သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ဒီအလေ့အထတွေက ကျန်းမာရေးကို တကယ်ပဲအကျိုးပြုရဲ့လား

    ဒီအလေ့အထတွေက ကျန်းမာရေးကို တကယ်ပဲအကျိုးပြုရဲ့လား

    အချို့အလေ့အထတွေက ကျန်းမာရေးနဲ့ ညီညွတ်တယ်ထင်လို့ လုပ်မိနေပေမယ့် ကျန်းမာရေးအတွက် အထောက်အကူမပြုတဲ့အပြင် ဆိုးကျိုးသက်ရောက်မှုတွေတောင်ရှိစေနေပါသေးတယ်။ ဘယ်လိုအလေ့အထတွေလဲ၊ ကိုယ်တိုင်မှာရော ရှိနေလား ဆန်းစစ်ကြည့်လိုက်ပါဦး။ လေ့လာမှုတွေအရတော့ ဒီအလေ့အထတွေက ကျန်းမာရေးအတွက် အထောက်အကူမပြုနိုင်ပါဘူးတဲ့။

    ကျန်းမာရေးကို အကျိုးမပြုတဲ့အလေ့အထတွေ

    မနက်စာကို အများကြီးစားခြင်း

    ကျန်းမာချင်တယ်ဆိုရင် မနက်စာနဲ့ ညစာကိုလျှော့စားပြီး နေ့လယ်စာကို များများစားပေးပါ။ လူ့ခန္ဓာကိုယ်က အစာတွေကို အကောင်းဆုံးချေဖျက်ပေးနိုင်တဲ့အချိန်က နေ့လည် ၁၂ နာရီ နဲ့ ၁ နာရီအတွင်းပါ။ မနက်စာနဲ့ညစာကိုအများကြီးစားတာက ခန္ဓာကိုယ်ကို ဝန်ပိစေပြီး အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မနက်စာနဲ့ ညစာကိုလျှော့စားပါ။ နေ့လယ်ကို များများစားပေးပါ။

    တစ်နေ့ကို ရေ ၈ ခွက်သောက်ခြင်း

    ရေကို ဆာမှသောက်တာကအကောင်းဆုံးပါ။ ရေမဆာဘဲ တစ်နေ့ ၈ ခွက်သောက်ရမယ်ဆိုတဲ့ ပုံသေနည်းကြီး အတိုင်းမဖြစ်မနေမသောက်စေချင်တာပါ။ ရေကို အလွန်အကျွံသောက်တာက အဝလွန်တာ၊ အရေပြားပြဿနာနဲ့ အခြားသော ကျန်းမာရေးပြဿနာအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ တကယ်ကိုရေငတ်တာဆိုရင်တော့ သောက်ပါ။ ရေမဆာဘဲ တစ်နေ့ ၈ ခွက်ပြည့်အောင်သောက်မယ်ဆိုတဲ့ ဆန္ဒ နဲ့တော့မသောက်ပါနဲ့။

    အဆီတွေမစားပါနဲ့

    ခန္ဓာကိုယ်အတွက် အဆီဓာတ်က လိုအပ်ပေမယ့် အလွန်အကျွံဆိုရင်တော့ ဘာမှမကောင်းပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေဖြစ်နေရင်တောင် အများကြီးမစားပါနဲ့။ မုန်ညှင်းဆီ၊ အုန်းဆီ၊ အခွံမာသီးတွေကနေရတဲ့ အဆီတွေ၊ ထောပတ်သီးဆီတွေက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံမစားပါနဲ့။

    ပိတ်ရက်မှာ အိပ်ရေးဝဝအိပ်မယ်

    နေ့စဉ်ပုံမှန်လုံလောက်တဲ့ အိပ်စက်ချိန်လေးထားပါ။ တစ်ပတ်လုံး အိပ်ရေးပျက်ခံထားပြီး ပိတ်ရက်ကျမှ အတိုးချအိပ်မယ်ဆိုပြီး မလုပ်ပါနဲ့။ ညတိုင်း နောက်အကျဆုံးဆိုရင်တောင် ၁၀ နာရီခွဲမှာ အိပ်ရာဝင်ပါ။ မနက်တိုင်း ၆ နာရီထက်နောက်မကျဘဲထပေးပါ။ ဒါကကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်စက်မှုပုံစံတစ်ရပ်ဖြစ်တာကြောင့် အလေ့အထဖြစ်အောင် မွေးမြူပေးပါ။

    နေ့တိုင်းလေ့ကျင့်ခန်းလုပ်တာ

    နေ့တိုင်းလိုလို လေ့ကျင့်ခန်းလုပ်ဖြစ်တာကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ပြောနေတတ်ကြပါတယ်။ ဒါကအခုနောက်ပိုင်းမှာ ကျန်းမာရေးအလေ့အထတစ်ခုလို့ပြောလာကြပါတယ်။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်တာက တကယ်ရော ကျန်းမာရေးညီညွတ်ရဲ့လား။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတွေအရိုးအဆစ်တွေကို ထိခိုက်စေနိုင်သလို ကိုယ်လက်ကိုက်ခဲတာ အခန့်မသင့်ရင် ဖျားတာမျိုးအထိဖြစ်နိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    health-tool-icon

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 06/07/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: