(၆) မောပန်းနေမယ်၊ နုံးနေမယ်
အပေါ်မှာ ပြောခဲ့သလိုပဲ ခန္ဓာကိုယ်က ရေဓာတ် ခမ်းခြောက် တဲ့အခါ သွေးထဲကနေ ယူသုံးပါတယ်။ ဒီတော့ ရေဓာတ် မလုံလောက်တော့တဲ့ သွေးတွေက ခန္ဓာကိုယ် အနှံ့ ပေးပို့ဖို့ အောက်ဆီဂျင် မရှိတော့ပါဘူး။ အောက်ဆီဂျင် နည်းတဲ့အခါ လူက အိပ်ချင်တာ၊ မောပန်းနုံးချိနေတာတွေဖြစ်စေ တတ်ပါတယ်။
(၇) အစာခြေစနစ်ပြဿနာတွေ ဖြစ်လာမယ်
ရေဓာတ် မလုံလောက်တဲ့အခါ လည်ချောင်း နဲ့ ခံတွင်းမှာ တံတွေးနဲ့ ချွဲတွေ နည်းလာပြီး အစာအိမ် အက်စစ်ကြောင့် ခန္ဓာကိုယ် အတွင်းပိုင်းမှာ ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ အဲဒီ အခါ ရင်ပူတာ၊ အစာမကြေတာတွေလိုမျိုး အဖြစ်များတဲ့ ပြဿနာတွေ ဖြစ်လာတာပေါ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။