သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

အပူဒဏ် အန္တရာယ် ကာကွယ်ပါ

    အပူဒဏ် အန္တရာယ် ကာကွယ်ပါ

    ဒီရက်ပိုင်းမှာ ရာသီဥတု တော်တော်ပူလာတာကို သတိပြူမိမှာပါ ။ အထူးသဖြင့် နေလယ်နေခင်းအချိန်တွေက နေပူထဲထွက်ဖို့ မဝံ့ရဲအောင်ပါပဲ ။ စာရေးသူလို သန်သန်မာမာ လူငယ်တစ်ယောက်တောင် နေပူဒဏ်ကို ကြာကြာမခံနိုင်တဲ့အတွက် နေပူထဲမှာ သွားလာနေရတဲ့ စာဖတ်ပရိတ်သတ်အတွက် အပူဒဏ်ကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကို သတိပြုမူစေနိုင်ဖို့‌ ဒီဆောင်းပါးကို ရည်ရွယ်ပါတယ် ။

    အပူဒဏ်ကြောင့် အန္တရာယ်ရှိတဲ့ ကြွက်တက်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ ‌အပူကြောင့် သတိလစ်ခြင်း တွေဖြစ်တတ်ပါတယ် ။ အထူးသဖြင့် မြန်မာနွေက ပိုမိုပူပြင်းတတ်တဲ့အတွက် သက်ကြီးရွယ်အို ၊ ကလေးသူငယ်များအဝလွန်သူများနဲ့ အရက်သောက်တဲ့လူတွေကို ပိုမို ဂရုစိုက်ဖို့ လိုအပ်ပါတယ် ။

    အပူဒဏ်ကြောင့် မောပန်းနွမ်းနယ်ခြင်းရဲ့ လက္ခဏာတွေက

    • ကြွက်တက်ခြင်း
    • မူးဝေခြင်း
    • အသက်ရှူမြန်ခြင်း၊ နှလုံးခုန်နှုန်း မြန်ခြင်း
    • ခေါင်းကိုက်ခြင်း
    • ဂနာမငြိမ်ဖြစ်ခြင်း
    • ရေအလွန်ငတ်ခြင်း
    • အသားအရည် ဖြူဆုတ်သွားခြင်း
    • ချွေးအထွက်လွန်ပြီး မေ့လဲခြင်းတွေ ဖြစ်တတ်ပါတယ် ။

    ဒီထက်ဆိုးတဲ့ အခြေအနေကတော့ အပူကြောင့် သတိလစ်ခြင်းဖြစ်ရင်တော့ အပေါ်က လက္ခဏာတွေအပြင်

    • ကိုယ်ပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်ထက် တက်ခြင်း
    • ကယောင်ကတမ်းဖြစ်ခြင်း
    • သတိ‌မေ့မြောခြင်း
    • သွေးခုန်နှုန်း ကျသွားခြင်း
    • တက်ခြင်း
    • အရေပြား ခြောက်သွေ့ခြင်းတွေ ဖြစ်တတ်ပါတယ် ။

    ဒီအခြေအနေတွေက အရေးပေါ် ကုသမှုခံယူရမယ့် အခြေအနေဖြစ်တဲ့အတွက် ဆေးရုံကို အမြန်ဆုံးပြေးဖို့ လိုအပ်ပါမယ် ။ လမ်းမှာ လူနာက သတိလစ်ခြင်း အန်ခြင်းတွေ ဖြစ်နေရင်တော့ ရေမတိုက်သင့်ပါဘူး ။ အဖျော်ယမကာ နဲ့ ကဖင်းဓါတ်ပါတဲ့ အရည်တွေကိုလည်း ရှောင်သင့်ပါတယ် ။

    အပူကြောင့် ကြွက်တက်သူတွေအနေနဲ့

    • အရိပ်ရတဲ့နေရာမှာ နေထိုင်ပါ
    • ကြွက်တက်နေတဲ့ နေရာကို အနည်းငယ်နှိပ်နယ်ပေးခြင်း ၊ ကြွက်သားဖြေလျှော့ခြင်းတွေ လုပ်ပါ
    • sport drink သို့မဟုတ် ရေအေးအေးကို ၁၅မိနစ် တစ်ကြိမ်ခန့်သောက်ပါ

    အပူဒဏ်ကြောင့် ပင်ပန်းနေတဲ့လူနာတွေကို

    • အရိပ်ရပြီး အေးတဲ့နေရာမှာ နေထိုင်စေခြင်း
    • အဝတ်အစား ချောင်ချိအောင် ပြုလုပ်ခြင်း
    • မျက်နှာ ၊လည်ပင်း၊ ရင်ဘတ်နဲ့ ခြေလက်တွေကို ရေပတ်တိုက်ပေးခြင်း
    • ကိုယ်အေးအောင် ယပ်တောင်ခပ်ပေးခြင်း
    • ရေအေးအေးကို ၁၅မိနစ် တခါသောက်ပေးစေခြင်းတွေကို ပြုလုပ်သင့်ပါတယ် ။

    အပူကြောင့် သတိလစ်ခြင်းကတော့ အသက်အန္တရာယ်ရှိတဲ့အတွက် ဆေးရုံကို အမြန်ပြေးရပါမယ် ။ လမ်းမှာ

    • လူနာကို အဝတ်အစား ချောင်ချိတာ ဝတ်စေခြင်း
    • ချွေးထွက်နေတဲ့ အဝတ်စိုမှန်သမျှ ဖယ်ခြင်း
    • မျက်နှာ ၊လည်ပင်း၊ ရင်ဘတ်နဲ့ ခြေလက်တွေကို ရေပတ်တိုက်ပေးခြင်း
    • ချိုင်းကြား ပေါင်ကြားများ ရေခဲကပ်ပေးခြင်း
    • ယပ်တောင် ခပ်ခြင်း
    • လူနာသတိရနေလျှင် ရေ‌အေးအေး တိုက်ပေးခြင်းတွေ ပြုလုပ်သင့်ပါတယ် ။

    အပူကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့အတွက်

    • အနားယူပါ
    • အဝတ်အစား အရောင်ဖျော့‌ဖျော့ ချောင်ချောင်ချိချိ အဝတ်တွေ ဝတ်ပါ
    • ရေများများသောက်ပြီး
    • အရက်ကို ရှောင်ရှားဖို့ တိုက်တွန်းပါရစေ

    ရေးသားသူ – ဒေါက်တာအောင်ကျော်မြင့်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr. Thiha Phyo Myint မှ ရေးသားသည်။ 06/07/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: