backup og meta

မျက်နှာပေါ်က အရေးကြောင်းတွေကို ဘယ်လိုလျှော့ချမလဲ

မျက်နှာပေါ်က အရေးကြောင်းတွေကို ဘယ်လိုလျှော့ချမလဲ

ပျိုမေတို့အတွက်ပဲဖြစ်ဖြစ် မမတို့ အန်တီတို့အတွက်ပဲဖြစ်ဖြစ် မျက်နှာပေါ်မှာ အရေးကြောင်းတွေ ထနေတာမျိုးက ကြည့်ရဆိုးစေတယ်မဟုတ်လား။

ဘယ်သူမဆို ကိုယ့်မျက်နှာပေါ်မှာ အရေးကြောင်းတွေ အမည်းစက်တွေ ဝက်ခြံတွေမရှိချင်ကြပါဘူး။ အထူးသဖြင့် အရေးကြောင်းတွေဟာ အိုမင်းရင့်ရော်မှုရဲ့ လက္ခဏာလို့ လူတိုင်းက ယုံကြည်ထားကြပါတယ်။

အသက်ကြီးလာတာနဲ့အမျှ အရေးကြောင်းတွေဟာလည်း မရှောင်လွှဲနိုင်သော ကြုံဆုံလာရမယ့်အရာတွေပါ။ အရေးကြောင်းတာက အရေပြားပေါ်ရှိ အတွန့်၊ အခေါက်၊ အရစ်တွေကို ဆိုလိုတာပါ။

များသောအားဖြင့်တော့ အရေးကြောင်းတွေဟာ ၃၅ နှစ်နဲ့ ၄ဝ ကြားမှာ စတင်ပြီးပေါ်လာတတ်ပါတယ်။ အများဆုံးတွေ့နိုင်တာက မျက်နှာပေါ်မှာဖြစ်ပြီးတော့ မျက်စိ၊ ပါးစပ်၊ လည်ပင်းတဝိုက်တွေမှာပါ။ ခန္ဓာကိုယ်က အသားအရေကို တင်းရင်းစေတဲ့ ကော်လာဂျင် (collagen) နဲ့ ကျုံ့ဆန့်တစ်ရှူး (elastin) တွေထုတ်လုပ်နိုင်စွမ်းကျဆင်းလာချိန်မှာ အရေးကြောင်းတွေဖြစ်ပေါ်လာတာပါပဲ။

အရေးကြောင်းတွေ လျော့ပါးအောင်ဘယ်လို လုပ်ရမလဲ

များသောအားဖြင့် အရေးကြောင်းတွေကို တားဆီးဖို့ဆိုရင် ဆေးဝါးများသုံးစွဲကြတာများပါတယ်။ ဒါပေမယ့် သဘာဝနည်းလမ်းတွေနဲ့လည်း အရေးကြောင်းတွေကို တားဆီးလျှော့ချလို့ရနိုင်ပါတယ်။ အကြောင်းကတော့ ဆေးဝါးတွေဟာ အသုံးပြုသူရဲ့ ကိုယ်ခန္ဓာနဲ့ ဓာတ်မတည့်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။

ဒါကြောင့် အရေးကြောင်းတွေကို လျှော့ချနိုင်စေမယ့် သဘာဝနည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

