backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 03/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ

ဒီကနေ့ခေတ်မှာ အသက်အရွယ်မရွေး ကိုယ်အလေးချိန် မြင့်တက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်လာကြရပါတယ်။ အသက် ၅၀ ကျော်လာတဲ့ အချိန်မျိုးမှာ ခန္ဓာကိုယ်ရဲ့ အဘက်ဘက်က ယိုယွင်းလာမှုကြောင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ ပိုမို ခက်ခဲလာကြပါတယ်။

ဒီအသက်အရွယ်မှာ ကိုယ်အလေးချိန်ကို ထိန်းချုပ်ရတာဟာ တစ်နှစ်ထက် တစ်နှစ် ပိုမိုခက်ခဲလာတဲ့ ကိစ္စတစ်ခုပါ။ တစ်သက်လုံး ကျန်းမာရေးနဲ့ မညီညွတ်စွာ နေထိုင်စားသောက်ခဲ့မိမယ်ဆိုရင် အသက် ၅၀ ကျော်လာချိန်တွေမှာ အဝလွန်နေနိုင်ပါတယ်။

ဒါပေမယ့် ဒီအချက်တွေကြောင့်နဲ့တော့ သင်ဟာ ကိုယ်အလေးချိန်ချလို့မရဘူး၊ အဆီပိုတွေကို မဖယ်ရှားနိုင်ဘူးလို့ မယူဆလိုက်ပါနဲ့။ အသက် ၅၀ တန်း လူကြီးတွေအနေနဲ့လည်း ရိုးရှင်းတဲ့နည်းလမ်းတွေကိုအသုံးပြုပြီး အလေးချိန်ကို ထိန်းညှိလို့ရပါတယ်။ ဒီတစ်ခေါက်တော့ အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ

ကိုယ်အလေးချိန်လျှော့ချကြမလဲ ဆိုရင်တော့

မနက်စောစောထတာဟာ ကိုယ်အလေးချိန် လျှော့ချမှုအတွက် ကောင်းမွန်တဲ့ နည်းလမ်း တစ်ရပ် ဖြစ်ပါတယ်။ မနက် စောစောထတဲ့အခါ အစာစားချင်စိတ်နည်းပါးပြီး တက်ကြွလန်းဆန်းစေနိုင်ပါတယ်။ မနက်စာနဲ့ နေ့လယ်စာကို အနပ်တွေ ပေါင်းစားရတာလည်း မရှိတော့ပါဘူး။

ကိုယ်အလေးချိန်လျှော့ချဖို့အတွက် လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်း တစ်မျိုးတည်းကို ပုံသေလုပ်တာထက် အမျိုးအစား စုံစုံလင်လင်ကို တစ်နေ့ကို မိနစ် ၃၀ လောက် လုပ်တာဟာ ဝိတ်ကျဖို့ ပိုကောင်းမွန်တဲ့နည်းလမ်းဖြစ်ပါတယ်။

ဘယ်အသက်အရွယ် အတွက်မဆို ကိုယ်အလေးချိန် လျှော့ချဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ သစ်သီးဝလံတွေနဲ့ အသီးအရွက်ကို များများစားပေးတာဟာ ကိုယ်အလေးချိန် လျှော့ချရမှာ အထောက်အကူ ပြုတဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း ကြွယ်ဝစွာ ရရှိစေနိုင်ပါတယ်။

  • ပဲများများစားတာ

ပဲဟာ ပရိုတင်းဓာတ်ကြွယ်ဝပြီး အစာချေစနစ်ကိုလည်း အထောက်အကူပြုပါတယ်။ အစာအိမ် အတွင်းမှာ ရှိတဲ့ လူ့အကျိုးပြု ဘက်တီးရီးယားတွေကို ပံ့ပိုးပေးသလို ဇီဝကမ္မဖြစ်စဉ်ကို ကာကွယ်ပေးတဲ့ Fatty Acids တွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။

  • အစားအသောက်ကို ဂရုစိုက်တာ 

အသက်အရွယ် ကြီးရင့်လာသူတွေဟာ လိုအပ်တာထက် ပိုစားမိတာမျိုး၊ အစာစားချင်စိတ် လျော့နည်းသွားတာမျိုး၊ အစားစားချိန် မမှန်တာမျိုးတွေ ဖြစ်နိုင်ချေပိုများပါတယ်။ အစာ စားရာမှာလည်း လျင်လျင်မြန်မြန် မစားဘဲ မှန်မှန်နှေးနှေးနဲ့ ကြေညက်အောင် ဝါးစားတာက ဝိတ်ချရာမှာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

  • သကြားလျှော့စားတာ

သကြားဓာတ်ပါဝင်တဲ့ မုန့်အချိုတွေနဲ့ အချိုရည်တွေဟာ ခန္ဓာကိုယ်မှာ ကယ်လိုရီတွေ ပိုလျှံလာအောင် လုပ်မှာဖြစ်ပါတယ်။ သကြား စားသုံးမှု လျှော့ချလိုက်ရုံနဲ့ ကိုယ်အလေးချိန် သိသိသာသာ စစ်သွားပါလိမ့်မယ်။

ယောဂဟာ ကိုယ်ရောစိတ်ပါ ကျန်းမာစေနိုင်တဲ့ လေ့ကျင့်ခန်း တစ်မျိုး ဖြစ်ပါတယ်။ အိုမင်းရင့်ရော်မှုကို လျှော့ချတာနဲ့ ခန္ဓာကိုယ် တည်ငြိမ်မှုတွေ တိုးတက်စေဖို့လည်း အထောက်အကူ ဖြစ်ပါတယ်။ ဒါ့အပြင် ပုံမှန် လေ့ကျင့်ပေးခြင်းအားဖြင့် ကိုယ်အလေးချိန် လျော့ကျစေနိုင်တဲ့ အကျိုးထူးလည်း ရနိုင်ပါသေးတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန် ရရှိစေဖို့ အခုပြောခဲ့တဲ့ နည်းလမ်းတွေကို အကောင်အထည်ဖော်လိုက်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 03/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement