နာရီကို ဆယ်နဲ့ချီပြီး ထိုင်နေရရင် လူက ထိုင်းမှိုင်းလေးလံပြီး ခေါင်းမူးခေါင်းကိုက်တာ၊ လေယာဉ်မူးတာ ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် တစ်နာရီခြား တစ်ခါလောက် အပေါ့အလေးထသွားတာ၊ လမ်းလျှောက်တာ၊ အကြောအချဉ်ဆန့်တာ၊ လေ့ကျင့်ခန်းလုပ်တာမျိုး လုပ်ပေးသင့်ပါတယ်။
၅။ ရေသောက်ဖို့ မမေ့ပါနဲ့။
လေယာဉ်အတွင်းက လေထုက အေးမြခြောက်သွေ့တဲ့အတွက် ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမှုပိုများနိုင်ပါတယ်။ ကိုယ်က ဆီးထသွားရမှာ ပျင်းလို့ဆိုပြီး ရေမသောက်ဘဲ နေရင် ပိုဆိုးနိုင်တာပေါ့။ ဒါကြောင့် ရေမဆာရင်တောင် အာစွတ်ရုံလေး သောက်ပေးသင့်ပါတယ်။ ရေကို အနည်းဆုံး ၁လီတာ၊ ၂လီတာလောက် ကုန်အောင်တော့ သောက်ပေးပါ။ ဆီးထသွားဖို့ မပျင်းပါနဲ့။
၆။ Skincare ကို ရိုးရိုးရှင်းရှင်းလုပ်ပေးပါ။
အပေါ်မှာ ပြောခဲ့သလိုပဲ လေထုက အေးမြခြောက်သွေ့တာကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်သာမက အရေပြားရဲ့ အစိုဓာတ်ပါ ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် အစိုဓာတ်ထိန်းခရင်မ် (Moisturizer) ၊ ကိုယ်လိမ်း လိုးရှင်း (Body Lotion) တွေ လိမ်းပေးဖို့ လိုပါတယ်။ ဒါမှမဟုတ်လည်း Sheet Mask တစ်ခု ကပ်ရင်း မျက်လုံးမှိတ် အနားယူတာမျိုး လုပ်ပေးလို့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။