အရွတ်ကြောနာ (Fibromyalgia) – ခန္ဓါကိုယ်အနှံ့က နေရာပေါင်းများစွာမှာ နာကျင်မှုနဲ့ အထိမခံနိုင်ကျိန်းစပ်မှု တွေဖြစ်လာပြီး အိပ်စက်ခြင်းပြဿနာတွေနဲ့ ပင်ပန်းနွမ်းလျမှုဖြစ်စေတဲ့ နာတာရှည်ရောဂါဖြစ်ပါတယ်။
စိတ်ကျဝေဒနာ – စိတ်ကျဝေဒနာခံစားနေရတဲ့လက္ခဏာဟာ ဝမ်းနည်းစိတ်တစ်ခုတည်းမဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာမှာပါ အကြောင်းရင်းမည်မည်ရရမရှိဘဲ နာကျင်တာတွေ၊ကိုက်ခဲတာတွေဖြစ်လာတတ်ပါတယ်။ ဥပမာ- ခေါင်းကိုက်ခြင်း၊ ခါးနာခြင်း၊ ဗိုက်အောင့်ခြင်း။
အဝလွန်ခြင်း – ခန္ဓါကိုယ်အောက်ပိုင်းကအဆစ်အမြစ်တွေကို ဖိအားပိုများစေနိုင်တဲ့ ကိုယ်အလေးချိန်တိုးလာခြင်း က osteoarthritis ဖြစ်နိုင်ခြေပိုများစေပါတယ်။ အထူးသဖြင့် လူတစ်ကိုယ်လုံးရဲ့အလေးချိန်ကို ထမ်းထားရတဲ့ ဒူးခေါင်းတွေက ထိခိုက်နိုင်ဖို့ ပိုအန္တရာယ်များပါတယ်။
ထိခိုက်ထားတာ၊ အသုံးများလွန်းတာ – အားကစားသမားတွေနဲ့ ကြိမ်ဖန်များစွာခန္ဓါကိုယ်လှုပ်ရှားနေရတဲ့အလုပ် လုပ်ကိုင်သူတွေမှာ ထိခိုက်ဒဏ်ဖြစ်တာနဲ့ အဆစ်တွေမှာဖိအားများစေတာကြောင့် osteoarthritis ဖြစ်နိုင်ခြေမြင့်မားပါတယ်။ တစ်ရှူးပျော့မှာဒဏ်ဖြစ်တာက osteoarthritis ဖြစ်စေနိုင်သလို အရိုးကျိုးအက်ခြင်းနဲ့ ခွဲစိတ်ကုသမှုခံယူရဖူးတဲ့အဆစ်တွေမှာပိုဖြစ်တတ်ပါတယ်။
ကြွက်သားအားနည်းခြင်း – ဒူးနားတဝိုက်က ကြွက်သားတွေအားနည်းတာက osteoarthritis နဲ့ဆက်နွှယ်နေပြီး အထူးသဖြင့်အမျိုးသမီးတွေမှာဖြစ်တတ်ပါတယ်။
ကုသနည်း
အရိုးအဆစ်နာခြင်းအတွက် အရှင်းပျောက်ကင်းစေမယ့်ကုသနည်းမရှိပေမယ့် ဆေးဝါးသောက်သုံးတာကနေ ခွဲစိတ်ကုသမှုအထိ ကုသနည်းတွေရှိသလို ကိုယ်တိုင်ကြိုးစားကြည့်နိုင်တဲ့ဆောင်ရန်ရှောင်ရန်တွေကလည်း ကောင်းကျိုးရရှိနိုင်ပါတယ်။
ကိုယ်အလေးချိန်လျှော့ဖို့ – ကိုယ်က ဝ နေသူဖြစ်ရင် အရင်ဆုံး အဆီပိုတွေချပစ်ဖို့ လိုပါတယ်။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းစလုပ်ဖို့ – နောက်တစ်ချက်က ကိုယ်နဲ့သင့်လျော်မယ့် ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုခုကို အရိုးအဆစ်ဆရာဝန်နဲ့ တိုင်ပင်လုပ်ဆောင်ပါ။ စက်ဘီးစီးခြင်း၊လမ်းလျှောက်ခြင်းနဲ့ တခြား အားသိပ်မသုံးရတဲ့လေ့ကျင့်ခန်းတွေ၊ အရိုးအဆစ်တွေအပေါ်ဖိအားမများစေတဲ့လေ့ကျင့်ခန်းတွေကလည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
ဖိနပ်နဲ့ကုသ – ကွင်းထိုးဖိနပ်၊ ဖိနပ်ကောင်းကောင်း၊နဲ့ လမ်းလျှောက်တုတ် တို့ကလည်း ဒူးနာ၊ တင်ပါးရိုးနာ၊ ခြေဖဝါးနာ တွေအတွက်အထောက်အကူဖြစ်စေနိုင်ပါတယ်။
ဆေးဝါး – Aspirin၊ Ibuprofen နဲ့ Paracetamol တို့က ထိရောက်တဲ့အကိုက်အခဲပျောက်ဆေးတွေဖြစ်ပါတယ်။ အရောင်ကျဆေးတွေလိုမျိုး တခြားဆေးတွေကိုလည်း ဆရာဝန်က ညွှန်ကြားလာနိုင်ပါတယ်။
အရိုးအဆစ်နာရောဂါက နွေးနွေးထွေးထွေး အနေအထားမှာ ပိုသက်သာတတ်တာကြောင့် အအေးသိပ်မခံဖို့ သတိထားသင့်ပါတယ်။ ရေနွေးပုလင်းကပ်တာ၊ ရေနွေးဝတ် ဒါမှမဟုတ် ရေနွေးအိတ်ကပ်ပေးတာက နာကျင်မှုနဲ့ တောင့်တင်းမှုကိုသက်သာစေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။