backup og meta

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနိုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက အဖျားသက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် အကိုက်အခဲပျောက်စေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါကြောင့်  အဖျားကျစေတာအပြင် အခုလိုလေးတွေလည်း အသုံးပြုလို့ ရပါသေးတယ်။

  • ခေါင်းကိုက်တာ 

အဖျားရှိလို့ ခေါင်းကိုက်တာ၊ အလုပ်ပင်ပန်းတာ၊ စိတ်ဖိစီးတာတွေကြောင့် ဖြစ်နေတဲ့ ကိုက်တာာတွေကို သက်သာစေဖို့အတွက်လည်း ပါရာစီတမောကို သောက်ပေးလို့ ရပါတယ်။

  • သွားနာတာ

သွားကိုက် သွားနာတာတွေကို ခံစားနေရချိန်မှာ နာကျင်မှု သက်သာစေဖို့ဆိုရင် ပါရာစီတမောပါတဲ့ ဆေးတစ်မျိုးမျိုးကို သောက်ပေးလို့ ရပါတယ်။ သူ့မှာ အကိုက်အခဲပျောက်စေတဲ့ အာနိသင်လည်း ရှိလို့ပါ။

  • နားပိုးဝင်လို့ နားကိုက်တာ

နားပိုးဝင်လို့ နားကိုက်တာ၊ နားထဲ ရေဝင်လို့ နားပြည်ယိုပြီး နားကိုက်တာတွေကို သက်သာစေဖို့ဆိုရင်လည်း ပါရာစီတမောပါတာကို သောက်ပေးလို့ ရပါတယ်။

  • ရာသီလာလို့ ကိုက်ခဲတာ

လေဒီလေးတွေမှာ ရာသီလာလို့ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့အတွက်လည်း ပါရာစီတမောကို သောက်ပေးလို့ ရပါတယ်။ ရာသီအကြို ကိုက်ခဲတာကို သက်သာစေဖို့အတွက်လည်း သောက်ပေးလို့ ရပါတယ်။

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

  • ကာကွယ်ဆေး ထိုးပြီးချိန် 

ကာကွယ်ဆေးတွေ ထိုးပြီးချိန်မှာ ဖျားနာတာ၊ လက်မောင်းအောင့်တာတွေ သက်သာစေဖို့အတွက်လည်း အိမ်မှာရှိတဲ့ ပါရာစီတမောပါတဲ့ အဖျားကျဆေး တစ်မျိုးမျိုးကို သောက်ပေးလို့ ရပါတယ်။

  • ကြွက်သားနာတာ

အလေးအပင်မတာ၊ ထိခိုက်မိတာ တစ်ခုခုကြောင့် ကြွက်သားတွေ နာကျင်တာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

  • အဆစ်တွေ ကိုက်ခဲတာ

ခြေဆစ်လက်ဆစ်တွေ ကိုက်ခဲနာကျင်တာ၊ အဆစ်ထိခိုက်မှုကြောင့် နာကျင်တာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

  • မျက်ရိုးကိုက်တာ

မျက်ရိုးကိုက်တာကို ဘာဆေး သောက်ရမလဲ မသိဘူးဆိုရင် ပါရာစီတမောပါတဲ့ အဖျားကျဆေး တစ်မျိုးမျိုး သောက်ပေးလို့ ရပါတယ်။

  • ခါးနာတာ

ခါးကိုက်တာ ခါးနာတာကို သက်သာစေဖို့အတွက်လည်း အဖျားကျဆေးက အသုံးဝင်ပါသေးတယ်။

  • ခေါင်းတစ်ခြမ်းကိုက်တာ

အမျိုးသမီးတွေမှာ အဖြစ်များတဲ့ မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

  • လေ့ကျင့်ခန်း လုပ်စမှာ နာကျင်ကိုက်ခဲတာ

လေ့ကျင့်ခန်း စလုပ်သူတွေအနေနဲ့ အစပိုင်းမှာ နာကျင်ကိုက်ခဲတာတွေကို ခံစားရနိုင်ပါတယ်။ ဒီလို ပြဿနာတွေကို ပြေလည်စေဖို့ဆိုရင် ပါရာစီတမောပါတဲ့ အဖျားကျဆေးကို သောက်ပေးလို့ ရပါတယ်။

  • အနာပိုးဝင်ပြီးဖျားတာ

အနာပိုးဝင်ပြီး ရင်းနေတာ၊ အနာရှိန်နဲ့ နေလို့ မကောင်းတာတွေ သက်သာချင်တယ်ဆိုရင်လည်း အသုံးပြုပေးလို့ ရပါတယ်။

အခုပြောပြခဲ့တာတွေက အိမ်မှာရှိတဲ့ အဖျားကျဆေးတွေကို အအေးမိဖျားနာအတွက်တင် မဟုတ်ဘဲ အခြား အသုံးပြုလို့ရတဲ့ နည်းလမ်းလေးတွေပါ။ အဖျားကျဆေးတွေကို ဒီလို အသုံးပြုလို့ရတဲ့ အကြောင်းကတော့ ပါရာစီတမောမှာ အဖျားကျစေတဲ့ အာနိသင်အပြင် အကိုက်အခဲပျောက်စေတဲ့ အာနိသင်ပါရှိလို့ပါ။

နောက်ထပ်သတိထားရမယ့် အချက်တွေကတော့ ပါရာစီတမောက ဖျားတာ၊ ကိုက်ခဲတာကိုပဲ သက်သာစေတာပါ။ ဖျားစေတဲ့၊ ကိုက်ခဲစေတဲ့ အကြောင်းရင်းကို မသက်သာစေပါဘူး။ ဒါကြောင့် ဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေကုသဖို့ လိုပါတယ်။ သောက်နေရင်းနဲ့ ကိုက်ခဲတာ၊ ဖျားတာ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

ဒါလေးတွေ သတိထားပေးပါ!

ပါရာစီတမောပါတဲ့ အဖျားကျဆေးတွေကို သောက်တဲ့အခါ
  • အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေနဲ့ တွဲ မသောက်ပါနဲ့
  • ဆေးညွှန်းအတိုင်း သောက်ပါ။
  • ရက်ရှည်စွဲ မသောက်ပါနဲ့။ ၅ရက်လောက်ပဲ သောက်ပါ။
  • အသည်းရောဂါ၊ ကျန်းမာရေးပြဿနာ အခံတစ်ခုခု ရှိမယ်ဆိုရင်
  • စွဲသောက်နေတဲ့ ဆေးရှိမယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Paracetamol https://www.practo.com/medicine-info/paracetamol-219-api Accessed Date 5 September 2022

Paracetamol https://www2.hse.ie/conditions/paracetamol/ Accessed Date 5 September 2022

Paracetamol https://adf.org.au/drug-facts/paracetamol/ Accessed Date 5 September 2022

Paracetamol https://www.healthnavigator.org.nz/medicines/p/paracetamol/ Accessed Date 5 September 2022

Paracetamol for adults https://www.nhs.uk/medicines/paracetamol-for-adults/#:~:text=Paracetamol%20is%20a%20common%20painkiller,of%20cold%20and%20flu%20remedies. Accessed Date 5 September 2022

Paracetamol https://www.healthdirect.gov.au/paracetamol Accessed Date 5 September 2022

ယခုပုံစံ

08/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အအေးမိတဲ့အခါ တော်ရုံနဲ့ အဖျားမပျောက်တာ ဘာကြောင့်များလဲ

သင် ဘာလို့ ခဏခဏ ဖျားနာ နေတာလဲ


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/03/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