အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

Scurvy (ဗီတာမင်စီချို့တဲ့ခြင်း (စကာဗီ))

အဓိပ္ပါယ်ဖွင့်ဆိုချက်Scurvy (ဗီတာမင်စီချို့တဲ့ခြင်း (စကာဗီ)) ကဘာလဲ။ ဗီတာမင်စီချို့တဲ့ခြင်းကို စကာဗီလိုခေါ်ပါတယ်။ ထိုရောဂါဟာ သွေးအားနည်းခြင်း၊ ခြေလက်များတွင်နာကျင်ခြင်း၊ ခန္ဓါကိုယ်အချို့နေရာများတွင် ရောင်ရမ်းခြင်း၊ သွားဖုံးများတွင် သွေးထွက်ခြင်းနှင့် သွားများကျွတ်ခြင်းတို့အထိ ဖြစ်သွားစေနိုင်ပါတယ်။ Scurvy (ဗီတာမင်စီချို့တဲ့ခြင်း (စကာဗီ)) က ဘယ်လောက်အဖြစ်များသလဲ စကာဗီဆိုတာဟာ ရှေးဂရိခေတ်နဲ့ အီဂျစ်ခေတ်ကတည်းက သိရှိခဲ့ကြတာ ဖြစ်ပြီး ၁၅ရာစုကနေ ၁၈ရာစုအတွင်းမှာတော့ သင်္ဘောသားတွေမှာ လုံလောက်တဲ့ လတ်လတ်ဆတ်ဆတ်အစားအစာတွေ မရှိတာကြောင့် အဖြစ်များတတ်ပါတယ်။ သေကြတာများပါတယ်။ ၁၈၄၅ အိုင်ယာလန်အငတ်ဘေးနဲ့ အမေရိကန်ပြည်တွင်းစစ် အတွင်းမှာလည်း စကာဗီဖြစ်ပွားသွားပါတယ်။ ၂၀၀၂ခုနှစ် အာဖကန်နစ်စတန်မှာဖြစ်သွားတာကတော့ မကြာသေးပါဘူး။ ယခုခေတ်မှာတော့ စကာဗီဟာ တော်တော်လေးကို ရှားသွားပါပြီ။ အထူးသဖြင့် အစားအသောက်လုံလုံလောက်လောက်ရရှိနေတဲ့ နိုင်ငံတွေမှာ မရှိသလောက်ရှားနေပါပြီ။ ဒါပေမယ့်လည်း ဗီတာမင်စီမျှတစွာ မစားသောက်တဲ့သူတွေမှာတော့ ဖြစ်နိုင်ပါသေးတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများScurvy (ဗီတာမင်စီချို့တဲ့ခြင်း (စကာဗီ)) […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ှReye's syndrome (ရိုင်းစ် ဆင်ဒရုန်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Reye’s syndrome (ရိုင်းစ် ဆင်ဒရုန်း) ကဘာလဲ။ Reye’s syndrome ဆိုတာဟာ ရှားပါးပေမယ့် ပြင်းထန်တဲ့ ရောဂါတမျိုးဖြစ်ပြီး အသည်းနဲ့ ဦးနှောက်တို့ကို ရောင်ရမ်းဖောင်းကားစေပါတယ်။Reye’s syndrome ဟာ တုပ်ကွေး ဒါမှမဟုတ် ရေကျောက်ကဲ့သို့သော ဗိုင်းရပ်စ်ပိုးကူးစက်ရောဂါတွေကနေ ပြန်ကောင်းလာတဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အများဆုံး ဖြစ်ပွားလေ့ရှိပြီး စိတ်ရှုပ်ထွေးခြင်း၊တက်ခြင်း၊သတိလစ်ခြင်း အစရှိသော ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာရင်တော့ အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။Reye’s syndrome ကို စောစောသိ၊စောစောကုနိုင်ရင်တော့ ကလေးငယ်ရဲ့ အသက်ကို ကယ်တင်နိုင်မှာပါ။ Reye’s syndrome နဲ့ အက်စ်ပရင်ဆေးတို့အကြားမှာ ဆက်စပ်မှု တစုံတရာရှိနေတာကြောင့် ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ ဒီဆေးကို