သက်ကြီးရွယ်အိုများဘာကြောင့် မကြာခဏချော်လဲရသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 14, 2019 . 2 mins read
Share now

လူကြီးများချော်လဲလျှင် အသက်ကြီးသောကြောင့် ၊သတိမမူသောကြောင့်ချော်လဲခြင်းဖြစ်သည်ဟုအလွယ်မမှတ်ယူသင့်ပေ။ သက်ကြီးရွယ်အိုများတွင် မကြာခဏချော်လဲခြင်းသည် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြသနာများနှင့် ပတ်ဝန်းကျင်နှင့် လူမှုအဖွဲ့အစည်းများမှ အန္တရာယ်ကင်းပြီးလုံခြုံမှုရှိသော ပတ်ဝန်းကျင်မျိုး မဆောင်ရွက်ပေးနိုင်ခြင်းစသည့် အကြောင်းရင်းများနှင့် ဆက်စပ်နေနိုင်သည်။
ချော်လဲခြင်းသည် မတော်တဆဖြစ်ခြင်းကြောင့် အမြဲမဟုတ် ပါ။ တဦးချင်းစီနှင့် ပတ်ဝန်းကျင်အပေါ်မူတည်ပြီးချော်လဲစေနိုင်သောအကြောင်းရင်းများရှိပါသည်။ ထိုအကြောင်းရင်းများနှင့် ထိတွေ့ရလေလေချော်လဲနိုင်ချေများလေလေဖြစ်သည်။

တဦးချင်းနှင့် သက်ဆိုင်သောအကြောင်းရင်းများ

• ဆေးများ
လူကြီးများ မှီဝဲနေရသော အချို့ဆေးများသည် မူးခြင်း၊ ဝေခြင်းတို့ကို ဖြစ်စေနိုင်သည်။
• သွေးပေါင်ကျခြင်း
လဲလျောင်းနေရာမှ ရုတ်တရက်ထထိုင်ချိန်တွင် သွေးပေါင်ကျခြင်းသည် အနေအထားကြောင့်သွေးပေါင်ကျခြင်းဖြစ်ပြီးချော်လဲစေတတ်သည်။
• လမ်းလျှောက်ရန်နှင့် ဟန်ချက်ထိန်းရန်ခက်ခြင်း
၎င်းသည် လေ့ကျင့်ခန်းမလုပ်ခြင်း၊ ဦးနှောက်နှင့် အာရုံကြောရောဂါများ၊ အဆစ်ရောင်ခြင်းနှင့် အချို့သောဆေးများ၏ဘေးထွက်ဆိုးကျိုးများကြောင့်ဖြစ်ရသည်။
• အမြင်အာရုံချို့ယွင်းလာခြင်း
အရာဝတ္ထုများကိုကောင်းစွာမမြင်ရခြင်းေကြောင့် ချော်လဲရသည်။ အတိမ်အနက်မခန့်မှန်းနိုင်ခြင်း၊ ရေတိမ်နှင့် အတွင်းတိမ်စွဲခြင်းစသည့် အမြင်အာရုံနှင့်ဆိုင်သောရောဂါများကြောင့်လဲဖြစ်နိုင်သည်။
• ကြွက်သားအားနည်းခြင်း(အထူးသဖြင့် ခန္ဒါကိုယ်အောက်ပိုင်းကြွက်သားများ)
ကြွက်သားများအားနည်းလျှင် အကွေးအဆန့်ကောင်းစွာမပြုလုပ်နိုငခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်းတို့ဖြစ်ကာချော်လဲရသည်။
• ခြေဖဝါးများနာကျင်ခြင်းနှင့် လုံခြုံမှုမရှိသော ဖိနပ်များဝတ်ဆင်ခြင်း
ကြိုးသိုင်းမပါသောဖိနပ်များ၊ ကွင်းထိုး၊ ညှပ်ဖိနပ်ပါးများနှင့် ထောက်မြင့် ဖိနပ်များ၊ အောက်ခံသားရေပါးသောဖိနပ်များကသင့် ကိုချော်လဲနိုင်ချေများစေသည်။

