ကိုယ်ဝန်ဆောင်ချိန် Omega -3 သောက်သုံးခဲ့ရင် မွေးလာတဲ့ကလေးမှာ သွေးတိုးဖြစ်နိုင်ခြေနည်းစေနိုင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်ကာလအတွင်း ငါးကြီးဆီမှာပါတဲ့ Omega -3 fatty acid (DHA)သောက်သုံးတဲ့မိခင်တွေကနေမွေးဖွားလာတဲ့ကလေးတွေဟာသွေးတိုးရောဂါဖြစ်လာနိုင်တဲ့အန္တရာယ်လျော့နည်းတယ်လို့ သုတေသနအသစ်ကဖော်ပြခဲ့ပါတယ်။

မိခင်လောင်းတွေရဲ့Omega -3သောက်သုံးမှုက ကလေးတွေရဲ့နောက်ပိုင်းသက်တမ်းအထိရေရှည်အကျိုးသက်ရောက်မှုရှိနိုင်တာဖြစ်တယ် လို့ University of Kansas မှ အာဟာရဗေဒ ပါမောက္ခဖြစ်တဲ့ တွဲဖက်သုတေသီ ဆူဆန်ကာလ်ဆန်ကပြောပါတယ်။

သုတေသနမှာKansas City ဧရိယာအတွင်းမွေးဖွားခဲ့တဲ့ကလေး ၁၇၁ ဦးကိုလေ့လာစောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ မိခင်လောင်းတွေသောက်သုံးနေကျ ဗီတာမင်အားဆေးတွေ၊ ငါးကြီးဆီတို့မှာပါတတ်တဲ့DHA (docosahexaenoic acid) တစ်နေ့ ၆၀၀ မီလီဂရမ်သောက်သုံးတာက တစ်ဖွဲ့၊ ဗလာဆေး တိုက်ကျွေးခဲ့တာတစ်ဖွဲ့နဲ့အုပ်စုနှစ်ခုခွဲပြီးစောင့်ကြည့်ခဲ့ပါတယ်။

အဖွဲ့နှစ်ဖွဲ့ရဲ့မွေးဖွားလာတဲ့ကလေးတွေကို အသက် ၄ နှစ်ကနေ ၆ နှစ်အတွင်းသွေးဖိအားစစ်ဆေးမှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ကိုယ်အလေးချိန်များ ဒါမှမဟုတ် အဝလွန်နေတဲ့ကလေးတွေအနက် မိခင်က DHAဖြည့်စွက်အားဆေးသောက်သုံးခဲ့သူတွေထက် ဗလာဆေးသောက်သုံးခဲ့သူတွေဟာသွေးဖိအားြမင့်တက်နေတာတွေ့ရပါတယ်။

ပျမ်းမျှအားဖြင့် ဗလာဆေးသောက်ခဲ့တဲ့မိခင်အုပ်စုရဲ့ ကိုယ်အလေးချိန်များတဲ့ကလေးတွေဟာ အပေါ်သွေး3.94 mm Hg ပိုများနေပြီးအောက်သွေး4.97 mm Hg ပိုများနေတာပဲဖြစ်ပါတယ်။

ဒီကွာခြားချက်က သိသာထင်ရှားတဲ့ရလဒ်ဖြစ်နေတယ်လို့ သုတေသီအဖွဲ့ကဆိုပါတယ်။ DHA ရဲ့အာနိသင်ဟာမွေးဖွားပြီးကိုယ်အလေးချိန်များခြင်းဖြစ်စဉ်မှာ ပုံမှန်သွေးဖိအားကိုထိန်းသိမ်းပေးမယ့် နှလုံးလုပ်ဆောင်ချက်ကို စီစဉ်ပေးတာပါဝင်နိုင်တယ်လို့ တွဲဖက်သုတေသီ ဂျွန်ကိုလမ်ဘိုကပြောပါတယ်။

“ ဒီသုတေသနဟာ မိခင်လောင်းတွေနဲ့ ကလေးဆရာဝန်တွေအနေနဲ့ကလေးမမွေးဖွားခင် ကျန်းမာရေးနဲ့အပြုအမူပိုင်းဆိုင်ရာဂရုစိုက်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ် “ လို့ ကိုလမ်ဘိုကပြောပါတယ်။

ကိုယ်ဝန်ဆောင်အားဆေးတော်တော်များများမှာ DHA ပါဝင်ပေမယ့် အများစုက ၆၀၀ မီလီဂရမ်ထက်တော့မကျော်ပါဘူး။ ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ဗီတာမင်အားဆေးတွေမှာ DHA က200-300 mgလောက်ပါဝင်ပါတယ်။ လမစေ့ဘဲမွေးဖွားနိုင်တဲ့ အန္တရာယ်ကိုလျော့နည်းစေတာအပါအဝင် DHA ရဲ့တခြားအကျိုးအာနိသင်တွေရှိနေတော့ ကိုယ်ဝန်ဆောင်ကာလမှာ တစ်နေ့တာDHA ပမာဏကို များများသောက်ဖို့လိုအပ်ပါတယ်လို့New York City၊Lenox Hill Hospital မှ သားဖွားမီးယပ်အထူးကုဒေါက်တာ ဂျနီဖာဝူ ကပြောပါတယ်။

DHA ဟာ ကလေးတွေရဲ့ အမြင်အာရုံနဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက်ကောင်းတယ်ဆိုတာ သိထားပြီးဖြစ်လို့ အခုလိုသွေးတိုးကာကွယ်တယ်ဆိုတာ သိရတော့ သတင်းကောင်းတစ်ခုဖြစ်နေပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်အရွယ်တွေမှာမှဖြစ်လာတတ်တဲ့ ကျန်းမာရေးပြဿနာတွေအများကြီးရှိတာကြောင့် နှစ်ရှည်သုတေသနတွေ ဆက်လုပ်ဖို့လိုသေးတယ်လို့ သုတေသီတစ်ဦးကပြောပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ…..

အာဟာရဇယားကို ဖတ်တာက သားသားမီးမီးတို့ အနာဂတ် လှပအောင် ပုံဖော်ဖို့ မေမေတို့ မပျက်မကွက် လုပ်ဆောင်ရမယ့် အချက်လေး တစ်ခုပါ။ မေမေရော..........

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သားသားမီးမီးတွေ ဉာဏ်ရည်ပိုထက်မြက်လာစေမယ့် အစားအစာနှင့် လေ့ကျင့်ခန်းများ

ကလေးတွေရဲ့ ဦးနှောက်ကောင်းမွန်စွာ ဖွံ့ဖြိုးစေဖို့ဆိုရင် မှန်ကန်တဲ့အစားအသောက်တွေကို မှီဝဲစေဖို့ က ပထမလိုအပ်ချက်ပါ။ နောက်တစ်ခုကတော့..............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ထက်ထက်မြက်မြက် မျိုးဆက်သစ်များ ဖြစ်လာစေဖို့အတွက်

အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်ခဲ့ရတဲ့ သားသားမီးမီးတို့ ကျန်းမာထက်မြက်စွာ ကြီးပြင်းလာမှုက ဘာနဲ့မှ မလဲနိုင်တဲ့ မေမေတို့အတွက် တန်ဖိုးအကြီးဆုံး ဆုလာဘ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သားသားမီးမီးတို့အတွက် သံဓာတ်ပြည့်ဝစေမယ့် အလွယ်ကူဆုံး အစားအစာလေးများ

ကလေးက သွက်လက် တက်​ကြွနေမှ သင်ယူမှုကောင်းသလို မှတ်သားနိုင်စွမ်းလည်း ကောင်းမှာပါ။ ပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ သားသားမီးမီးတို့ ဖြစ်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

သွေးမပျစ်စေဖို့ ဘာတွေ စားရမလဲ.........

သွေးမပျစ်စေဖို့ ဘာတွေ စားရမလဲ………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 6, 2021 . 2 mins read
ကျဆင်းလာတဲ့ ဦးနှောက်စွမ်းဆောင်ရည် ကို ပြန်လည် မြှင့်တင်ရအောင်

ကိုဗစ်ကြောင့် ကျဆင်းလာတဲ့ ဦးနှောက်စွမ်းဆောင်ရည် ကို ပြန်လည် မြှင့်တင်ရအောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 2, 2021 . 2 mins read
မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးကို အာဟာရပြည့်ဝစေဖို့

မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးကို အာဟာရပြည့်ဝစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Aye Thi Mon
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 27, 2021 . 2 mins read
ကလေးကျန်းမာရေး အကြောင်း

ကလေးကျန်းမာရေး အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read