သတိထားပြီး သုံးစွဲသင့်ပါတယ်။ အသက်နှစ်နှစ်အထက် ကလေးတွေမှာ အက်စ်ပရင်ဆေးပြားကို အသုံးပြုနိုင်တယ်ဆိုပေမယ့် ရေကျောက် ဒါမှမဟုတ် တုပ်ကွေးလက္ခဏာတွေကနေ ပြန်ကောင်းလာတဲ့ ကလေးငယ်နဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Serotonin syndrome (ဆီရိုတိုနင် ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Serotonin syndrome (ဆီရိုတိုနင် ရောဂါစု) ကဘာလဲ။ ဦးနှောက်ဆဲလ်တွေနဲ့ အခြားအာရုံကြောအဖွဲ့အစည်းဆဲလ်တွေကို အချင်းချင်းဆက်သွယ်ရာမှာ ခန္ဓါကိုယ်ကထုတ်ပေးတဲ့ကယ်မီကယ်တစ်ခုဖြစ်ပါတယ်။ ဆီရိုတိုနင်ဦးနှောက်ထဲမှာအရမ်းနည်းခြင်းက စိတ်ဓါတ်ကျခြင်းမမှာအဓိကကျပါတယ်။ အရမ်းများခြင်းက နာဗ်ဆဲလတွေအရမ်းတက်ကြွစေပြီး ဆီရိုတိုနင်ရောဂါစုလို့ခေါ်တဲ့ သေစေန်ုငလောက်တဲ့လက္ခဏာအစုအဝေးကြီးကိုဖြစ်စေပါတယ်။ Serotonin syndrome (ဆီရိုတိုနင် ရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်ထပ်မံသိရှိလိုပါက ဆရာဝန်နှင့်ဆွေးနွေးပါ။ လက္ခဏာများSerotonin syndrome (ဆီရိုတိုနင် ရောဂါစု) ရဲ့လက္ခဏာတွေကဘာတွေလဲ ဆီရိုတိုနင် ရောဂါစု ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဆီရိုတိုနင် ရောဂါစု ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့- မရေမရာဖြစ်ခြင်း ဂဏှာမငြိမ်ခြင်း ခေါင်းကိုက်ခြင်း သွေးပေါင်ချိန်ကိုယ်ပူချိန်အပြောင်းအလဲရှိခြင်း မူးဝေခြင်း ပျို့အြန်ခင်း ဝမ်ေးလျှာခြင်း နှလုံးခုန်နှုန်းမြန်ခြင်း တုန်ြခ်ငး ကြွက်သားများပေါင်းစည်းလုပ်ဆောင်နိုင်စွမ်းမရှိတော့ခြင်း၊ ကြွက်သားများတွနြေ့ဲခင်း ချမ်းတုန်ခြင်း၊ ကြက်သီးထခြင်း ချွေးထွက်များခြင်း ပိုပြီးပြင်းထန်တဲ့အခြအနေတွေမှာ အသက်အန္တရယ.်ပေးနိုင်ပါတယ်။ ဒီလက္ခဏာတွေထဲက တစ်ခုခုခံစားနေရမယ်ဆိုရင် ချက်ချင်းဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ အဖျားကြီးခြင်း တက်ခြင်း နှလုံးခုန်မမှန်ခြင်း သတိလစ်ခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင်ဆေးအသစ်သောက်တဲ့အခါမျိုးမှာ ဒါမှမဟုတ်သောက်နေကျဆေးကိုပမာဏတိုးလိုက်တဲ့အခါမျိုးမျာ ဆီရိုတိုနင်ရောဂါစုရှိနေပြီလို့ သံသယရှိနေပြီဆိုရင် ဆရာဝန်နဲ့ချက်ချင်းပြသပါ ဒါမှမဟုတ်အရေးပေါ်ခန်းကိုချက်ချင်းသွားပါ။ ဆိုးဆိုးရွားရွားလက္ခဏာတွေ ပြင်းထန်လာရင်ဒါမှမဟုတ် ရုတ်တရက်ပိုဆိုးလာတယ်ဆိုရင် ချက်ချင်းကုသမှုခံယူသင့်ပါတယ်။ အကြောင်းရင်းများSerotonin […]


ရောဂါလက္ခဏာများ