  • အခြေခံ အသားအရေထိမ်းသိမ်းမှုနည်းလမ်းတွေကို စနစ်တကျလိုက်နာပါ – ဥပမာပြောရရင် နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှုတွေကို ရှောင်တာမျိုး၊ နေလာင်ခရင်မ်လိမ်းတာမျိုး၊ အဝတ်အစားကို လုံခြုံစွာ ဝတ်ဆင်တာမျိုး၊ ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကျဉ်တာမျိုး၊ Moisturizer သုံးတာမျိုးတွေပေါ့။
  • အိပ်ရေးဝဝအိပ်ပါ – လူသိများတဲ့အချက်တစ်ချက်ကတော့ အိပ်ရေးပျက်ခြင်းဟာ အရေးကြောင်းထစေတယ်ဆိုတာပါပဲ။
  • ပက်လက် အိပ်ပါ – အိပ်ရေးပျက်ခြင်းဟာ အရေးကြောင်းထစေသလို ကိုယ်နေဟန် အနေအထားမမှန်ပဲနဲ့ အိပ်စက်တာကလည်း အရေးကြောင်းထစေဖို့ တွန်းအားဖြစ်စေပါတယ်။ ပက်လက်အနေအထား အိပ်စက်တာက အကောင်းဆုံးပါ။
  • ဆယ်လ်မွန်ငါး များများစားပါ – ဆယ်လ်မွန်ငါးမှာပါဝင်တဲ့ omega-3 fatty acids က အရေးကြောင်းတွေကို တားဆီးပေးနိုင်ပြီး အရေပြားကို ကျန်းမာစေနိုင်ပါတယ်။
  • မျက်စိကို အတင်းစူးစိုက်မကြည့်ပါနဲ့ – မျက်စိအားနည်းရင် မျက်မှန်တပ်ပါ၊ အလွန်ဝေးတဲ့နေရာတွေကိုလည်း မျက်စိကို အရမ်းအားစိုက်ပြီး မကြည့်ပါနဲ့။ မျက်မှောင်ကျုံ့တာမျိုး၊ မျက်စိမှေးကြည့်တာမျိုးတွေကလည်း အရေးကြောင်းထအောင် တွန်းအားပေးပါတယ်။
  • Alpha-Hydroxy Acids (AHAs) သုံးပါ – ဒီအက်ဆစ်အမျိုးအစားပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို ရွေးချယ်သုံးစွဲသင့်ပါတယ်။ AHAs ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီးတော့ ဝက်ခြံတွေ၊ အရေးကြောင်းတွေ၊ အမည်းစက်တွေကို လျှော့ချပေးနိုင်ပါတယ်။
  • ခဏခဏ မျက်နှာ မသစ်ပါနဲ့ – မျက်နှာသစ်တာက မျက်နှာသန့်စင်ရေးအတွက် အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတစ်ခုပါ။ ဒါပေမယ့် လိုတာထက်ပိုပြီး လွန်လွန်ကဲကဲဖြစ်လာရင် မျက်နှအရေပြားရဲ့ အစိုဓာတ်နဲ့ သဘာဝအဆီထုတ်လုပ်နိုင်စွမ်းကို ထိခိုက်စေတတ်ပါတယ်။
  • ဗီတာမင် C မပြတ်မှီဝဲပါ – ဗီတာမင် C ပါဝင်တဲ့ အစားအစာတွေ ထုတ်ကုန်တွေကို ပုံမှန်မှီဝဲသုံးစွဲပေးမယ်ဆိုရင် အရေပြားကို ကျန်းမာစေမှာဖြစ်ပြီးတော့ အရေးကြောင်းဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
  • ပဲပိစပ်ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေသုံးပါ – ပဲပိစပ်ဟာ အရေပြားကို စောင့်ရှောက်ပေးနိုင်တဲ့ သဘာဝပစ္စည်းတစ်မျိုးပါ။ အရေပြားပျက်စီးမှုကိုလည်း လျှော့ချပေးနိုင်ပါသေးတယ်။
  • ကော်ဖီမသောက်ပါနဲ့၊ ကိုကိုးပြောင်းသောက်ပါ – ကိုကိုးမှာ antioxidants ၂ မျိုးပါရှိပြီး နှစ်မျိုးစလုံးက အသားအရေအတွက် ကောင်းကျိုးပေးပါတယ်။ ဆဲလ်သစ်တွေ ဖန်တီးဖို့နဲ့ အသားအရေစိုပြေစေဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/beauty/ss/slideshow-reducing-wrinkles

ယခုပုံစံ

18/10/2021

Ye Zon Aung မှ ရေးသားသည်။

Ye Zon Aung မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လည်ပင်း အသားအရေ အရောင်မညစ်စေဖို့ နည်းလမ်းကောင်း (၈) ခု

စတော်ဘယ်ရီသီး နှင့် အသားအရေလှပမှု



Ye Zon Aung မှ ရေးသားသည်။ · 18/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement