backup og meta

အမျိုးသားတွေရော ချင်ခြင်းတပ် ကြသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 05/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေရော ချင်ခြင်းတပ် ကြသလား

    ချင်ခြင်းတပ် တယ်ဆိုတာက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ အများဆုံးဖြစ်တတ်တဲ့ စိတ်အခြေအနေတစ်ခုပါ ။ ကိုယ်ဝန်ဆောင်အမျိုးသမီး အများစုဟာ ပုံမှန်အစားအစာတွေကို စားသောက်ကြပေမယ့် အချို့ကတွေတော့ ပုံမှန်မဟုတ်တဲ့ အရာတွေကို စားချင်စိတ်ဖြစ်တတ်ကြပါတယ် ။ ဒါကို ချင်ခြင်းတပ်တယ် လို့ ခေါ်ကြတာပါ ။ အစားအသောက် တစ်ခုခု ကို တောင့်တနေတယ် ၊ အရမ်းစားချင်နေတယ် ဆိုတာကို craving ဖြစ်တယ်လို့ ခေါ်ကြပါတယ်။ ဒါကို သွေးတောင်းတယ် ၊ ဓာတ်ကျနေတယ် စသည်ဖြင့်လည်း မြန်မာစကားအခေါ် မျိုးစုံ ပြောတတ်ကြပါသေးတယ် ။ ဒါက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရဓာတ် တစ်ခုခု လိုအပ်နေတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ သူ့အလိုလို တောင့်တမိလာတာလို့ တချို့က ယူဆကြတယ် ။ ဒီပြဿနာက အမျိုးသားတွေမှာလည်း ရှိပါတယ်။ အမျိုးသားတွေရော ချင်ခြင်းတပ် တာ ဘာကြောင့်များပါလိမ့်။

    အမျိုးသားတွေရော ချင်ခြင်းတပ် ကြသလား

    များသောအားဖြင့်တော့ ဒီလိုအခြေအနေမျိုးကို ချင်ခြင်းတပ် တယ်လို့ ခေါင်းစဉ်တပ် ကြလေ့ရှိပါတယ် ။ ဒီလိုပုံမှန်မဟုတ်တာတွေကို စားချင်စိတ် ပေါ်တာမျိုးက အမျိုးသမီးတွေမှာ တင်မက ကလေးငယ်တွေမှာလည်း ဖြစ်တတ်ပါတယ် ။

    ဒါပေမယ့် အရမ်းထူးခြားတဲ့ အချက်တစ်ခုကတော့ ဒီလိုစိတ်မျိုးကို ယောက်ျားရင့်မာကြီးတွေမှာလည်း ဖြစ်တတ်တယ်လို့ ဆိုတာပါပဲ ။ ဒါပေမယ့် ဘာလို့ ဒီလိုဖြစ်ကြတာလဲ ။

    အမျိုးသားထုနှင့် ချင်ခြင်းတပ် ခြင်း

    ရုတ်တရက် ဆိုရင်တော့ အမျိုးသားတွေလည်း ချင်ခြင်းတပ်တယ် ဆိုတာကြီးက ထူးဆန်းနေမယ်ထင်ပါတယ်။ ဒါပေမယ့် Pica ဟာ စိတ်ရောဂါအနုစားတစ်မျိုးဖြစ်ပြီးတော့ အသက်အရွယ်မရွေး လိင်အမျိုးအစားမရွေးမှာ ပုန်းကွယ်ပြီးရှိနေနိုင်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုဆိုတာကို သင်သိလာချိန်မှာတော့ ဒါက မထူးဆန်းဘူးဆိုတာကို နားလည်လာမယ်ထင်ပါတ်ယ်။

    လေ့လာချက်တွေအရ အမျိုးသားတွေရဲ့ ထူးထူးဆန်းဆန်း သဘာဝမကျတဲ့အရာတွေကို စားသောက်ချင်စိတ် ဖြစ်ပေါ်မှုကလည်း ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကလေးတွေထက် မနည်းပါဘူးတဲ့။

    အမျိုးသားတွေဟာလည်း တခြားသူတွေလိုပါပဲ ချင်ခြင်းတပ် တဲ့အခါ မစားဖူးတာတွေကို စားချင်လာတာမျိုးအပြင် အမှိုက်တွေ၊ ဆန်တွေ၊ သဲတွေ၊ စက္ကူတွေ၊ မြေကြီးတွေ၊ ဆပ်ပြာမှုန့်တွေ၊ သစ်ရွက်တွေလိုမျိုး ပုံမှန်မဟုတ်တာတွေကိုလည်း စားကြတာမျိုးတွေ ရှိတတ်ပါတယ်။

    ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ချင်ခြင်းတပ်တဲ့စိတ်ကတော့ ကိုယ်ဝန်ဆောင်စဉ်မှာ ဟော်မုန်းပြောင်းလဲလာမှုကြောင့် ဆိုတာကို သိထားပေမယ့် အမျိုးသားတွေမှာ ဘာကြောင့် ဒီလိုစိတ်မျိုးဖြစ်ပေါ်လာတာလဲဆိုတာကို ရှင်းပြနိုင်စွမ်းမရှိသေးပါဘူး။ Pica ဟာ Eating Disorder တစ်မျိုးဖြစ်တယ်ဆိုတာကိုသာ သက်သေပြထားနိုင်ပါသေးတယ်။

    လက်ရှိအချိန်အထိ သိနားလည်ထားကတော့ Pica ဟာ လူ့ ကိုယ်ခန္ဓာရဲ့ ဉာဏ်ပညာကြွယ်ဝမှုပုံစံတစ်မျိုး ဆိုတာပါပဲ။ သင့်ကိုယ်ခန္ဓာဟာ သင်ဖြည့်ဆည်းလေ့မရှိတဲ့ အာဟာရအချို့ကို လိုအပ်လာချိန်မှာ မသိစိတ်ရဲ့ စေ့ဆော်မှုနဲ့ အဆိုပါအရာတွေကို စားသုံးလိုခြင်းဖြစ်လာတာလို့ ဆိုကြပါတယ်။

    ဒါပေမယ့် ဒီအချက်တွေဟာ ကိုယ်ဝန်ဆောင်တွေကို အခြေပြုပြီး လေ့လာထားတာသာဖြစ်ပြီးတော့ အမျိုးသားတွေဘာကြောင့် Pica ဖြစ်ရတယ်ဆိုတာကိုတော့ မရှင်းပြနိုင်သေးပါဘူး။

    ချင်ခြင်းတပ်တာကို ပျောက်အောင်ကုလို့လား

    ချင်ခြင်းတပ်ခြင်းဟာ တခါတရံမှာ သင့်ကျန်းမာရေးအတွက် မကောင်းပါဘူး။ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်ကို မူမမှန်တဲ့နည်းလမ်းနဲ့ ဖြည့်ဆည်းတာလို့ ဘယ်လိုပင်ဆိုနေပါစေ၊ တချို့သော စားသောက်ချင်စိတ်ဖြစ်ပေါ်နေတဲ့အရာတွေက အတော်လေးကို အဆင်မပြေတဲ့ အမယ်တွေပါဝင်နေတတ်ပါတယ်။

    ဒီလိုအခြေအနေမျိုးမှာ အရသာတူညီပြီး ကျန်းမာရေးကို မထိခိုက်စေတာမျိုး၊ အာဟာရပါဝင်မှုတူညီတာမျိုးတွေကို ပြောင်းလဲပြီး မှီဝဲစားသောက်တာမျိုး လုပ်ကြည့်သင့်ပါတယ်။

    ကိုယ်ဝန်ဆောင် အမျိုးသမီးအတော်များများဟာ ချင်ခြင်းတပ် ခြင်းတွေ ဖြစ်တတ်ပါတယ်။ များသောအားဖြင့်ကတော့ ကျန်းမာရေးကို မထိခိုက်စေပေမယ့် အစာမဟုတ်တဲ့အရာတွေကို စားချင်ပြီဆိုရင် ဆရာဝန်ကို ပြသသင့်ပါတယ်။

    ဒီလိုပါပဲ အမျိုးသားတွေ အနေနဲ့လည်း ပုံမှန် မဟုတ်တာတွေကို စားသောက်ချင်စိတ် လိုအပ်တာထက် ပိုမိုဖြစ်လာပြီဆိုရင် ကျွမ်းကျင်သူနဲ့ တိုင်ပင်ကုသတာမျိုးပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ် ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 05/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement