သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ရယ်မောခြင်းကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

ရယ်မောခြင်းကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

ရယ်မောသူတွေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ စိတ်ဖိစီးမှုကိုဖြစ်စေနိုင်တဲ့ဟော်မုန်းကိုလျော့ကျစေနိုင်ခြင်းနဲ့သွေးပေါင်ချိန်ကိုလျော့ကျစေနိုင်တဲ့အကျိုးကျေးဇူးတွေပါဝင်သလို ဆဲလ်တွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကိုသွေးစီးဆင်းမှုနဲ့အောက်ဆီဂျင်ရောက်ရှိမှုကိုလည်း တိုးစေနိုင်ပါတယ်။ ရယ်မောခြင်းက ကြွက်သားအုပ်စုတော်တော်များများအတွက် သဘာဝလေ့ကျင့်ခန်းတစ်ရပ်လည်းဖြစ်ပါတယ်။ အဖျားရောဂါအချို့ကို ကာကွယ်ပေးနိုင်သလို ခန္ဓါကိုယ်အနှံ့မှာရှိတဲ့ရောဂါတွေကိုတိုက်ဖျက်ပေးနေတဲ့ ဆဲလ်တွေရဲ့ တုံ့ပြန်မှုကိုလည်း တိုးတက်စေနိုင်ပါတယ်။ ရယ်မောသူတွေက မှတ်ဉာဏ်စွမ်းရည်တိုးတက်သလို တီထွင်ဖန်တီးနိုင်မှုစွမ်းရည်ကိုလည်း တိုးတက်စေ နိုင်ပါတယ်။

ပိုပြီးရယ်မောနိုင်ဖို့ကြိုးစားပါ။ သုတေသီအချို့က ရယ်မောခြင်းက အကောင်းဆုံးသောဆေးဝါးတစ်ရပ်လို့ သတ်မှတ်ထားကြသလို ရယ်မောခြင်းက ခံစားချက်ကိုပိုမိုကောင်းမွန်စေပါတယ် လို့လက်ခံယုံကြည်ထားကြပါတယ်။ ရယ်လိုက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ အခြေအနေကပြောင်းလဲသွားပါတယ်။ မျက်နှာနဲ့ခန္ဓါကိုယ်က ကြွက်သားတွေကို ဆွဲဆန့်လိုက်သလိုဖြစ်သွားပြီးသွေးဖိအား နဲ့ သွေးခုန်နှုန်းကိုလည်းကောင်းမွန်စေပါတယ်။ အသက်ရှုနှုန်းပိုမြန်လာပြီး ကိုယ်တွင်း တစ်ရှုးတွေဆီကိုအောက်ဆီဂျင်တွေပိုမိုရောက်ရှိစေပါတယ်။

ရယ်မောခြင်းကနေ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်မလဲ

ရယ်မောခြင်းက လူသားအားလုံးအတွက်ဆေးတစ်လက်ပါ။ ရယ်မောခြင်းက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေကို ကျဆင်းစေပြီး၊ စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေသလို၊ ဖန်တီးနိုင်စွမ်းကိုလည်းမြင့်တက်စေတဲ့အပြင် အကျိုးကျေးဇူးတော်တော်များများကိုလည်းရရှိစေနိုင် ပါတယ်။

စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းတွေကိုလျော့ကျစေခြင်း

ရယ်မောခြင်းက ခန္ဓါကိုယ်ထဲမှာရှိတဲ့ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေကိုလျော့ကျစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေထဲက ဓါတုပစ္စည်းတွေကို အချို့သောအခြေအနေမျိုးမှာ ခန္ဓါကိုယ်အတွက်လိုအပ်ပေမယ့် အသုံးပြုစရာမရှိဘဲ ပမာဏအရမ်းများလာတဲ့အခါမျိုးမှာတော့ ကိုယ်တွင်းမှာဟော်မုန်းမညီမျှမှုကိုဖြစ်စေပြီး အပြုအမူပိုင်းဆိုင်ရာတွေမှာထိခိုက်တာမျိုးတွေရှိလာနိုင်ပါတယ်။ အဆိုပါဟော်မုန်းတွေကိုimmunosuppressant hormoneတွေလို့ခေါ်ပြီး ကိုယ်ခံအားစနစ်အတွက် အန္တရာယ်ရှိပါတယ်။ အဆိုပါဟော်မုန်းပမာဏလျော့ကျဖို့ဆိုရင် ရယ်မောဖို့လိုအပ်ပါတယ်။ ရယ်မောတာက ကျန်းမာရေးကောင်းစေသလို အကျိုးလည်းရှိစေပါတယ်။

ကျန်းမာရေးကောင်းစေတဲ့ဟော်မုန်းတွေကို တိုးစေနိုင်ခြင်း

ဟော်မုန်း အကျိုးသက်ရောက်မှုရဲ့ကောင်းတဲ့အချက်တစ်ရပ်ကတော့ ရယ်မောခြင်းကြောင့် ခန္ဓါကိုယ်တွင်းကendorphins နဲ့ neurotransmitter တို့လိုမျိုး အကျိုးပြုဟော်မုန်းအရေအတွက်ကို တိုးစေတာဖြစ်ပါတယ်။ ကိုယ်တွင်းမှာendorphins တိုးလာတာက နာကျင်မှုကိုလျော့ပါးသက်သာစေနိုင်သလို နာကျင်မှုဆီကနေ အာရုံလျော့စေပါတယ်။endorphinsဟော်မုန်းကဘေးထွက်ဆိုးကျိုးမရှိဘဲ နာကျင်မှုတွေကို သက်သာစေပါတယ်။neurotransmitterဟော်မုန်းတွေတိုးလာတာကလည်း ဦးနှောက်က လုပ်ငန်းဆောင်တာတွေကိုမြန်မြန်ဆန်ဆန် လုပ်ဆောင်လာနိုင်ပြီး ပိုမိုလျင်မြန်စွာချိတ်ဆက်လာနိုင်ပြီးတွေ့ကြုံနေရတဲ့ အခြေအနေတွေ နဲ့ပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းလည်းတိုးလာသလို ပိုပြီးလည်း လျင်လျင်မြန်မြန်ဖြေရှင်းလာနိုင်ပါတယ်။

ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ခြင်း

ရယ်မော်ခြင်းက ကျန်းမာစေပါတယ်။လေ့လာမှုတွေအရ ရယ်မောခြင်းက ခန္ဓါကိုယ်တွင်းမှာဟော်မုန်းပြောင်းလဲမှုကတဆင့် ခန္ဓါကိုယ်ရဲ့ ဓါတုဖြစ်စဉ်တွေကိုပြောင်းလဲစေပြီးantibody cellတွေကို ပိုမိုလျင်မြန်တဲ့နှုန်းနဲ့ ဖွံ့ဖြိုးလာစေဖို့ လှုံ့ဆော်ပေးနိုင်တယ်လို့ သိရှိရပါတယ်။antibody cellsတွေတိုးလာတယ်ဆိုတာက ဖျားနာမှုတွေကို တိုက်ဖျက်ပေးနိုင်သလို ကူးစက်ရောဂါတွေအလွယ်တကူ ကူးစက် မခံရအောင်လည်း တိုက်ထုတ်ပေးနိုင်ပါတယ်။

