backup og meta

ကဖင်းဓာတ်စွဲသွားစေသော စွမ်းအားဖြည့်အချိုရည်များ

ကဖင်းဓာတ်စွဲသွားစေသော စွမ်းအားဖြည့်အချိုရည်များ

ကလေးများဟာ သူတို့ကြီးပြင်းလာတာနဲ့အမျှ ဖိအားတွေ ပိုပြီး ရင်ဆိုင်လာရပါတယ်။ အလုပ်ပြီးရမယ့် သတ်မှတ်ရက်တွေ၊ ကျောင်းစာတွေ၊ စာမေးပွဲတွေ စတာတွေဟာ ကလေးတွေကို ထိုးနှက်နေပါတယ်။ ဒါကြောင့် ကဖင်းဓာတ် သုံးစွဲမှုဟာ ပိုပြီး မြင့်တက်လာပါတယ်။ ယနေ့အခါ စွမ်းအားဖြည့်အချိုရည်များ ဟာ ကလေးများကြားမှာ ရေပန်းစားနေပါတယ်။ ဒါပေမယ့် သူတို့ဟာ ကျန်းမာရေးအတွက် တကယ်ကောင်းပါရဲ့လား။

စွမ်းအားဖြည့်အချိုရည်များ ရဲ့ အာဟာရဓာတ် အချက်အလက်များ

စွမ်းအားဖြည့်အချိုရည်များ မှာ ကဖင်း၊ တော်ရင်း၊ ဗီတာမင်၊ ဆေးဖက်ဝင်အပင်များက ထုတ်လုပ်တဲ့ ဖြည့်စွက်စာများ၊ သကြားနဲ့ အချိုဓာတ်တွေ ပါဝင်ပါတယ်။ အဓိကပါဝင်တဲ့ ပစ္စည်းကတော့ ကဖင်းပါပဲ။ များသောအားဖြင့် ဒီအချိုရည်တွေမှာ ဂွာရာနာ၊ ကိုလာအစေ့၊ ယာဘာ၊ ကိုကိုး စတာတွေ ထည့်သွင်းထားတတ်ကြပါတယ်။ သုတေသနတွေအရ ဈေးကွက်ထဲက စွမ်းအားဖြည့်အချိုရည် အများစုရဲ့ ကဖင်းဓာတ် ပါဝင်မှုဟာ ၂၃၆.၅၈ မီလီလီတာမှာ ၇၀-၈၀ မီလီဂရမ် ပါဝင်တယ်လို့ သိရပါတယ်။ ဒါကြောင့် တကယ်တမ်းမှာ အာဟာရ သိပ်မဖြစ်လှပါဘူး။

စွမ်းအားဖြည့်အချိုရည်များ ၏ အကျိုးကျေးဇူးများ

ကဖင်းဓာတ် ပါဝင်မှု များပြားခြင်းဟာ လူတွေရဲ့ အလုပ် လုပ်ကိုင်နိုင်စွမ်းပေါ် အကျိုးပြုတာတွေ ရှိပါတယ်။

  • နိုးကြားခြင်း

ဦးနှောက်မှာရှိတဲ့ အဒီနိုဆင်းလက်ခံရာနေရာတွေကို ကဖင်းဓာတ် က ပိတ်ဆို့လိုက်တဲ့အတွက် ကိုယ်ခန္ဓာဟာ နှေးကွေးလေးလံသွားခြင်၊ အိပ်ပျော်သွားခြင်း မရှိပါဘူး။ နိုးကြားနေစေပါတယ်။

  • နာကျင်မှုသက်သာစေခြင်း

ရောင်ရမ်းခြင်းနဲ့ ဦးနောက်ကနေ နာကျင်မှုကို လက်ခံ သိမြင်ခြင်းကို ကဖင်းဓာတ် ကနေ လျှော့ချနိုင်ပါတယ်။

  • ခံနိုင်ရည်ရှိခြင်း

ဂလိုင်ကိုဂျင်ဟာ မောပန်းမှု မစတင်လာခင် ကြွက်သားတွေမှာ အင်အားပြည့်စေပါတယ်။

  • အာရုံကြောဆိုင်ရာကိစ္စများတွင် ကူညီပေးခြင်း

ကဖင်းဓာတ် ဟာ အယ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါ စတာတွေကို ကာကွယ်ဖြင်း၊ ဖြစ်ပေါ်မှုနှေးကွေးစေခြင်း ဖြစ်စေပါတယ်။

