အရင်းအမြစ်များ – ကြက်ဥ၊ ဝက်မိုးခိုသား၊ ကြိတ်ထားတဲ့ အမဲသား၊ ဆော်လမွန်ငါး၊ ကြက်သား၊ ပန်းဂေါ်ဖီစိမ်း သို့မဟုတ် ပန်းဂေါ်ဖီအဖြူ။
(၃) Docosahexaenoic Acid (DHA)
DHA omega-3 fatty acids အမျိုးအစားဝင်တစ်ခုဖြစ်ပါတယ်။ ကလေးအတွက် ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ အမြင်အာရုံအတွက် ကောင်းသလို မိခင်အတွက် နောက်ပိုင်းမှာ နှလုံးရောဂါဖြစ်လာနိုင်ခြေ လျော့နည်းစေပါတယ်။
နေ့စဉ်လိုအပ်တဲ့ ပမာဏ− ၂၀၀ မီလီဂရမ်
အရင်းအမြစ်များ – ငါးကြီးဆီ
(၄) ဖောလစ်အက်စစ်
ဖောလစ်အက်စစ်က ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်တဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ အာရုံကြောမကြီး ပြဿနာတွေကို ကြိုတင်ကာကွယ်ပေးတဲ့အပြင် မိခင်မှာ သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။
နေ့စဉ်လိုအပ်တဲ့ ပမာဏ− ၄၀၀ မိုက်ခရိုဂရမ်
အရင်းအမြစ်များ -ဟင်းနုနွယ်၊ ပန်းမုန်လာစိမ်း၊ အမဲသား၊ ပန်းဂေါ်ဖီ၊ စတော်ဘယ်ရီ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
(၅) အိုင်အိုဒင်း
ကလေးရဲ့ သိုင်းရွိုက်ဂလင်းဖြိုးမှုအတွက် လိုအပ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းချို့တဲ့တဲ့အခါ ကလေးတွေမှာ ဉာဏ်ရည်မဖွံ့ဖြိုးတာ၊ ဖွံ့ဖြိုးမှု နောက်ကျတာ၊ အကြားအာရုံ ချို့ယွင်းတာနဲ့ တခြားကျန်းမာရေး ပြဿနာတွေ ကြုံရတတ်ပါတယ်။
နေ့စဉ်လိုအပ်တဲ့ ပမာဏ− ၂၂၀ မီလီဂရမ်
အရင်းအမြစ်များ – ဒိန်ချဉ်၊ ပုစွန်၊ ဥ၊ အိုင်အိုဒင်းဆား
(၆) သံဓာတ်
သံဓာတ်က သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ Hemoglobin တွေဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်မပြည့်ဝဘူးဆိုရင် သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရောဂါဖြစ်စေနိုင်သလို မအီမသာဖြစ်တာ၊ ပင်ပန်းနွမ်းနယ်တာမျိုး ခံစားရနိုင်ပါတယ်။
သံဓာတ်ချို့တဲ့မှု ပြင်းထန်မယ်ဆိုရင် လမစေ့ဘဲ ကလေးမွေးဖွားတာ၊ ပေါင်မပြည့်ဘဲ ကလေးမွေးဖွားတာ၊ ကလေးမွေးဖွားပြီးချိန်မှာ စိတ်ဓာတ်ကျတာမျိုးတွေဖြစ်စေနိုင်ပါတယ်။
နေ့စဉ်လိုအပ်တဲ့ ပမာဏ− ၂၇ မီလီဂရမ်
အရင်းအမြစ်များ – အမဲသား၊ ဝက်သား၊ ဟင်းနုနွယ်၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်
(၇) ဗီတာမင် ဒီ
ဘေဘီလေးရဲ့ အရိုး နဲ့ သွားတွေ ကြံ့ခိုင်သန်မာစေဖို့အတွက် ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်ဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ အရေပြားနဲ့မျက်လုံးကျန်းမာစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။
နေ့စဉ်လိုအပ်တဲ့ ပမာဏ− ၅ မိုက်ခရိုဂရမ်/ ၆၀၀ IU
အရင်းအမြစ်များ – နို့၊ အဆီပါတဲ့ငါး၊ နေရောင်ခြည်
(၈) ဇင့်
ဇင့်က အင်ဆူလင်ကို ထုတ်လုပ်ပေးပြီး ကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းကောင်းလည်ပတ်နိုင်ဖို့ လိုအပ်တဲ့ အင်ဇိုင်းတွေကို ထုတ်ပေးပါတယ်။ မိခင်ရဲ့ ခန္ဓာကိုယ်မှာ ဆဲလ်တွေကြီးထွားမှုနဲ့ ပြန်လည်ပြုပြင်မှုမှာလည်း ဇင့်ကိုလိုအပ်ပါတယ်။
နေ့စဉ်လိုအပ်တဲ့ ပမာဏ− ၁၁ မီလီဂရမ်
အရင်းအမြစ်များ – အနီရောင်အသား၊ ပဲ၊ နို့ထွက်ပစ္စည်း၊ ကမာ
(၉) ဗီတာမင် B1
ခွန်အားတိုးစေပြီး အာရုံကြောစနစ်ကို ကျန်းမာစေပါတယ်။
နေ့စဉ်လိုအပ်တဲ့ ပမာဏ− ၁.၄ မီလီဂရမ်
အရင်းအမြစ်များ – ကလီစာ၊ ကောက်နှံကြမ်း၊ ဥ၊ အစေ့အဆန်
(၁၀) ဗီတာမင် B6
သွေးနီဥတွေ ထုတ်လုပ်တာကို ကူညီပေးပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာကိုလည်း သက်သာစေပါတယ်။
နေ့စဉ်လိုအပ်တဲ့ ပမာဏ− ၁.၉ မီလီဂရမ်
အရင်းအမြစ်များ – ကြက်သား၊ ဝက်သား၊ ငါး၊ အသည်း၊ မုန်လာဥနီ၊ ဂေါ်ဖီ၊ အစေ့အဆန်
ဒါတွေအပြင် တခြားလိုအပ်တဲ့ အာဟာရတွေလည်း ရှိပါသေးတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ တတ်နိုင်သမျှ အစားမရှောင်ဘဲ အစုံစားပါ။ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရစေဖို့ တစ်ရက်ကို ချက်ပြီးသား အသီးအရွက် တရုတ်ပန်းကန်လုံးနဲ့ ၂−၃လုံး၊ အသီးအနှံ တရုတ်ပန်းကန်လုံးနဲ့ ၁−၂လုံး စားပေးပါ။ တစ်မျိုးတည်းကို အများကြီး စားတာထက် အရောင်စုံ၊ အမျိုးစုံအောင် စားဖို့ အကြံပြုလိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။