ဒီတိုင်းပဲ ထားလိုက်မယ်ဆိုရင် နောက်ကျရင်
- ခါးပါ လိုက်ကုန်းတတ်ပါတယ်။
- လည်ပင်းဆစ်တွေ၊ ခါးဆစ်တွေ နာတတ်ပါတယ်။
- ကျောရိုးဆစ်ပြားတွေ ပိတာ
- ကြွက်သားတွေ အားနည်းတာ စတာတွေ ဖြစ်လာမှာပါ။
ဘယ်လိုကုသလို့ရလဲ။
သိပ်မပြင်းထန်ရင်တော့ အိမ်မှာတင် သက်သာအောင် လုပ်လို့ရပါတယ်။ အဓိကက နာတာ သက်သာအောင် လုပ်ဖို့ပါပဲ။ ဒါကြောင့်
- ခေါင်းကို ဆက်တိုက်ကြီး ငုံ့မထားပါနဲ့။ ခဏတဖြုတ် အနားယူပြီး ခေါင်းလှည့်တာ၊ ဘေးစောင်းတာ၊ အကြောလျှော့တာတွေ လုပ်ပေးပါ။
- အကြောလျှော့လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ (အထူးသဖြင့် ဦးခေါင်းပိုင်း)
- ရေခဲကပ်၊ ရေနွေးအိတ်ကပ်ပေးပါ။
- အကြောတက်တဲ့နေရာကို နှိပ်နယ်ပေးပါ။
Text neck မဖြစ်ဖို့ဆိုရင်
-
ဖုန်းသုံးတဲ့ အနေအထားကို ပြောင်းပါ။
ဖုန်းကို မျက်လုံးနဲ့ တစ်တန်းထဲ ထားပြီး သုံးပါ။ ခေါင်းငုံ့ ဒါမှမဟုတ် ခေါင်းမော့ပြီး သုံးရလောက်တဲ့ အနေအထား မဖြစ်ပါစေနဲ့။ ခေါင်းကို တည့်တည့်မတ်မတ်နေပါ။ တည့်လား မတည့်လား သိချင်ရင် နားရွက်နဲ့ ပုခုံး တစ်တန်းတည်း ဖြစ်မဖြစ် ကြည့်လိုက်ပါ။ ဖြစ်နေရင် တည့်ပါတယ်။ ဒီလိုနေမှပဲ အချိန်အကြာကြီး ခေါင်းမငုံ့မိအောင် ကာကွယ်နိုင်မှာပါ။
-
ဖုန်းကို ဆက်တိုက် မသုံးပါနဲ့။
ဖုန်းကို ဆက်တိုက်သုံးနေရင် ခေါင်းလည်း ဆက်တိုက် ငုံ့နေမိမှာပါ။ တစ်နာရီ သုံးပြီးတိုင်းမှာ အနည်းဆုံး ၂မိနစ် ၃မိနစ်လောက်တော့ အနားယူပါ။ သတိမထားမိလောက်အောက် ဆက်တိုက်သုံးနေတယ်ဆိုရင် နာရီalarm ပေးထားပါ။ Alarm မြည်တာနဲ့ ခဏရပ်ပြီး အနားယူပါ။
-
တစ်နေ့ ၁၀မိနစ်လောက် ယောဂလေ့ကျင့်ပါ။
ဇက်ကြောတက်တာ၊ ခါးနာတာတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းက ယောဂလုပ်တာပါ။ ယောဂက ကိုယ်နေဟန်ထားကို မှန်စေတယ်။ ကြွက်သားတွေကို ပြေလျော့စေတယ်။ ခန္ဓာကိုယ်ကို သတိနဲ့ ပြုပြင်လာနိုင်တယ်။ ယောဂလုပ်ကြည့်ရင် သိလာပါလိမ့်မယ်။ ကိုယ့်အကြောတွေ ဘယ်လောက်တင်းနေလဲဆိုတာ။
Text neckဖြစ်နေတယ်လို့ ယူဆရင် ဒါမှမဟုတ် နာတာရှည် ဇက်ကြောတက်နေတယ်၊ နာနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ စောစောစီးစီး ပြပါ။ စောစောကုတာက ကြွက်သားတွေနဲ့ လည်ဆစ်ရိုး ထိခိုက်တာကို သက်သာစေပြီး နောက်ဆက်တွဲတွေ မဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။