Shock Hypovolaemic (သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Shock Hypovolaemic (သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း) ကဘာလဲ။ ခန္ဓါကိုယ်တွင်းသွေးထုထည်၂၀ရာခိုင်နှုန်းထက်ပိုပြီး ဆုံးရှူးံသွားခြင်းကြာင့်ဖြစ်ပါတယ်။ ရှော့ခ်ရခြင်းကနေ အသက်အန္တရာယ်ပေးနိုင်ပါတယ်။ ပြင်းပြင်းထန်ထန်အရည်ဓါတ်ဆုံးရှုံးငြခ်းကြောင့် နှလုံးကနေ သင့်ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီ သွေးလုံလုံလောက်လောက်မပို့ပေးနိုင်ပါဘူး။ ရလဒ်အနေနဲ့ အင်္ဂါအစိတ်အပိုင်းတွေပျက်စီးသွားခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အရေးပေါ်ကုသမှုလိုအပပ်ါတယ်။ Shock Hypovolaemic (သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်အများဆုံးရှော့ခ်ရခြင်းများထဲမှ တစ်ခုဖြစ်ပါတယ်။ အရမ်းငယ်လွန်းတဲ့ကလေးတွေနဲ့ အသက်ကြီးသူတွေမှာ ဖြစ်နိုင်ချေအများဆုံးဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများShock Hypovolaemic (သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အရည်သို့သွေးဆုံးရှူံးမှုပမာဏပေါ်မူတည်ပြီး ကွဲပြာနိုင်ပါတယ်။ လက္ခဏာတွေအားလုံးက အသက်အနဍ္ဍတရယ်စိုးရိမ်ရပြီး အရေးပေါ်ကုသမှုလိုအပ်ပါတယ်။ အတွင်းကလီစာတွေသေါးယိုတဲ့အခြေအနေတွေမှာ ရှော့ခ်ရခြငးလက္ခဏာမပြမချင်း ရောဂါသိနိုင်ဖို့ ခက်ပါတယ်။ ပြင်ပသွေးထွေက်ခြင်းကတော့ မြင်သားပါတယ်။ သိပ်မဆိုးရွားမပြင်းထန်တဲ့လက္ခဏာတွေကတော့ ခေါင်းကိုက်ခြင်း မောပန်းနွမ်းနယ်ခြင်း မူဝေခြင်း ချွေးထွက်များခြင်း မူးဝေခြင်း ပြင်းထန်ပြိး အရေးပေါ်ကုငသမှုချက်ချင်းကုခံယူဖို့လိုတဲ့ လက္ခဏာတွေကတော့ အသားများအေးစက်လာခြင်း အရေပြားဖျော့တော့ခြငး အသက်ရှူမြန်ခြင်း တိမ်ခြင်း နှလုံးခုန်နှုန်းမြန်ခြင်း ဆီးနည်းခြင်း ဆီးမသွားခြင်း မရေမရာဖြစ်ခြင်း အားနည်းခြင်း သွေးခုန်နှုန်းမျှင်းခြင်း နှုတ်ခမ်းနဲ့လည်သည်းများပြာင်င်း လစ်ဟာဟာဖြစ်ခြင်း သတိမေ့သါားခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး […]


အခြေခံကျန်းမာရေး

Sjogren Syndrome (ရှိုးဂရန်းရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Sjogren Syndrome (ရှိုးဂရန်းရောဂါစု) ကဘာလဲ။ ရှိူးဂရန်းရောဂါစုဆိုသည်မှာ ပါးစပ်နှင့်မျက်လုံးများတွင် စိုစွတ်မှုရှိနေရန် သွားရည်နှင့် မျက်ရည်တို့ကိုထုတ်ပေးသည့်အကျိတ်များအား မိမိ၏ခုခံအားစနစ်မှ ပြန်လည်တိုက်ခိုက်နေသော ရောဂါတစ်မျိုးဖြစ်သည်။ ထို့ကြောင့်ရှိုးဂရန်းဖြစ်နေသောသူ၏မျက်လုံးနှင့် ပါးစပ် တွင် လုံလောက်သောစိုစွတ်မှုများမရှိပေ။ Sjogren Syndrome (ရှိုးဂရန်းရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ မည်သည့်အသက်အရွယ်တွင်မဆိုဖြစ်ပွားနိုင်သော်လည်း ဆရာဝန်များ၏တွေ့ရှိချက်အရ ဖြစ်ပွားသူအများစုမှာ အသက်40ကျော်များဖြစ်ကြသည်။ ထို့ပြင် အမျိုးသမီးများတွင် ပို၍ဖြစ်ပွားတတ်သည်။ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများSjogren Syndrome (ရှိုးဂရန်းရောဂါစု) ရဲ့လက္ခဏာတွေကဘာတွေလဲ ရှိုးဂရန်းရောဂါစု ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ရှိုးဂရန်းရောဂါစုရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ မျက်လုံးများခြောက်ကပ်ခြင်း မျက်လုံးများပူစပ်ခြင်း၊ယားခြင်း(သို့) စမ်းကြည့်ပါက မာတင်းတင်းဖြစ်နေခြင်း ပါးစပ်များခြောက်ကပ်ခြင်း သင်၏ပါးစပ်သည် ဝါဂွမ်းများအပြည့်ငုံထားသကဲ့သို့ မျိုရခက် စကားပြောရခက်ဖြစ်နေစေသည်။ ပို၍ပြောရလျှင်ထိုလက္ခဏာများအပြင် အချို့လူများတွင် အောက်ပါ လက္ခဏာတခု (သို့) တခုထက်ပို၍ရှိနေတတ်သည်။ အဆစ်အမြစ်များရောင်ခြင်း၊နာခြင်း၊တောင့်ခြင်း သွားရည်ထုတ်အကျိတ်များရောင်ရမ်းခြင်း အထူးသဖြင့် မေးရိုး၏အနောက်နှင့် […]


ရောဂါလက္ခဏာများ

Kawasaki Disease (Kawasaki ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Kawasaki Disease (Kawasaki ရောဂါ) ကဘာလဲ။ Kawasaki ရောဂါဟာ သွေးကြောတွေကို ထိခိုက်စေတဲ့ ရောဂါတမျိုး ဖြစ်ပြီး ကလေးငယ်တွေမှာ ရှားရှားပါးပါး ဖြစ်ပွားတတ်ပါတယ်။ ဒါ့အပြင် Kawasaki ရောဂါဟာ ပါးစပ်၊နှာခေါင်းနဲ့ လည်ချောင်းအတွင်းဖက်မှာရှိတဲ့ အမြှေးပါးအလွှာတွေကိုလည်း ထိခိုက်စေနိုင်ပါသေးတယ်။ Kawasaki Disease (Kawasaki ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ Kawasaki ရောဂါဟာ (ဂျပန်၊ကိုရီးယားနဲ့ ထိုင်ဝမ် အပါအဝင်) အရှေ့အာရှမှာ ဆယ်ဆကနေ အဆနှစ်ဆယ်ထိ ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။ ငါးနှစ်အောက်ကလေးတွေမှာ အများဆုံး ဖြစ်ပွားလေ့ရှိပြီး ပျမ်းမျှအသက်ကတော့ နှစ်နှစ်ဖြစ်ပါတယ်။ မိန်းကလေးတွေထက် ယောက်ျားလေးတွေမှာ ပိုအဖြစ်များပါတယ်။ လက္ခဏာများKawasaki Disease (Kawasaki ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ Kawasaki ရောဂါရဲ့ လက္ခဏာတွေဟာ အဆင့်သုံးဆင့်နဲ့ ပေါ်ပေါက်လေ့ရှိပြီး ပထမအဆင့်ရဲ့ လက္ခဏာတွေကတော့ ၃၉ဒီဂရီစင်တီဂရိတ်ထက် အဖျားကြီးခြင်း၊ငါးရက်ထက် ပိုဖျားခြင်း။ မျက်လုံးများ အလွန်အမင်းနီရဲခြင်း (မျက်ဝတ်များ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Lyme Disease (Lyme ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lyme Disease (Lyme ရောဂါ) ကဘာလဲ။ Lyme ရောဂါဟာ Borrelia burgdorferi ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပြီး အဆိုပါ ဘက်တီးရီးယားပိုးကူးစက်ခံနေရတဲ့ (ခြေထောက်အမည်းရောင်ရှိတဲ့) မွှားကိုက်ခံရတာကနေတဆင့် ကူးစက်နိုင်ပါတယ်။ ဒီလို မွှားကိုက်ခံရပြီး သုံးရက်ကနေ ရက်သုံးဆယ်အတွင်းမှာ ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပြီး ကူးစက်ရောဂါအဆင့်ပေါ်မူတည်ပြီး လက္ခဏာအမျိုးမျိုး ပြလာနိုင်ပါတယ်။ မွှားကိုက်ခံရခြင်းကြောင့် Lyme ရောဂါ ရမရဆိုတာကတော့ မွှားအမျိုးအစား၊မွှားကိုက်ခံရတဲ့ နေရာဒေသ၊ခန္ဓါကိုယ်မှာ မွှားတွယ်နေတဲ့ အချိန်ပမာဏ စတာတွေအပေါ်မှာ မူတည်နေတယ်လို့ စီဒီစီ (ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန)ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။Lyme ရောဂါဖြစ်ဖို့ဆိုရင် မွှားဟာ သင့်ခန္ဓါကိုယ်မှာ အနည်းဆုံး ၂၄နာရီ ကပ်တွယ်နေရမှာ ဖြစ်ပါတယ်။ Lyme Disease (Lyme ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန (စီဒီစီ)အထိ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Congenital Adrenal Hyperplasia (မွေးရာပါ Adrenal ဂလင်းဆဲလ်အပွားလွန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Congenital Adrenal Hyperplasia (မွေးရာပါ Adrenal ဂလင်းဆဲလ်အပွားလွန်ခြင်း) ကဘာလဲ။ Adrenal ဂလင်းဆိုတာ ကျောက်ကပ်တစ်ခုစီအပေါ်မှာ ကပ်နေတဲ့ သစ်ကြားသီးပုံစံရှိတဲ့ ဂလင်းတွေဖြစ်ပြီး Cortisol နဲ့ Aldosterone ကဲ့သို့ ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ ထိုဟော်မုန်းတွေက ခန္ဓါကိုယ်ရဲ့ဇီဝရုပ်ဖြစ်ပျက်ခြင်း၊ ကိုယ်ခံအားစနစ်၊ သွေးဖိအားနဲ့ တခြားလိုအပ်တဲ့လုပ်ဆောင်ချက်တွေကို ထိန်းညှိပေးပါတယ်။ မွေးရာပါ adrenal ဂလင်းဆဲလ်အပွားလွန်ခြင်းရောဂါ ရှိသူတွေအတွက်တော့ အင်ဇိုင်းလုံလောက်မရှိဘဲ steroid ဟော်မုန်းသုံးမျိုးထဲမှ တစ်မျိုးဒါမှမဟုတ် တစ်မျိုးထပ်ပိုတဲ့ ထုတ်လုပ်ခြင်းကို ထိခိုက်စေပါလိမ့်မယ်။ Cotisol ဟော်မုန်းတွေဟာ ခန္ဓါကိုယ်ရဲ့ဖျားနာခြင်းနဲ့ ဖိစီးမှုတွေကိုတုံ့ပြန်မှုတွေကို ထိန်းချုပ်ပေးတယ်။ Aldosterone ကဲ့သို့ mineralocorticoid တွေကတော့ ဆိုဒီယမ်နဲ့ ပိုတက်စီယမ်ပမာဏတွေကို ထိန်းညှိပေးတယ်၊ testosterone ကဲ့သို့ androgen ဟော်မုန်းတွေကတော့ လိင်ဟော်မုန်းတွေဖြစ်ပါတယ်။ မွေးရာပါ adrenal ဂလင်းဆဲလ်အပွားလွန်ခြင်းရောဂါက များသောအားဖြင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Enlarged spleen (သရက်ရွက်ကြီးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Enlarged spleen (သရက်ရွက်ကြီးခြင်း) ကဘာလဲ။ သရက်ရွက်သည် နံရိုးအိမ်အောက်ဖက် ဗိုက်အပေါ်ဘယ်ဖက်မှ ကျောဖက်အထိရှိသော အင်္ဂါဖြစ်ပါသည်။ ၎င်းသည် ပြန်ရည်စနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရောဂါပိုများကိုတိုက်ထုတ်ရာ၌ စွန့်ထုတ်အင်္ဂါအဖြစ် အလုပ်လုပ်၏။ သရက်ရွက်မှထုတ်သော သွေးဖြူဥများမှာ ဘက်တီးရီးယား၊ တစ်ရှူးသေများနှင့် ပြင်ပမှပစ္စည်းများကို ငုံပြီးသွေးများနှင့်အတူ ၎င်းဆီစီးဆင်းလာကာ ဖယ်ထုတ်ပေးပါသည်။ သရက်ရွက်သည် သွေးနီဥ၊ သွေးဖြူဥ၊ သွေးမွှားဥများကို မျှတအောင်လည်း ဆောင်ရွက်ပေး၏။ သွေးမွှားဥမှာ သွေးခဲခြင်းအတွက် အရေးပါပါသည်။ သရက်ရွက်သည် သွေးမှမကောင်းသော သွေးဆဲလ်များကို စစ်ထုတ်ပေးပါသည်။ ပုံမှန်အားဖြင့် သရက်ရွက်သည် လက်သီးအရွယ်သာရှိ၏။ ပုံမှန်စမ်းသပ်ကြည့်ပါက ထိုအရာကို မစမ်းမိပါ။ သို့သော် ရောဂါများသည် ၎င်းကိုဖောင်းလာစေပြီး ပုံမှန်ထက် အဆများစွာ ကြီးလာနိုင်ပါသည်။ သရက်ရွက်မှာ လုပ်ငန်းစဉ်များစွာကို လုပ်နေရသောကြောင့် အခြေအနေအမျိုးမျိုးက ၎င်းကိုထိခိုက်စေနိုင်ပါသည်။ သရက်ရွက်ကြီးတိုင်း ပြဿနာဖြစ်နေပြီတော့မဟုတ်ပါ။ သရက်ရွက်ကြီးလာသည့်အခါ သူ့အလုပ်ကိုပုံမှန်ထက်ပိုပြီး လုပ်နေရသည်ဟု ဆိုလိုပါသည်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Factor V Leiden (ဖက်တာဖိုက်လီဒန်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Factor v leiden (ဖက်တာ ဖိုက် လီဒန်) ကဘာလဲ။ Factor V Leiden သည် Factor V ဟုခေါ်သော သွေးခဲပစ္စည်းဗီဇပြောင်းခြင်းဖြစ်ပါသည်။ ထိုဗီဇပြောင်းခြင်းသည် ပုံမှန်မဟုတ်သော သွေးခဲများ အထူးသဖြင့် သွေးပြန်ကြောများထဲတွင် ဖြစ်ပေါ်လာနိုင်ချေကိုမြင့်မားစေပါသည်။ Factor V Leiden ရှိသော လူအများစုတွင် ပုံမှန်မဟုတ်သော သွေးခဲများ ဖြစ်ပေါ်လေ့ရှိ၏။ သို့သော် တစ်ချို့တစ်ချို့တွင်သာ သွေးခဲခြင်းမှ နာတာရှည်ပြဿနာများ သို့မဟုတ် အသက်အန္တရာယ် ရှိလာခြင်းများ ဖြစ်နိုင်ပါသည်။ Factor v leiden (ဖက်တာ ဖိုက် လီဒန်) က ဘယ်လောက်အဖြစ်များသလဲ Factor V Leiden မှ Thrombophilia တွင် အဖြစ်အများဆုံး မွေးရာပါရောဂါမျိုး ဖြစ်ပါသည်။ ဥရောပအနွယ်များတွင် ၃ – ၈ % […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း