• ဒီဝေဒနာမျိုးတွေဖြစ်ပေါ်မလာဖို့အတွက် စမတ်ဖုန်း မိနစ် ၂၀ ခန့် အသုံးပြုပြီးတိုင်း ခနအနားပေးပြီး လက်မောင်းနဲ့ ပခုံးတွေကို လေ့ကျင့်ခန်း ခနလုပ်ပေးတဲ့အကျင့်မျိုး ထားရှိသင့်ပါတယ်။
• ခေါင်းကို မတ်မတ်ထားပြီး ဖုန်းအသံးပြုတာကလည်း သင့်လျော်မှန်ကန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဦးခေါင်းကို ၄၅ ဒီဂရီလောက် ရှေ့ကို ကိုင်းညွှတ်လိုက်ရင် လည်ပင်းက မူလဦးခေါင်းရဲ့ အလေးချိန် (၁၀ ပေါင်မှ ၁၂ ပေါင်) ထက် ပေါင် ၄၀ လောက် ပိုပြီးသယ်ဆောင်ထားရတတ်ပြီး ၆၀ ဒီဂရီလောက် ရှေ့ကို ကိုင်းညွှတ်လိုက်မယ်ဆိုရင် ပေါင် ၅၀ လောက်အထိ ဝိတ်ကတိုးလာပါလိမ့်မယ်။ ဒီအချက်တွေဟာ Text Neck Syndrome ဖြစ်ဖို့ တွန်းအားပေးတဲ့ အချက်တွေဖြစ်ပါတယ်။
• ဖုန်းသုံးနေချိန်မှာလည်း ကိုယ်ကို အလွန်အမင်းကိုင်းပြီး ဖုန်းနဲ့မျက်နှာနဲ့ အလွန်အမင်းကပ်ပြီး မသုံးသင့်ပါဘူး။ Text Message ပို့ချိန်တွေ Social Media က Noti တွေကို ဖတ်ရှုတာမျိုးတွေပြုလုပ်ချိန်တွေမှာ ဖုန်းကို သင့်လျော်တဲ့ အကွာအဝေးတစ်ခုမှာ ထားပြီး ဖတ်ရှုသင့်ပါတယ်။ လူတစ်ယောက်ဟာ ခါးကို မတ်မတ်ထားပြီး ဖုန်းကို မျက်နှာနဲ့ အနည်းဆုံး ၁၆ လက်မအကွာမှာ ထားဖို့သင့်ပါတယ်။ လူအများအပြားရဲ့ ပျမ်းမျှ မျက်နှာနဲ့ ဖုန်းအကြားထားရှိတဲ့ အကွာအဝေးဟာ ၈ လက်မဖြစ်ပြီး ဒါဟာ အလွန်အန္တရာယ်များတဲ့ အပြုအမူမျိုးဖြစ်ကာ Text Neck Syndrome ဖြစ်နိုင်ချေမြင့်မားစေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။