သတ္ထုပြားတွေ၊ စက်လှေခါး လက်ကိုင်တန်းတွေ၊ သတ္ထုတန်းတွေ၊မော်တော်ယာဉ်၊ ကိုယ်ထည်တွေ၊ ရေကူးကန် လက်ကိုင်တန်းတွေ၊ လက်ကိုင်ဘုတွေကို ကိုင်တွယ်ရင်း ဓာတ်လိုက်သလို ကျဉ်ခနဲ ခံစားဖူးပါသလား။
ထွက်မှာ သေချာပြီလား။
သတ္ထုပြားတွေ၊ စက်လှေခါး လက်ကိုင်တန်းတွေ၊ သတ္ထုတန်းတွေ၊မော်တော်ယာဉ်၊ ကိုယ်ထည်တွေ၊ ရေကူးကန် လက်ကိုင်တန်းတွေ၊ လက်ကိုင်ဘုတွေကို ကိုင်တွယ်ရင်း ဓာတ်လိုက်သလို ကျဉ်ခနဲ ခံစားဖူးပါသလား။
တကယ်လို့ အဲ့ဒီလို ကြုံခဲ့မယ်ဆိုရင် ဒီလိုဖြစ်စေတဲ့ အဓိက လက်သည်ဟာ တည်ငြိမ်လျှပ်စစ်ရဲ့ သက်ရောက်မှုကြောင့် (Effects of Static Electricity) ဆိုတာ သိထားဖို့လိုအပ်ပါတယ်။
Static Shock ဟာ Electric Shock အမျိုးအစားတွေထဲက အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ Static Shocks ဟာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတစ်ခုသာ ဖြစ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့်တော့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့ ပြဿနာမျိုး မဟုတ်ပါဘူး။
လျှပ်စစ်လှိုင်းတွေ ခုန်ကူးမှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝအလျောက် ဓာတ်လိုက်မှု အသေးစား တစ်မျိုးပါ။ ဒါပေမယ့် ဘာမှမဖြစ်နိုင်ဘူးဆိုပြီး ပေါ့လျော့လို့တော့ မရပါဘူး။ တစ်ခါတစ်ရံ ပြင်းထန်တဲ့အခါမျိုးမှာ ထိခိုက်ဒဏ်ရာ ရတာမျိုးတွေ ဖြစ်နိုင်ခြေ အနည်းငယ် ရှိတာကြောင့်ပါ။
ယေဘုယျအားဖြင့် လျှပ်စစ် (Electricity) မှာ တည်ငြိမ်လျှပ်စစ် (Static Electricity) နဲ့ ရွေ့လျားလျှပ်စစ် (Current Electricity or Dynamic Electricity) ဆိုပြီး ပုံစံ နှစ်မျိုးရှိပါတယ်။
Static Electricity တစ်နေရာထဲမှာ တည်ငြိမ်ပြီး ပွားများစေတတ်တဲ့ သဘောဆောင်တဲ့ လျှပ်စစ်ဓာတ် တစ်မျိုးပါ။ တစ်နေရာထဲမှာ တည်ငြိမ်စွာ စုစည်းနေပြီး ရုတ်တရက် ပေါ်ထွက်လာတတ်တဲ့အတွက် အမှုမဲ့၊ အမှတ်မဲ့နဲ့ အန္တရာယ်ရှိတတ်တဲ့ လျှပ်စစ်ဓာတ်မျိုးပါ။ Static Shocks ကိုဖြစ်စေတဲ့ အရာလည်း ဖြစ်ပါတယ်။
Static Electricity ဆိုတဲ့ တည်ငြိမ်လျှပ်စစ်တွေကို ဖြစ်စေတဲ့ အကြောင်းအရင်းက အရာဝတ္တုတွေ တစ်ခုနဲ့ တစ်ခု ပွတ်တိုက်မှုကြောင့်ပါ။ အရာဝတ္ထုတစ်ခုခုကို ပွတ်တိုက်ပြီး လက်နဲ့ကပ်ကြည့်ရင် လက်ကအမွေးလေးတွေ ထောင်လာတာတတ်တယ်မဟုတ်လား။ အဲ့ဒီသဘောပါပဲ။
အရာဝတ္တုတွေပွတ်တိုက်ချိန်မှာ ထွက်ပေါ်လာတဲ့ Proton နဲ့ Electron တွေဟာ တစ်နေရာကနေ တစ်နေရာ၊ အခြားအရာဝတ္တုဆီကို ခုန်ကူးသွားကြပါတယ်။ ဒါကိုတော့ Electric Discharge ဖြစ်တယ်လို့ခေါ်ဆိုပါတယ်။ ဒီ Electric Discharge ကပဲ တစ်စုံတစ်ခုကို ထိမိလိုက်ချိန်တွေမှာ နာခနဲ ကျဉ်ခနဲ ဓာတ်လိုက်သလို ခံစားရစေတာပါ။
နောက်ပြီး Static Shocks ဟာ သတ္ထုပစ္စည်းတွေကို ကိုင်တွယ်တာသာမက တစ်ခါတစ်ရံမှာ လူအချင်းချင်းကိုင်တွယ်ထိတွေ့ရင်လည်း ဖြစ်နိုင်ပါတယ်။
လေ့လာချက်တွေအရဆိုရင် Static Shock ဟာ နေရောင်နဲ့လည်း တိုက်ရိုက်သက်ဆိုင်တတ်တာမို့ ညနေခင်းတွေနဲ့ ညဘက်တွေမှာဆိုရင် မဖြစ်ပေါ်တတ်ဘူးလို့ ဆိုပါတယ်။ အဲ့ဒီအချိန်တွေမှာ လူမှာ နေရဲ့ စွမ်းအင် နည်းပါးနေတတ်တာကြောင့်ပါ။
နောက်ပြီး အဝတ်အထည်၊ ပတ်ဝန်းကျင်နဲ့ ရာသီဥတု အခြေအနေတွေပေါ် မူတည်ပြီးတော့လည်း ဖြစ်နိုင်ခြေရှိပါတယ်။ တချို့သော ရှားပါးတဲ့ အခြေအနေတွေမှာ သစ်သီးဝလံတွေနဲ့ ငွေကြေး၊ စက္ကူစတာတွေကနေတဆင့်လည်း Static Shock ရနိုင်ပါတယ်။
အထက်မှာပြောခဲ့သလိုပဲ Static Shock ဟာ အန္တရာယ်မများပါဘူး။ ဒါပေမယ့် ခဏခဏဖြစ်နေမယ်ဆိုရင်တော့ မကောင်းတဲ့ အကျိုးဆက် တချို့ရှိလာနိုင်ပါတယ်။
ဒါပေမယ့် တစ်ခါတစ်ရံ ပြင်းထန်တတ်ပြီးတော့ အလွန်အမင်း နာကျင်တာ၊ သတိလစ်တာ၊ ဦးနှောက်ထိခိုက်တာ၊ စိတ်ဖိစီးတာ၊ ပူပင်စိတ်များတာ၊ စရိုက်လက္ခဏာပြောင်းတဲ့ စိတ်ဝေဒနာစွဲကပ်တာ၊ အသက်ရှူကြပ်တာ၊ ရင်ဘတ်အောင့်တာ၊ ပုံမှန်မဟုတ်တဲ့ နာကျင်မှုဝေဒနာခံစားရတာ နဲ့ Arachnoiditis ဆိုတဲ့ ခန္ဓာကိုယ်အပြင်းအထန်နာကျင်တဲ့ ရောဂါ စွဲကပ်တာတွေ ဖြစ်နိုင်ခြေရှိပါတယ်။
ကိုယ်က မကြာခဏ Static Shock ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုရင် မကြာခဏ မြေကြီးကို ခြေဗလာနဲ့ နင်းပေးပါ။ ၃ မိနစ်ကနေ ၅ မိနစ်ဝန်းကျင်အထိလောက်အချိန်ယူသင့်ပါတယ်။
နောက်ပြီး အဝတ်အစားဝတ်ဆင်ရာမှာလည်း နိုင်လွန်ချည်ထည်လိုအသားမျိုး၊ သိုးမွှေးလိုအသားမျိုးနဲ့ ဖန်တီးထားတဲ့ အဝတ်အထည်တွေကို ရှောင်ကြဉ်ပါ။
အကြွေစေ့လို၊ သံထည်ပစ္စည်းလိုအရာလေးတွေ ဆောင်ထားပါ။ အကြွေစေ့လေးတချို့ ဆောင်ထားပါ။ ကိုယ့်ကို Static Shock ဖြစ်စေမယ်ထင်တဲ့နေရာတွေကို အရင် အကြွေစေ့လေးနဲ့ အရင် တို့ထိလိုက်ရင် Discharge က အကြွေစေ့ဆီကို ခုန်ကူးသွားမှာမို့ပါ။
မော်တော်ယာဉ်အသုံးပြုသူတွေအနေနဲ့ တစ်ခါတစ်ရံမှာ Static Shock ကနေတဆင့် Electric Discharge ဖြစ်ပြီး မော်တော်ယာဉ် မီးလောင်တာမျိုးအထိ ဖြစ်နိုင်တာကို သတိထားပါ။
Static Shock ဟာ အလွန်အမင်း အန္တရာယ်များတဲ့ ပြဿနာတစ်ခု မဟုတ်ပေမယ့် သတိမမူရင်တော့ ဘေးထွက်ဆိုးကျိုး တချို့ ကြုံရနိုင်တာမို့ သတိပြုသင့်တဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။