စွမ်းအားဖြည့်အချိုရည် တွေဟာ စွမ်းအင်၊ သက်လုံ၊ အားကစားစွမ်းဆောင်မှု၊ အာရုံစူးစိုက်မှု၊ ကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူပြုမှု စတဲ့အရာတွေမှာ တိုးတက်ကောင်းမွန်စေတယ်လို့ ယုံကြည်ကြပါတယ်။ ယနေ့အခါမှာ ဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။

စွမ်းအားဖြည့်အချိုရည်များရဲ့ ဘေးထွက်ဆိုးကျိုးများ

စွမ်းအားဖြည့်အချိုရည်တွေမှာ အာဟာရဓာတ် သိပ်မပါရုံသာမက သုံးစွဲမှုများရင် စွဲလန်းခြင်းကို ဖြစ်စေပါတယ်။ သြစတြေးလျအဆိပ်ဌာနရဲ့ စာရင်းပြုစုမှုအရ စွမ်းအားဖြည့်အချိုရည်တွေဟာ ရင်တုန်ခြင်း၊ ခြေတုန်လက်တုန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူခြင်းဆိုင်ရာ ပြသနာများ စတဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပွား စေတယ်လို့ သိရပါတယ်။

သုတေသနအချို့အရ စွမ်းအားဖြည့်အချိုရည် သောက်သုံးသူများဟာ အန္တရာယ်များတဲ့ အမူအကျင့်များဖြစ်တဲ့ ဆေးဝါးသုံးခြင်း၊ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ ရန်ဖြစ်ခြင်း၊ ကားစီးစဉ် ခါးပတ် မပတ်ခြင်း စတဲ့ အန္တရာယ်ဖြစ်စေတဲ့ အမူအကျင့်တွေကို ပိုမိုပြုလုပ်တတ်ကြတယ်လို့ ဆိုပါတယ်။ အရက်နဲ့ နီကိုတင်းဟာလည်း စွမ်းအားဖြည့် အချိုရည် သောက်သုံးသူများနဲ့ ပိုမိုနီးစပ်ပါတယ်။

ဒါ့အပြင် အချိုရည်တွေမှာ သကြားဓာတ်အများအပြား ပါဝင်တာကြောင့် ကလေးများရဲ့ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေပါတယ်။ ကလေးငယ်တွေကို အဝလွန်ပြီး ဆီးချိုရောဂါဖြစ်စေနိုင်မယ့် အချိုဓါတ်တွေ ပါဝင်ပါတယ်။ သကြားစားသုံးမှုဟာ ကလေးငယ်များရဲ့ သွားတွေကို ပျက်စီးစေပါတယ်။ စွမ်းအားဖြည့်အချိုရည် ထုတ်လုပ်သူများက သောက်သုံးခြင်းကြောင့် ဘေးမဖြစ်နိုင်ကြောင်း ကြော်ငြာကြပေမယ့် အလွန်အကျွံသောက်ရင် ကိုယ်ခန္ဓာကို ထိခိုက်စေပါတယ်။

သင့်တော်တဲ့ မျှတခြင်း

လူတဦးရဲ့ နေ့စဉ် ကဖင်းသောက်သုံးသင့်တဲ့နှုန်းဟာ ၂၅၀ မီလီဂရမ် ရှိတယ်လို့ သိရပါတယ်။ အဲဒီနှုန်းဆိုရင် သွေးပေါင်ချိန် မြင့်တက်ခြင်း မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အညွှန်းတံဆိပ်တွေဟာ စိတ်မချရပါဘူး။ သင့်ကလေးတွေကို စွမ်းအားဖြည့်အချိုရည်တွေ အတော်အသင့်ပဲ သောက်စေပြီး လိုတာထက် ပိုသောက်ရင် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပြောပြထားရပါမယ်။ သောက်သုံးနေကြဆိုရင်လည်း ရုတ်တရက်ရပ်တန့်ရင် ခေါင်းကိုက်တတ်တာမို့ ဖြည်းဖြည်းချင်းပဲ လျှော့ချပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Energy Drinks for Caffeine Fix? http://mypositiveparenting.org/2014/08/02/energy-drinks-for-caffeine-fix/ Accessed March 30, 2017

Energy Drinks. https://www.caffeineinformer.com/category/energy-drink-brands/ Accessed March 30, 2017

Non-Alcoholic Beverages & Health. https://www.sharecare.com/health/non-alcoholic-drinking/article/top-caffeine-fixes/ Accessed March 30, 2017

ယခုပုံစံ

27/10/2022

Dr. Thant Zin မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စွမ်းအားဖြည့်အချိုရည် (Energy Drinks) တွေ မသောက်ရမနေနိုင်ဖြစ်နေသလား

စွမ်းအားဖြည့် အချိုရည်တွေ ကောင်းသလား။ ဆိုးသလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thant Zin မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement