တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ထဲမှာ ကွန်ပျူတာကို လူကြီး၊ လူငယ်၊ နေရာဒေသမရွေး တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ ကွန်ပျူတာဟာ အလုပ်တွေ လျင်မြန်စွာ ပြီးနိုင်ဖို့ ကူညီပေးနိုင်တဲ့အပြင် ကျောင်း၊ လုပ်ငန်းခွင်တွေအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ထဲမှာ ကွန်ပျူတာကို လူကြီး၊ လူငယ်၊ နေရာဒေသမရွေး တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ ကွန်ပျူတာဟာ အလုပ်တွေ လျင်မြန်စွာ ပြီးနိုင်ဖို့ ကူညီပေးနိုင်တဲ့အပြင် ကျောင်း၊ လုပ်ငန်းခွင်တွေအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။
ဒါပေမဲ့ ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေး ပါပဲ။ လူသားတွေအတွက် အကျိုးရှိပေမယ့် မနက်ကနေ ညအထိ ကွန်ပျူတာရှေ့မှာပဲ ထိုင်ပြီး အလုပ်လုပ်နေမယ်၊ စာလုပ်နေရမယ်ဆိုရင်တော့ အနှေးနဲ့ အမြန် ကျန်းမာရေးြပဿနာတွေ ကြုံလာနိုင်ပါတယ်။ ကွန်ပျူတာသုံးလွန်းတဲ့သူတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ဝေမျှပေးချင်ပါတယ်။
ကွန်ပျူတာကို ထိုင်ပြီး အသုံးပြုနေရတာဖြစ်တဲ့အတွက် အချိန်ကြာလာတဲ့အခါ ကျောနဲ့ လည်ပင်းမှာရှိတဲ့ အရိုး၊ အဆစ်တွေ ကိုက်ခဲနာကျင်လာမယ်။ ပုခုံးကြွက်သားတွေ ကိုက်ခဲလာမယ်။ ခေါင်းမူး၊ ခေါင်းကိုက်လာမယ်။
ထိုင်နေရတဲ့အခါ လှုပ်ရှားမှုမရှိပေမဲ့ ခန္ဓါကိုယ်က တချို့သော အစိတ်အပိုင်းတွေဟာ အချိန်အကြာကြီး ပုံမှန်အလုပ်လုပ်နေရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သွေးလည်ပတ်မှု နှေးလာမယ်။ နာကျင်မှုတွေ ခံစားလာရမယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲအန္တရာယ်တွေ ဖြစ်လာနိုင်ခြေ ပိုမြင့်လာပါတယ်။
ကွန်ပျူတာမျက်နှာပြင်ကိုပဲ အချိန်ကြာရှည်စွာ ကြည့်တဲ့အခါ မျက်လုံးက ပိုပြီး အားစိုက်ရပါတယ်။ ဒါကြောင့် အချိန်ကြာလာတဲ့အခါ မျက်လုံးက ဒဏ်ဖြစ်လာတယ်။ မျက်စိမှုန်တာ၊ အမြင်အာရုံေဝဝါးတာ၊ အဝေးမှာ ရှိတဲ့အရာတွေကို သေချာအားစိုက်ပြီး ကြည့်လို့မရတော့ဘူး။ ခေါင်းတွေကိုက်လာမယ်။ အာရုံကြောစနစ်လည်း အားနည်းနိုင်ပါတယ်။
ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး ထိုင်ပြီး ဂိမ်းဆော့ကြတယ်။ စာလုပ်ကြတယ်။ အထိုင်များပြီး လှုပ်ရှားမှုနည်းလာတဲ့အခါမှာ ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ လေးလံထိုင်းမှိုင်းလာမယ်။ အာရုံစူးစိုက်မှု အားနည်းလာမယ်။ ကိုယ်အလေးချိန် တက်လာပြီး အဝလွန်လာမယ်။ နောက်ဆက်တွဲ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါတွေ ဖြစ်နိုင်ခြေ မြင့်တက်လာမှာပါ။
ဒါ့အပြင် ကလေးတွေအရွယ်ဟာ ကြီးထွားဖွံ့ဖြိုးရမယ့် အရွယ်ဖြစ်တာကြောင့် ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့အခါမှာ တခြားကလေးတွေနဲ့ အရပ်ချင်း၊ ခန္ဓါကိုယ်အရွယ်အစားချင်း ယှဉ်လိုက်တဲ့အခါ သေးငယ်နေမယ်။ စိတ်ပိုင်းဆိုင်ရာမှာလည်း ပြဿနာတွေ ဖြစ်လာမယ်။ ရန်လိုတဲ့ အပြုအမူမျိုးတွေ လုပ်လာမယ်။ မျက်စိအကြောဆွဲတာလိုမျိုး အာရုံကြောနဲ့ ဆက်စပ်နေတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
ကလေးတွေ ကွန်ပျူတာအသုံးများပြီး ကျန်းမာရေးပြဿနာတွေ မကြုံလာစေဖို့အတွက် မိဘတွေဘက်က သေချာ ဂရုစိုက်ပြီး အကျင့်လုပ်ပေးထားဖို့ လိုပါတယ်။ အပြင်ထွက်ပြီး ပေးကစားတာ၊ ကိုယ်လက်လှုပ်ရှားမှု အတူလုပ်ပေးတာ အစရှိသဖြင့် ကလေးတွေကို တက်တက်ကြွကြွ ဖြစ်အောင် နေထိုင်ပုံတွေကို စိတ်ရှည်ရှည်နဲ့ ပုံသွင်းပေးပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။