သဘာဝလေ့ကျင့်ခန်းတစ်ရပ်ပါ။

ရယ်မောတာက ခန္ဓါကိုယ်တွင်းမှာ ထိရောက်မှုရှိစေရုံမက ခန္ဓါကိုယ်ထဲမှာရှိတဲ့ ကြွက်သားအုပ်စုအမျိုးမျိုးအတွက်လေ့ကျင့်လုပ်ဆောင်ပေးနိုင်တဲ့ သဘာဝနည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။ ရယ်မောနေတဲ့အချိန်မှာ ခိုးခိုးခစ်ခစ်ပဲ ရယ်ရယ် ၊ တဟားဟားပဲရယ်ရယ် ရယ်မောတဲ့ လှုပ်ရှားမှုအတွက် ကြွက်သားတွေက လှုပ်ရှားရပါတယ်။ ရယ်မောနေစဉ်အတွင်း ရင်ဝမ်းခြားမြှေး နဲ့ ဝမ်းဗိုက်ကြွက်သားစနစ်တွေက ကျုံ့ လိုက်ဆန့်လိုက်လုပ်ရတာကြောင့် သဘာဝလေ့ကျင့်ခန်းတစ်ရပ်ဖြစ်ပါတယ်။ မျက်နှာကြွက်သားတွေအတွက်လည်းလေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်သွားပါတယ်။ ရယ်မောတဲ့ ပုံစံပေါ်မှာ မူတည်ပြီး ရယ်မောခြင်းကခြေထောက်၊နောက်ကျော၊ပခုံးတွေနပြ လက်မောင်းကြွက်သားတွေအပေါ်မှာပါ သက်ရောက်မှုရှိစေပါတယ်။

ကင်ဆာ ကာကွယ်ပေးနိုင်ခြင်း

ရယ်မောခြင်းက ခန္ဓါကိုယ်တွင်းကIFN (Interferon-gamma) ပမာဏကိုတိုးစေပြီး ကင်ဆာရောဂါတွေကို တိုက်ထုတ်ပေးနိုင် ပါတယ်။ IFN က B ဆဲလ်၊ T ဆဲလ်၊NK ဆဲလ်တွေနဲ့immunoglobulinတွေကိုလှုံ့ဆော်ပေးပါတယ်။ ဆဲလ်တွေကြီးထွားဖို့အတွက်လည်း လုပ်ဆောင်ပေးပါတယ်။ ဒီဒြပ်ပေါင်းတွေက ကျန်းမာတဲ့ ကိုယ်ခံအားစနစ်ကို တိုးတက်စေပါတယ်။နေ့စဉ်ရယ်မောခြင်းက ကျန်းမာစေပါတယ်။

သွေးဖိအားကိုထိန်းညှိပေးခြင်း

သွေးတိုးနေသူတွေအနေနဲ့ ရယ်မောကြည့်လိုက်ပါ၊သွေးပေါင်ချိန်ကျသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။လေ့လာမှုတွေအရ အရယ်အမောကင်းမဲ့တာကသွေးဖိအားကိုတိုးစေပြီး ရယ်မောလိုက်တဲ့အခါသွေးစီးဆင်းမှုက တိုးတက်ကောင်းမွန်သွားတာကြောင့်သွေးတိုးကျဆင်းသွားတာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ ရယ်မောတာကသွေးစီးဆင်းမှုကို တိုးတက်ကောင်းမွန်စေပြီးသွေးပေါင်ချိန်ကို ပုံမှန်အနေအထားထိကျဆင်းစေပါတယ်။သွေးဖိအားမြင့်တက်တာက နှလုံးရောဂါတွေကိုဖြစ်စေနိုင်သလို နှလုံးဆိုင်ရာရောဂါတွေကိုဖြစ်စေ နိုင်ပါတယ်။

သွေးတွင်းအောက်ဆီဂျင်ပမာဏကိုတိုးစေနိုင်ခြင်း

ရယ်မောတာက အသက်ရှုနှုန်းကိုမြန်စေပြီး အသက်ရှုစနစ်ကို ခပ်မြန်မြန်အလုပ်လုပ်စေတာကြောင့် နှလုံးခုန်နှုန်းကို ခဏတာမျှမြန်လာစေပြီး ဦးနှောက်ဆီကိုသွေးစီးဆင်းမှုပမာဏတိုးတက်စေပါတယ်။ ဦးနှောက်အတွင်းမှာ အောက်ဆီဂျင်ပမာဏတိုးလာတာက ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေပြီး ဦးနှောက်ကိုလည်း ကျန်းမာစေပါတယ်။

