၃။ အရေပြားပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်။
မွေးကင်းစကလေးတွေ မွေးစမှာ အသားဝါနေရင် မီးပြရတယ်ဆိုတာ ကြားဖူးကြတယ်မလား။ အလားတူပါပဲ။ နေရောင်ခြည်ကို အသားဝါရောဂါတွေကို ကုတဲ့နေရာမှာ သုံးကြပါတယ်။ နေရောင်ခြည်ထိတာဟာ အသားအရေကို ပျက်စီးစေတယ် အရေးအကြောင်းတွေဖြစ်စေတယ်လို့ပြောကြပေမဲ့ နှင်းခူရောဂါလိုမျိုး တချို့ အရေပြားပြဿနာတွေအတွက်တော့ ဆေးတစ်လက်ပါပဲ။
ဒါဆိုရင် နေရောင် ဘယ်လောက်ကြာကြာ ခံဖို့လိုမလဲ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး (WHO) ရဲ့ လေ့လာချက်တွေအရတော့ တစ်ကြိမ်ကို ၅မိနစ်ကနေ ၁၅ မိနစ် တစ်ပတ်ကို ၂ကြိမ်ကနေ ၃ ကြိမ် မျက်နှာ၊ လက်နဲ့ခြေထောက်တွေကို နေရောင်ထိပေးတာကအကောင်းဆုံးပါတဲ့။ နေအပြင်းဆုံးအချိန်တွေဖြစ်တဲ့ မနက် ၁၀ နာရီကနေ ညနေ၄နာရီကြားထဲမှာ ရှိတဲ့နေရောင်ကိုတော့ရှောင်ပါတဲ့။ နေရောင်ခံတဲ့ခါမှာလည်း နေရောင်ခြည်ဟာ အသားထဲကိုစိမ့်ဝင်ရမှာဖြစ်တဲ့အတွက် နေလောင်ကာဆေးကို လိမ်းထားရင်တော့ အကျိုးသက်ရောက်မှုရှိမှာမဟုတ်ပါဘူးနော်။
ဒီအချက်တွေကိုကြည့်ရင် ဘာကြောင့် ကမ်းခြေတွေဟာ လူအများစုရဲ့ အကြိုက်ဆုံးနေရာတွေဖြစ်လာတယ်ဆိုတာ ပေါ်လွင်လာပါတယ်။ နေရောင်များများထိရင် လူတွေဟာ စိတ်တွေလန်းဆန်းလာတယ်၊ ပျော်ရွှင်လာကြပါတယ်၊ စိတ်ကျရောဂါကိုပါ ကုနိုင်တယ်လို့ပြောကြတယ်။ ဒါကြောင့် နေထိရင် အသားမည်းမှာစိုးတယ်ဆိုတဲ့ တို့မြန်မာလူမျိုးတွေအတွက် နေရောင်ခြည်ဟာပျော်ရွှင်ခြင်းရဲ့ ရင်းမြစ်ဖြစ်ပါတယ်လို့ သတင်းစကားလေးပါးလိုက်ရပါတယ်။