ပတ်ဝန်းကျင်နှင့် သက်ဆိုင်သောအကြောင်းရင်းများ

နေရာတိုင်းတွင်ချော်လဲနိုင်ချေရှိသော်လည်းနေ့စဉ်လှုပ်ရှားနေသော ပတ်ဝန်းကျင် ဘေးကင်းလုံခြုံမှုမရှိလျှင် ချော်လဲနိုင်ချေပိုများသည်။
အိမ်တွင် ချော်လဲစေနိုင်သောအချက်များမှာ
• ခြေသုတ်ခုံများလျော့ရိလျော့ရဲဖြစ်နေခြင်း
• အလင်းရောင်မှိန်ခြင်း
• အထူးသဖြင့် ရေချိုးခန်းများတွင် ကြမ်းခင်းလျှောခြင်း
• ကြမ်းပြင်နှင့် လှေကားထစ်များတွင် ပစ္စည်းများရှုပ်ပွနေခြင်း
• လှေကားထစ်များကျိုးနေခြင်း၊ မညီညာခြင်း
• လေးလံသောအရာများသယ်ယူကာလှေကားအတက်အဆင်းပြုလုပ်ခြင်း
• လှေကားလက်တန်းများမရှိခြင်းစသည်တို့ကြောင့်ဖြစ်သည်။
အချုပ်ဆိုရသော် မကြာခဏချော်လဲလျှင် ဆိုးကျိုးများဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ဆရာဝန်နှင့်တိုင်ပင်ပြီး သင့်တော်သော စမ်းသပ်မှုများလုပ်ဆောင်ကာ မကြာခဏချော်မလဲစေရန် ဂရုစိုက်သင့်သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    COVID-19 ပြင်းထန်အဆုတ်ရောင် ရောဂါမြန်မာနိုင်ငံကိုရောက်လာခဲ့ရင်

    ပြင်းထန်အဆုတ်ရောင် ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်း လက်ဆေး နှာချေချောင်းဆိုး mask သက်ကြီးရွယ်အို ကိုယ်ဝန်ဆောင် COVID-19

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    COVID-19 အဆုတ်ရောင်ရောဂါ နဲ့ ကိုယ်ဝန်ဆောင် များ

    ကိုယ်ဝန်ဆောင် COVID-19 အဆုတ်ရောင်ရောဂါ ခုခံအား သက်ကြီးရွယ်အို ကိုယ်ခံအားမကောင်း အာဟာရချို့တဲ့ သွေးအားနည်းတာ ကလေးအလှုပ်နည်း ကိုရိုနာဗိုင်းရပ်စ် လက်ဆေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    မြေးထိန်းတဲ့ ဘိုးဘိုးဘွားဘွားတွေဟာ အသက်ပိုရှည်တယ်တဲ့

    ဘိုးဘိုးဘွားဘွား၊ မြေးလေးတွေ၊ စိတ်ဖိစီးမှု၊ အဖော်မဲ့မှုနဲ့ အထီးကျန်မှု၊ လူမှုဆက်ဆံရေး၊ ဘဝနေထိုင်မှုပုံစံ၊ ကလေးထိန်း၊ သက်ကြီးရွယ်အို

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung

    “အိုပယ်”အဖြစ်နဲ့ လူပိုတစ်ယောက်လိုခံစားရအောင် မလုပ်မိပါစေနဲ့

    စိတ်ကျဝေဒနာ လူကြီးမိဘ သက်ကြီးရွယ်အို မိဘဘိုးဘွား အဖေ အမေ မိသားစု ကျန်းမာရေး စိတ်ကျန်းမာရေး သားသမီး ပြုစုဂရုစိုက်မှု အားပေးမှု

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    သင့်အတွက် ရွေးချယ်ထားသည်

    ဘိုးဘိုးဘွားဘွားတွေကို ကိုဗစ်ကာလမှာ ဒီလိုစောင့်ရှောက်ပေးပါ

    ဘိုးဘိုးဘွားဘွားတွေကို ကိုဗစ်ကာလမှာ ဒီလိုစောင့်ရှောက်ပေးပါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 3 mins read
    အိုမင်းရင့်ရော်ခြင်းနှင့်သက်ဆိုင်သော အသိမှား အမြင်မှားများ

    အိုမင်းရင့်ရော်ခြင်းနှင့်သက်ဆိုင်သော အသိမှား အမြင်မှားများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 16, 2020 . 3 mins read
    ကလေးတွေ မှာဘာလို့ COVID-19 အဖြစ်နည်းတာလဲ

    ကလေးတွေ မှာဘာလို့ COVID-19 အဖြစ်နည်းတာလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် မတ် 13, 2020 . 2 mins read

    ဘယ်လိုလူတွေမှာ Covid-19 ဗိုင်းရပ်စ် ကူးစက်နိုင်သလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2020 . 2 mins read