မှတ်ဉာဏ်ကောင်းစေနိုင်ခြင်း

ရယ်မောတာက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေနိုင်သလို မှတ်ဉာဏ်ကိုလည်းတိုးတက်ကောင်းမွန်စေပါတယ်။

စိတ်ခံစားမှုကောင်းစေနိုင်ခြင်း

လေ့လာမှုတွေအရ ရယ်မာခြင်း (သို့)ပြုံးခြင်းက စိတ်ခံစားမှုကိုတိုးတက်စေပြီးပျော်ရွှင်မှုတွေကိုလည်းတိုးပွားစေပါတယ်။ ရယ်မောခြင်းက နာကျင်မှုတွေကိုတောင်လျော့ပါးစေနိုင်တာကြောင့် စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေပါတယ်။ ရယ်ရတာကြောင့် ရယ်တာမိုးမဟုတ်ဘဲ အကြောင်းမဲ့ သက်သက်ရယ်မောခြင်းကတောင် စိတ်ခံစားမှုကိုတိုးတက်စေနိုင်ပါတယ်။

ဖန်တီးနိုင်စွမ်းကိုတိုးတက်စေနိုင်ခြင်း

ရယ်မောခြင်းက ခန္ဓါကိုယ်ရဲ့ ဓါတုလုပ်ငန်းစဉ်တွေအပေါ်မှာတော်တော်ကိုသက်ရောက်မှုရှိပါတယ်။ စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းကျဆင်းမှုနဲ့endorphinsဟော်မုန်းတိုးတက်မှု အနေအထားနှစ်ရပ်ပေါင်းစပ်လိုက်တဲ့အခါ သွေးတွင်းနဲ့ဦးနှောက်အတွင်းမှာအောက်ဆီဂျင်ပမာဏတိုးလာပြီး ဖန်တီးနိုင်စွမ်းလည်းတိုးလာပါတယ်။

ရယ်မောခြင်းရဲ့ဆိုးကျိုးများ

ကြွက်သားတွေ နာကျင်ညောင်းညာစေခြင်း

အချိန်အကြာကြီး ပင်ပင်ပန်းပန်းရယ်လိုက်ရတဲ့ အခါမျိုးမျာ ဝမ်းဗိုက်ကြွက်သားတွေနာကျင်တာမျိုးခံစားရနိုင်ပါတယ်။ ရယ်မောပြီးနောက် ခဏကြာတဲ့အထိနာကျင်နေနိုင်ပါတယ်။ အချိန်အကြာကြီးနာတာတော့မဟုတ်ပါဘူး။ ရယ်မောခြင်းက အကျိုးရှိတဲ့လေ့ကျင့်ခန်းတစ်ရပ်ပါ။

နှလုံးရောဂါအခံရှိသူတွေနဲ့ ခွဲစိတ်ကုသမှုခံယူထားသူတွေမရယ်သင့်ပါဘူး။

ပြင်းထန်တဲ့နှလုံးရောဂါလိုမျိုး ရယ်မောတဲ့အချိန်မှာ ယာယီသွေးပေါင်ချိန်မြင့်တက်မှုက အန္တရာယ်ဖြစ်စေနိုင်တာမျိုးကလွဲလို့ ရယ်မောခြင်းကြောင့် ကျန်းမာရေးကိုထိခိုက်စေနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထားတွေမတွေ့ရပါဘူး။ ဝမ်းဗိုက်မှာ ခွဲစိတ်ကုသမှုခံယူထားသူတွေအနေနဲ့လည်း ရယ်မောတဲ့အခါ ခွဲစိတ်ထားတဲ့ အနာကို သက်ရောက်မှုရှိတာမျိုးဖြစ်စေနိုင်တာကြောင့် မရယ်သင့်ပါဘူး။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

health-tool-icon

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 23/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။