုံးဥ ကျွေးလို့ရလား…………..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 24, 2020 . 1 min read
ဆောင်းတွင်းမှာ အဖျားအနာကင်းအောင် ဘယ်လိုအာဟာရဓာတ်တွေ ဖြည့်စွက်ဖို့ လိုအပ်မလဲ

ဆောင်းတွင်းမှာ အဖျားအနာကင်းအောင် ဖြည့်စွက်သင့်တဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 29, 2020 . 2 mins read
သွားပိုးပေါက်တွေ မဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းများ

သွားပိုးပေါက်တွေ မဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 2 mins read