တရားထိုင် တယ်ဆိုတာ လောကီရော လောကုတ္တရာပါ ကောင်းတဲ့အလုပ်ဆိုတာ အားလုံးသိထားကြပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီး ရှိတယ်ဆိုတာ ငြင်းစရာ မလိုပါဘူး။ ဒါပေမယ့် တရားထိုင်ရင်းနဲ့ ရုတ်တရက် အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။ ဒါလေးကိုတော့ သတိထားစေလိုပါတယ်။