မျက်လုံးပွင့်တာနဲ့ ဖုန်းကိုင်ပြီး အွန်လိုင်းတက်တာ တကယ်ကိုဆိုးတဲ့အကျင့်ပါ။ အလုပ်အရမ်းများလို့ အီးမေးလ်စစ်ရတယ်ထား။ ခဏပဲအမြန်စစ်ပြီးပြန်ပိတ်သင့်ပါတယ်။စောစောစီးစီး ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ လုံးလည်လိုက်နေတာဟာ စိတ်ကြည်လင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အိပ်ချိန်၊ နိုးချိန်တဝိုက်မှာ ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ အဆက်ဖြတ်ထားတာကောင်းပါတယ်။
(၆) ပြဿနာတွေအကြောင်း တွေးနေတာ
အိပ်ရာနိုးတာနဲ့ ကိုယ်ဖြေရှင်းဖို့ ရှိနေတဲ့ သို့မဟုတ် ပြီးခဲ့တဲ့ နေ့က ပြဿနာတွေ အကြောင်း ခေါင်းထဲ ရောက်လာတာက နေ့သစ်တစ်ရက်အတွက် အဆိပ်အတောက် ပါပဲ။ အရင်ဆုံး ခေါင်းထဲမှာ ရှင်းပစ်ပြီး ကြည်ကြည်လင်လင် နိုးထပါ။ ခွန်အားသစ်တွေနဲ့ နိုးထလာပြီးမှ ရှေ့ဆက်ဖို့ အစီအစဉ်တွေ စတင်ပါ။ မတွေးလို့ မဖြစ်ဘူး ဆိုရင်တော့ အရေးကြီးဆုံး ဖြစ်တဲ့ ကိစ္စတွေကို စာရင်းလုပ်ပြီး စီထားလိုက်ပါ။
ကော်ဖီနဲ့မုန့် ဆိုပြီး မနက်စာစားလိုက်တာ အဆီများ၊ အချိုများတဲ့ မုန့်တွေ ဖြစ်နေရင် အာဟာရကနည်းပြီး အဝလွန်ဖို့ အားပေးရာရောက်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို တိုးစေပြီး လူက လှုပ်ရှားရ ပင်ပန်း၊ စိတ်ဆတ်၊ ဆာလောင်လွယ်မယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။